လူသတ်ရန် ကြေးစားငှားရမ်းကြံစည်မှုဖြင့် ရုရှားအထက်လွှတ်တော်အမတ်တစ်ဦးအား ဖမ်းဆီး ထိန်းသိမ်း
1768
ALynn (NP News) - သြဂုတ် ၃
အထက်လွှတ်တော်အမတ် ဒီမီထရီ ဆာဗေးယက်ကို ပါလီမန် လွတ်ငြိမ်းချမ်းသာခွင့်မှ ဖယ်ရှားပြီး စီးပွားရေး လုပ်ဖော်ကိုင်ဖက်ဟောင်းတစ်ဦးကို သတ်ဖြတ်မှုတွင် ပါဝင်သည်ဟု သံသယဖြင့် ထိန်းသိမ်းထားကြောင်း ရုရှား စုံစမ်းစစ်ဆေးရေးကော်မတီက သောကြာနေ့ (ဩဂုတ်လ ၂ ရက်) တွင် ပြောကြားခဲ့သည်။ ရုရှားအစိုးရရှေ့နေချုပ် Igor Krasnov သည် ဖက်ဒရေးရှင်းကောင်စီ အစည်းအဝေးတွင် ကြေငြာချက်မထုတ်ဘဲ ခန်းမထဲမှ ထွက်သွားစဉ် Savelyev ကို ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။
“စုံစမ်းစစ်ဆေးရေးကော်မတီ၏ အဓိက စုံစမ်းစစ်ဆေးရေးဌာနသည် လူသတ်ရန်အတွက် ကြံစည်မှုဖြင့် အထက်လွှတ်တော်အမတ် Dmitry Vladimirovich Savelyev အား ရာဇ၀တ်မှုဖြင့် အမှုဖွင့်ထားကြောင်း၊ အထက်လွှတ်တော်အမတ်၏ လုပ်ရပ်သည် ပုဂ္ဂိုလ်ရေးအရ ရန်ငြှိုးဖွဲ့ခြင်း ဖြစ်ကြောင်း” စုံစမ်းစစ်ဆေးရေး ကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး Svetlana Petrenko က ကြေငြာချက်တွင် ဖော်ပြခဲ့သည်။
Petrenko ၏ အဆိုအရ မီဒီယာမှ Sergey Ionov ဟု သတ်မှတ်ထားသော "စီးပွားရေးသမား" ကို သတ်ဖြတ်ခြင်း အတွက် ဆာဗေးယက်သည် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် တွဲဖက်တစ်ဦးထံမှ ဆုကြေးငွေပေးဆောင်ရန် တောင်းဆိုခဲ့ကြောင်း သိရသည်။ အဆိုပါအမျိုးသားသည် အထက်လွှတ်တော်အမတ်၏ စီးပွားရေးလုပ်ဖော် ကိုင်ဖက်ဟောင်းတစ်ဦးဖြစ်ပြီး ကုမ္ပဏီတစ်ခုထံမှ ငွေကြေးလိမ်လည်ခဲ့သည်။
Ionov သည် ပြစ်မှုအတွက် အကျဉ်းချခံခဲ့ရပြီး ကုမ္ပဏီသည် ဆာဗေးယက်၏သားများလက်ထဲတွင် အဆုံးသတ် သွားခဲ့ကြောင်း TASS က ဆိုသည်။ ဆာဗေးယက်သည် Ionov အား လုပ်ကြံသတ်ဖြတ်ရန်အတွက်ဒေါ်လာ ၁၀၀,၀၀၀ မျှ အကုန်ကျခံ ကမ်းလှမ်းခဲ့သည်ဟု မီဒီယာများကဖော်ပြခဲ့သည်။ ဆာဗေးယက်၏ လုပ်ဖော် ကိုင်ဖက်များသည် လုပ်ကြံရန်အတွက် ရုရှားဖက်ဒရယ်အကျဉ်းဦးစီးဌာနမှ (FSIN) မှ ဝန်ထမ်းတစ်ဦးကို ငှားရမ်း ခဲ့သည်။ သို့သော် ၎င်းကြေးစားငှားရမ်းခံရသူသည် Federal Security Service (FSB) သို့ တိုက်ရိုက် သွားရောက်ခဲ့ပြီး ၎င်းတို့၏ လုပ်ရပ်အား သတင်းပေးခဲ့သည်။
FSB နှင့်အတူ လုပ်ကြံသူသည် Ionov ၏ လုပ်ကြံသတ်ဖြတ်မှုကို စတင်ဖော်ထုတ်ခဲ့ပြီး လူနာတင်ယာဉ်ခေါ်ဆိုမှု နှင့် စုံစမ်းရေးမှူး၏ အစီရင်ခံစာကို သက်သေအဖြစ် ဖော်ထုတ်ရန်အထိ လုပ်ဆောင်ခဲ့သည်။ ဆာဗေးယက်သည် လုပ်ကြံမှုပြီးနောက် ကြေးစားသမားအား ငွေပေးချေခဲ့ကြောင်း အစိုးရရှေ့နေများကဆိုသည်။
ရုရှားအစိုးရရှေ့နေချုပ်က ဆာဗေးယက်အား ပါလီမန် လွတ်ငြိမ်းချမ်းသာခွင့်မှ ဖယ်ရှားရန် ဖက်ဒရေးရှင်းကောင်စီ ကို တောင်းဆိုခဲ့သည်။ အဆိုပါတောင်းဆိုမှုကို သောကြာနေ့က ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ အထက်လွှတ်တော်အမတ် သည် မော်စကိုတရားသူကြီးရှေ့တွင် စီရင်ချက်ချခံရပြီး ရုရှားရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ ၃၀၊ ၃၃ နှင့် ၁၀၅ အရ စွဲချက်တင်ခံရဖွယ်ရှိနေသည်။
ဆာဗေးယက်သည် ၁၉၉၉ ခုနှစ်တွင် Nizhny Novgorod ဒေသရှိ ရုရှားအောက်လွှတ်တော်ဖြစ်သော State Duma တွင် ပထမဆုံးရွေးချယ်ခံခဲ့ရသည်။ ၂၀၁၆ ခုနှစ်တွင် Tula ဒေသအတွက် ဖက်ဒရေးရှင်းကောင်စီတွင် ဆီးနိတ် အမတ်အဖြစ် ရွေးချယ်ခံခဲ့ရသည်။ ဘတ်ဂျက်နှင့် ငွေကြေး ဈေးကွက်ကော်မတီများတွင် တာဝန်ထမ်းဆောင်ခဲ့ သည်။ Forbes က ၎င်းကို ရုရှားနိုင်ငံ၏ အချမ်းသာဆုံး ပြည်သူ့ဝန်ထမ်း ၅၀ စာရင်းမှာ ထည့်သွင်းထားသည်။
ရုရှားအထက်လွှတ်တော်အမတ်တစ်ဦးအား လူသတ်မှုအတွက် ငှားရမ်းခြင်းနှင့်ပတ်သက်၍ လွတ်ငြိမ်းချမ်းသာခွင့်မှ ဖယ်ရှားခံရခြင်းသည် ဒုတိယအကြိမ်ဖြစ်သည်။ Rauf Arashukov သည် ၎င်း၏ဇာတိနိုင်ငံ Karachay-Cherkessia တွင် နိုင်ငံရေးအကျဉ်းသားနှစ်ဦး အသတ်ခံရမှုအတွက် ကြံစည်မှုဖြင့် ၂၀၁၉ ခုနှစ်တွင် ဖမ်းဆီးခံခဲ့ရသည်။ Arashukov နှင့် ၎င်း၏ဖခင် Raul တို့အား လူသတ်မှု၊ ရာဇ၀တ်မှုဆိုင်ရာ လုပ်ငန်းတစ်ခုတွင် ပါဝင်မှုနှင့် သက်သေ များကို ခြိမ်းခြောက်မှုတို့ဖြင့် တရားစွဲဆိုခံခဲ့ရပြီး ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံခဲ့ရသည်။ ၎င်းတို့၏ အယူခံဝင်မှုကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် ပယ်ချခဲ့သည်။
Zawgyi Version;
လူသတ္ရန္ ေၾကးစားငွားရမ္းႀကံစည္မႈျဖင့္ ႐ုရွားအထက္လႊတ္ေတာ္အမတ္တစ္ဦးအား ဖမ္းဆီး ထိန္းသိမ္း
ALynn (NP News) - ၾသဂုတ္ ၃
အထက္လႊတ္ေတာ္အမတ္ ဒီမီထရီ ဆာေဗးယက္ကို ပါလီမန္ လြတ္ၿငိမ္းခ်မ္းသာခြင့္မွ ဖယ္ရွားၿပီး စီးပြားေရး လုပ္ေဖာ္ကိုင္ဖက္ေဟာင္းတစ္ဦးကို သတ္ျဖတ္မႈတြင္ ပါဝင္သည္ဟု သံသယျဖင့္ ထိန္းသိမ္းထားေၾကာင္း ႐ုရွား စုံစမ္းစစ္ေဆးေရးေကာ္မတီက ေသာၾကာေန႔ (ဩဂုတ္လ ၂ ရက္) တြင္ ေျပာၾကားခဲ့သည္။ ႐ုရွားအစိုးရေရွ႕ေနခ်ဳပ္ Igor Krasnov သည္ ဖက္ဒေရးရွင္းေကာင္စီ အစည္းအေဝးတြင္ ေၾကျငာခ်က္မထုတ္ဘဲ ခန္းမထဲမွ ထြက္သြားစဥ္ Savelyev ကို ဖမ္းဆီး ထိန္းသိမ္းခဲ့သည္။
“စုံစမ္းစစ္ေဆးေရးေကာ္မတီ၏ အဓိက စုံစမ္းစစ္ေဆးေရးဌာနသည္ လူသတ္ရန္အတြက္ ႀကံစည္မႈျဖင့္ အထက္လႊတ္ေတာ္အမတ္ Dmitry Vladimirovich Savelyev အား ရာဇ၀တ္မႈျဖင့္ အမႈဖြင့္ထားေၾကာင္း၊ အထက္လႊတ္ေတာ္အမတ္၏ လုပ္ရပ္သည္ ပုဂၢိဳလ္ေရးအရ ရန္ျငႇိဳးဖြဲ႕ျခင္း ျဖစ္ေၾကာင္း” စုံစမ္းစစ္ေဆးေရး ေကာ္မတီမွ ေျပာေရးဆိုခြင့္ရွိသူ အမ်ိဳးသမီး Svetlana Petrenko က ေၾကျငာခ်က္တြင္ ေဖာ္ျပခဲ့သည္။
Petrenko ၏ အဆိုအရ မီဒီယာမွ Sergey Ionov ဟု သတ္မွတ္ထားေသာ "စီးပြားေရးသမား" ကို သတ္ျဖတ္ျခင္း အတြက္ ဆာေဗးယက္သည္ ၂၀၂၃ ခုႏွစ္၊ ဩဂုတ္လတြင္ တြဲဖက္တစ္ဦးထံမွ ဆုေၾကးေငြေပးေဆာင္ရန္ ေတာင္းဆိုခဲ့ေၾကာင္း သိရသည္။ အဆိုပါအမ်ိဳးသားသည္ အထက္လႊတ္ေတာ္အမတ္၏ စီးပြားေရးလုပ္ေဖာ္ ကိုင္ဖက္ေဟာင္းတစ္ဦးျဖစ္ၿပီး ကုမၸဏီတစ္ခုထံမွ ေငြေၾကးလိမ္လည္ခဲ့သည္။
Ionov သည္ ျပစ္မႈအတြက္ အက်ဥ္းခ်ခံခဲ့ရၿပီး ကုမၸဏီသည္ ဆာေဗးယက္၏သားမ်ားလက္ထဲတြင္ အဆုံးသတ္ သြားခဲ့ေၾကာင္း TASS က ဆိုသည္။ ဆာေဗးယက္သည္ Ionov အား လုပ္ႀကံသတ္ျဖတ္ရန္အတြက္ေဒၚလာ ၁၀၀,၀၀၀ မွ် အကုန္က်ခံ ကမ္းလွမ္းခဲ့သည္ဟု မီဒီယာမ်ားကေဖာ္ျပခဲ့သည္။ ဆာေဗးယက္၏ လုပ္ေဖာ္ ကိုင္ဖက္မ်ားသည္ လုပ္ႀကံရန္အတြက္ ႐ုရွားဖက္ဒရယ္အက်ဥ္းဦးစီးဌာနမွ (FSIN) မွ ဝန္ထမ္းတစ္ဦးကို ငွားရမ္း ခဲ့သည္။ သို႔ေသာ္ ၎ေၾကးစားငွားရမ္းခံရသူသည္ Federal Security Service (FSB) သို႔ တိုက္႐ိုက္ သြားေရာက္ခဲ့ၿပီး ၎တို႔၏ လုပ္ရပ္အား သတင္းေပးခဲ့သည္။
FSB ႏွင့္အတူ လုပ္ႀကံသူသည္ Ionov ၏ လုပ္ႀကံသတ္ျဖတ္မႈကို စတင္ေဖာ္ထုတ္ခဲ့ၿပီး လူနာတင္ယာဥ္ေခၚဆိုမႈ ႏွင့္ စုံစမ္းေရးမႉး၏ အစီရင္ခံစာကို သက္ေသအျဖစ္ ေဖာ္ထုတ္ရန္အထိ လုပ္ေဆာင္ခဲ့သည္။ ဆာေဗးယက္သည္ လုပ္ႀကံမႈၿပီးေနာက္ ေၾကးစားသမားအား ေငြေပးေခ်ခဲ့ေၾကာင္း အစိုးရေရွ႕ေနမ်ားကဆိုသည္။
႐ုရွားအစိုးရေရွ႕ေနခ်ဳပ္က ဆာေဗးယက္အား ပါလီမန္ လြတ္ၿငိမ္းခ်မ္းသာခြင့္မွ ဖယ္ရွားရန္ ဖက္ဒေရးရွင္းေကာင္စီ ကို ေတာင္းဆိုခဲ့သည္။ အဆိုပါေတာင္းဆိုမႈကို ေသာၾကာေန႔က ခြင့္ျပဳခဲ့ျခင္းျဖစ္သည္။ အထက္လႊတ္ေတာ္အမတ္ သည္ ေမာ္စကိုတရားသူႀကီးေရွ႕တြင္ စီရင္ခ်က္ခ်ခံရၿပီး ႐ုရွားရာဇ၀တ္က်င့္ထုံးဥပေဒပုဒ္မ ၃၀၊ ၃၃ ႏွင့္ ၁၀၅ အရ စြဲခ်က္တင္ခံရဖြယ္ရွိေနသည္။
ဆာေဗးယက္သည္ ၁၉၉၉ ခုႏွစ္တြင္ Nizhny Novgorod ေဒသရွိ ႐ုရွားေအာက္လႊတ္ေတာ္ျဖစ္ေသာ State Duma တြင္ ပထမဆုံးေ႐ြးခ်ယ္ခံခဲ့ရသည္။ ၂၀၁၆ ခုႏွစ္တြင္ Tula ေဒသအတြက္ ဖက္ဒေရးရွင္းေကာင္စီတြင္ ဆီးနိတ္ အမတ္အျဖစ္ ေ႐ြးခ်ယ္ခံခဲ့ရသည္။ ဘတ္ဂ်က္ႏွင့္ ေငြေၾကး ေဈးကြက္ေကာ္မတီမ်ားတြင္ တာဝန္ထမ္းေဆာင္ခဲ့ သည္။ Forbes က ၎ကို ႐ုရွားႏိုင္ငံ၏ အခ်မ္းသာဆုံး ျပည္သူ႔ဝန္ထမ္း ၅၀ စာရင္းမွာ ထည့္သြင္းထားသည္။
႐ုရွားအထက္လႊတ္ေတာ္အမတ္တစ္ဦးအား လူသတ္မႈအတြက္ ငွားရမ္းျခင္းႏွင့္ပတ္သက္၍ လြတ္ၿငိမ္းခ်မ္းသာခြင့္မွ ဖယ္ရွားခံရျခင္းသည္ ဒုတိယအႀကိမ္ျဖစ္သည္။ Rauf Arashukov သည္ ၎၏ဇာတိႏိုင္ငံ Karachay-Cherkessia တြင္ ႏိုင္ငံေရးအက်ဥ္းသားႏွစ္ဦး အသတ္ခံရမႈအတြက္ ႀကံစည္မႈျဖင့္ ၂၀၁၉ ခုႏွစ္တြင္ ဖမ္းဆီးခံခဲ့ရသည္။ Arashukov ႏွင့္ ၎၏ဖခင္ Raul တို႔အား လူသတ္မႈ၊ ရာဇ၀တ္မႈဆိုင္ရာ လုပ္ငန္းတစ္ခုတြင္ ပါဝင္မႈႏွင့္ သက္ေသ မ်ားကို ၿခိမ္းေျခာက္မႈတို႔ျဖင့္ တရားစြဲဆိုခံခဲ့ရၿပီး ေထာင္ဒဏ္ တစ္သက္တစ္ကြၽန္း ခ်မွတ္ခံခဲ့ရသည္။ ၎တို႔၏ အယူခံဝင္မႈကို ၂၀၂၃ ခုႏွစ္၊ စက္တင္ဘာလတြင္ ပယ္ခ်ခဲ့သည္။