ဖိလစ်ပိုင်နိုင်ငံမှာ အဆောက်အဦးတစ်ခု မီးလောင်ကျွမ်းခဲ့ပြီး အနည်းဆုံးလူ(၁၁)ဦး သေဆုံး

 439

Pika (NP News) - သြဂုတ် ၃

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ မှာရှိတဲ့ Binondo ခရိုင်ရဲ့အဆောက်အဦးတစ်ခုမှာ ဩဂုတ်လ(၂)ရက်အစောပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ(၁၁)ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

မီးသတ်ယာဉ်(၁၄)စီးရဲ့တပ်ဖွဲ့တွေဟာ အဲ့ဒီမီးလောင်ကျွမ်းမှုကို ထိန်းချုပ်နိုင်ဖို့အတွက် အချိန်(၂)နာရီလောက် ကြိုးပမ်းခဲ့ရတယ်လို့ မနီလာမြို့မီးသတ်ဗျူရိုက ပြောကြားခဲ့ပါတယ်။ နောက်ပိုင်းမှာ ကယ်ဆယ်ရေးသမားတွေဟာ ငါးထပ်အဆောက်အဦးအတွင်းမှာ လူ(၁၁)ဦးရဲ့ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ မီးလောင်ကျွမ်းမှု ဘာကြောင့်ဖြစ်ပွားရတယ်ဆိုတဲ့အချက်နဲ့ သေဆုံးသွားတဲ့သူတွေက ဘယ်သူဖြစ်တယ်ဆိုတာတွေ ကို ယခုအချိန်အထိ ရှင်းရှင်းလင်းလင်းမသိရှိရသေးဘူးလို့လည်း သိရပါတယ်။

ဒါ့အပြင် သေဆုံးသူတွေရဲ့ရုပ်အလောင်းတွေကို သယ်ယူဖို့အတွက် လူနာတင်ယာဉ်တွေ အများအပြား ရောက်ရှိလာ တာကိုလည်း ဆိုရှယ်မီဒီယာပေါ်မှာတင်ထားတဲ့ဓါတ်ပုံတွေမှာ တွေ့မြင်ခဲ့ရပါတယ်။ အရာရှိတစ်ဦးက “မီးလောင်မှု အတွင်း သေဆုံးသွားသူတွေထဲမှာ အဲဒီအဆောက်အဦးပိုင်ရှင်ရဲ့ ဇနီးလည်းပါပါတယ်” လို့ ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် ဩဂုတ်လက လူနေအဆောက်အဦးတစ်ခုနဲ့ ကုန်လှောင်ရုံအဆောက်အဦးတစ်ခုမှာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး လူ(၁၆)ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့နှစ် မေလတုန်းက မနီလာမြို့ရဲ့ သမိုင်းဝင် ဗဟိုစာတိုက်အဆောက်အဦးမှာ ကြီးမားတဲ့မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ဖူးတယ်လို့လည်း သိရပါတယ်။

Zawgyi Version;
ဖိလစ္ပိုင္ႏိုင္ငံမွာ အေဆာက္အဦးတစ္ခု မီးေလာင္ကြၽမ္းခဲ့ၿပီး အနည္းဆုံးလူ(၁၁)ဦး ေသဆုံး
Pika (NP News) - ၾသဂုတ္ ၃

ဖိလစ္ပိုင္ႏိုင္ငံ မနီလာၿမိဳ႕ မွာရွိတဲ့ Binondo ခ႐ိုင္ရဲ႕အေဆာက္အဦးတစ္ခုမွာ ဩဂုတ္လ(၂)ရက္အေစာပိုင္းက မီးေလာင္ကြၽမ္းမႈျဖစ္ပြားခဲ့ရာ အနည္းဆုံးလူ(၁၁)ဦး ေသဆုံးခဲ့တယ္လို႔ အာဏာပိုင္ေတြက ေျပာၾကားခဲ့ပါတယ္။

မီးသတ္ယာဥ္(၁၄)စီးရဲ႕တပ္ဖြဲ႕ေတြဟာ အဲ့ဒီမီးေလာင္ကြၽမ္းမႈကို ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ အခ်ိန္(၂)နာရီေလာက္ ႀကိဳးပမ္းခဲ့ရတယ္လို႔ မနီလာၿမိဳ႕မီးသတ္ဗ်ဴ႐ိုက ေျပာၾကားခဲ့ပါတယ္။ ေနာက္ပိုင္းမွာ ကယ္ဆယ္ေရးသမားေတြဟာ ငါးထပ္အေဆာက္အဦးအတြင္းမွာ လူ(၁၁)ဦးရဲ႕႐ုပ္အေလာင္းကို ရွာေဖြေတြ႕ရွိခဲ့တယ္လို႔ သိရပါတယ္။ မီးေလာင္ကြၽမ္းမႈ ဘာေၾကာင့္ျဖစ္ပြားရတယ္ဆိုတဲ့အခ်က္နဲ႔ ေသဆုံးသြားတဲ့သူေတြက ဘယ္သူျဖစ္တယ္ဆိုတာေတြ ကို ယခုအခ်ိန္အထိ ရွင္းရွင္းလင္းလင္းမသိရွိရေသးဘူးလို႔လည္း သိရပါတယ္။

ဒါ့အျပင္ ေသဆုံးသူေတြရဲ႕႐ုပ္အေလာင္းေတြကို သယ္ယူဖို႔အတြက္ လူနာတင္ယာဥ္ေတြ အမ်ားအျပား ေရာက္ရွိလာ တာကိုလည္း ဆိုရွယ္မီဒီယာေပၚမွာတင္ထားတဲ့ဓါတ္ပုံေတြမွာ ေတြ႕ျမင္ခဲ့ရပါတယ္။ အရာရွိတစ္ဦးက “မီးေလာင္မႈ အတြင္း ေသဆုံးသြားသူေတြထဲမွာ အဲဒီအေဆာက္အဦးပိုင္ရွင္ရဲ႕ ဇနီးလည္းပါပါတယ္” လို႔ ေျပာခဲ့ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ ဩဂုတ္လက လူေနအေဆာက္အဦးတစ္ခုနဲ႔ ကုန္ေလွာင္႐ုံအေဆာက္အဦးတစ္ခုမွာ မီးေလာင္ကြၽမ္းမႈ ျဖစ္ပြားခဲ့ၿပီး လူ(၁၆)ဦးေသဆုံးခဲ့တယ္လို႔ သိရပါတယ္။ ဒါ့အျပင္ ၿပီးခဲ့တဲ့ႏွစ္ ေမလတုန္းက မနီလာၿမိဳ႕ရဲ႕ သမိုင္းဝင္ ဗဟိုစာတိုက္အေဆာက္အဦးမွာ ႀကီးမားတဲ့မီးေလာင္ကြၽမ္းမႈျဖစ္ပြားခဲ့ဖူးတယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.