ဆိုမာလီယာနိုင်ငံက ကမ်းခြေတစ်ခုမှာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ(၃၂)ဦးသေဆုံး
889
Pika (NP News) - သြဂုတ် ၄
သြဂုတ်လ(၂)ရက်က ဆိုမာလီယာနိုင်ငံ မိုဂါဒစ်ရှူးမြို့မှာရှိတဲ့ လီဒိုကမ်းခြေမှာ အကြမ်းဖက်တိုက်ခိုက်မှုတစ်ခု အတွင်း လူ(၃၀)ကျော်သေဆုံးခဲ့တယ်လို့ တရားဥပဒေစိုးမိုးရေးအေဂျင်စီတွေကို ကိုးကားပြီး ဒေသတွင်းမီဒီယာ တွေက ဖော်ပြခဲ့ပါတယ်။
ဒေသခံတွေ မကြာခဏသွားရောက်လည်ပတ်လေ့ရှိတဲ့ လီဒိုကမ်းခြေကို သေနတ်သမား လေးဦးနဲ့ အသေခံဗုံးခွဲ သမားတစ်ဦးတို့က ပစ်မှတ်ထားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ လီဒိုကမ်းခြေမှာ လာရောက်လည်ပတ်သူ တွေပြည့်နှက်နေတဲ့အချိန် ဩဂုတ်လ(၂)ရက် ညနေပိုင်းမှာ အဲဒီတိုက်ခိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ဖောက်ခွဲရေးပစ္စည်းတွေ တပ်ဆင်ထားတဲ့ အင်္ကျီကိုဝတ်ဆင်ထားတဲ့ အသေခံဗုံးခွဲသမားတစ်ဦးဟာ Beach View Hotel ရဲ့ရှေ့မှာ ကိုယ့်ကိုယ်ကိုဖောက်ခွဲပစ်ခဲ့တာဖြစ်တယ်လို့ မျက်မြင်သက်သေတစ်ဦးက ပြောကြားခဲ့ပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက်မကြာမီ သေနတ်သမားတွေက ပစ်ခတ်မှုတွေကို စတင်လုပ်ဆောင်ခဲ့တယ်လို့ အခြားမျက်မြင်သက်သေတစ်ဦးက ပြောကြားခဲ့ပါတယ်။
ဆိုရှယ်မီဒီယာပေါ်မှာ တင်ထားတဲ့ဗီဒီယိုဖိုင်တွေမှာ ကမ်းခြေမှာ အလောင်းတွေပြန့်ကျဲနေပြီး တိုက်ခိုက်မှုကနေ လွတ်မြောက်အောင် ထွက်ပြေးနေသူတွေကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ တိုက်ခိုက်မှုတွေဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ သေနတ်သမားတွေအားလုံးကို သတ်ပစ်နိုင်ခဲ့ပြီး ဖောက်ခွဲရေးပစ္စည်းတွေတင်ထားတဲ့ ကားနဲ့အတူ ထွက်ပြေးဖို့ကြိုးပမ်းခဲ့တဲ့ သံသယရှိသူယာဉ်မောင်းကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိ သူ Abdifatah Adan Hassan က ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် သေနတ်သမားတွေနဲ့အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်သားတစ်ဦးသေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။ ဩဂုတ်လ(၂)ရက်က ဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုကြောင့် အနည်းဆုံးလူ(၃၂)ဦး သေဆုံးခဲ့ပြီး အခြားလူ(၆၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူတွေထဲက အချို့ဟာ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေတယ်လို့ Abdifatah Adan Hassan က ပြောကြားခဲ့သည်။ တိုက်ခိုက်မှုတွေဖြစ်ပွားပြီးနောက် အယ်လ်ကိုင်းဒါးအကြမ်းဖက်အဖွဲ့နဲ့ဆက်စပ်တဲ့ Al-Shabaab စစ်သွေးကြွအဖွဲ့က ရေဒီယိုအသံလွှင့်ဌာနတစ်ခုကနေတစ်ဆင့် အဲဒီတိုက်ခိုက်မှုအတွက် ၎င်းတို့မှာတာဝန်ရှိ ကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့တယ်လို့လည်း သိရပါတယ်။
Zawgyi Version;
ဆိုမာလီယာႏိုင္ငံက ကမ္းေျခတစ္ခုမွာ အၾကမ္းဖက္တိုက္ခိုက္မႈျဖစ္ပြားခဲ့ၿပီး အနည္းဆုံး လူ(၃၂)ဦးေသဆုံး
Pika (NP News) - ၾသဂုတ္ ၄
သြဂုတ်လ(၂)ရက္က ဆိုမာလီယာႏိုင္ငံ မိုဂါဒစ္ရႉးၿမိဳ႕မွာရွိတဲ့ လီဒိုကမ္းေျခမွာ အၾကမ္းဖက္တိုက္ခိုက္မႈတစ္ခု အတြင္း လူ(၃၀)ေက်ာ္ေသဆုံးခဲ့တယ္လို႔ တရားဥပေဒစိုးမိုးေရးေအဂ်င္စီေတြကို ကိုးကားၿပီး ေဒသတြင္းမီဒီယာ ေတြက ေဖာ္ျပခဲ့ပါတယ္။
ေဒသခံေတြ မၾကာခဏသြားေရာက္လည္ပတ္ေလ့ရွိတဲ့ လီဒိုကမ္းေျခကို ေသနတ္သမား ေလးဦးနဲ႔ အေသခံဗုံးခြဲ သမားတစ္ဦးတို႔က ပစ္မွတ္ထားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ လီဒိုကမ္းေျခမွာ လာေရာက္လည္ပတ္သူ ေတြျပည့္ႏွက္ေနတဲ့အခ်ိန္ ဩဂုတ္လ(၂)ရက္ ညေနပိုင္းမွာ အဲဒီတိုက္ခိုက္မႈျဖစ္ပြားခဲ့တာျဖစ္ပါတယ္။
ေဖာက္ခြဲေရးပစၥည္းေတြ တပ္ဆင္ထားတဲ့ အက်ႌကိုဝတ္ဆင္ထားတဲ့ အေသခံဗုံးခြဲသမားတစ္ဦးဟာ Beach View Hotel ရဲ႕ေရွ႕မွာ ကိုယ့္ကိုယ္ကိုေဖာက္ခြဲပစ္ခဲ့တာျဖစ္တယ္လို႔ မ်က္ျမင္သက္ေသတစ္ဦးက ေျပာၾကားခဲ့ပါတယ္။ ေပါက္ကြဲမႈျဖစ္ပြားၿပီးေနာက္မၾကာမီ ေသနတ္သမားေတြက ပစ္ခတ္မႈေတြကို စတင္လုပ္ေဆာင္ခဲ့တယ္လို႔ အျခားမ်က္ျမင္သက္ေသတစ္ဦးက ေျပာၾကားခဲ့ပါတယ္။
ဆိုရွယ္မီဒီယာေပၚမွာ တင္ထားတဲ့ဗီဒီယိုဖိုင္ေတြမွာ ကမ္းေျခမွာ အေလာင္းေတြျပန႔္က်ဲေနၿပီး တိုက္ခိုက္မႈကေန လြတ္ေျမာက္ေအာင္ ထြက္ေျပးေနသူေတြကိုလည္း ေတြ႕ျမင္ခဲ့ရပါတယ္။ တိုက္ခိုက္မႈေတြျဖစ္ပြားၿပီးေနာက္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြဟာ ေသနတ္သမားေတြအားလုံးကို သတ္ပစ္ႏိုင္ခဲ့ၿပီး ေဖာက္ခြဲေရးပစၥည္းေတြတင္ထားတဲ့ ကားနဲ႔အတူ ထြက္ေျပးဖို႔ႀကိဳးပမ္းခဲ့တဲ့ သံသယရွိသူယာဥ္ေမာင္းကို ဖမ္းဆီးႏိုင္ခဲ့တယ္လို႔ ရဲတပ္ဖြဲ႕ေျပာေရးဆိုခြင့္ရွိ သူ Abdifatah Adan Hassan က ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ ေသနတ္သမားေတြနဲ႔အျပန္အလွန္ပစ္ခတ္မႈအတြင္း စစ္သားတစ္ဦးေသဆုံးခဲ့တယ္လို႔လည္း သိရပါတယ္။ ဩဂုတ္လ(၂)ရက္က ျဖစ္ပြားခဲ့တဲ့တိုက္ခိုက္မႈေၾကာင့္ အနည္းဆုံးလူ(၃၂)ဦး ေသဆုံးခဲ့ၿပီး အျခားလူ(၆၃)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ သိရပါတယ္။
ထိခိုက္ဒဏ္ရာရရွိသူေတြထဲက အခ်ိဳ႕ဟာ စိုးရိမ္ရတဲ့အေျခအေနမွာ ရွိေနတယ္လို႔ Abdifatah Adan Hassan က ေျပာၾကားခဲ့သည္။ တိုက္ခိုက္မႈေတြျဖစ္ပြားၿပီးေနာက္ အယ္လ္ကိုင္းဒါးအၾကမ္းဖက္အဖြဲ႕နဲ႔ဆက္စပ္တဲ့ Al-Shabaab စစ္ေသြးႂကြအဖြဲ႕က ေရဒီယိုအသံလႊင့္ဌာနတစ္ခုကေနတစ္ဆင့္ အဲဒီတိုက္ခိုက္မႈအတြက္ ၎တို႔မွာတာဝန္ရွိ ေၾကာင္း ထုတ္ေဖာ္ေျပာဆိုသြားခဲ့တယ္လို႔လည္း သိရပါတယ္။