ကျွန်းစုမြို့နယ်အတွင်းရှိ ဧက(၁၅၀၀)ကျော် ကျယ်ဝန်းသည့်နယ်မြေကို “စခန်းသစ်ကျွန်း ဒီရေတောကြိုးပြင်ကာကွယ်တော” အဖြစ် သတ်မှတ်

 885

ယွန်း (NP News) - သြဂုတ် ၄

ကျွန်းစုမြို့နယ်အတွင်းရှိ ဧက(၁၅၀၀)ကျော် ကျယ်ဝန်းသည့် နယ်မြေကို “စခန်းသစ်ကျွန်း ဒီရေတောကြိုးပြင်ကာကွယ်တော” အဖြစ် သတ်မှတ်လိုက် ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ယနေ့(သြဂုတ် ၄ ရက်)တွင် အသိပေးထုတ်ပြန်ထားသည်။


အဆိုပါဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(င) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံးလျက် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်းကျရောက်နေသည့် ဧရိယာအကျယ်အဝန်း (၁,၅၉၄) ဧကရှိသော နယ်မြေကို “စခန်းသစ်ကျွန်း ဒီရေတောကြိုးပြင်ကာကွယ်တော” အဖြစ် ပြီးခဲ့သည့် ဇူလိုင်(၂၄)ရက်မှစ၍ သတ်မှတ်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။


ဒေသခံပြည်သူများအတွက် ငါး၊ ကဏန်း၊ ပုစွန် စသော ရေသယံဇာတများ စဉ်ဆက်မပြတ်ထုတ်ယူသုံးစွဲနိုင်ရန်၊ ကုန်းတွင်းပိုင်းသို့ ဆားငန်ရေဝင်ရောက်မှုများမှ တားဆီးကာကွယ်နိုင်ရန်နှင့် ဒီရေတောဂေဟစနစ်စီမံအုပ်ချုပ်မှု ပိုမိုကောင်းမွန်လာစေရန်ရည်ရွယ်၍ ဒီရေတော ကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တောများ ဖွဲ့စည်းသတ်မှတ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စခန်းသစ်ကျွန်းဒီရေတောကြိုးပြင်ကာကွယ်တော သတ်မှတ်ခြင်းဖြင့် ဒီရေတောသစ်မျိုးများဖြစ်သည့် ဗြူးခြေထောက် အပါအဝင် လမု၊ လဘ၊ ပင်လယ်အုန်း၊ ကျန၊ ဘူးဇရပ်၊ သမဲ့ဖြူနှင့် ဓနိပင် စသည်တို့အား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ ခရုစုပ်ငှက်၊ ဗျိုင်းငှက်၊ စွန်ခေါင်းဖြူ၊ မျောက်၊ တောဘဲ၊ ဒင်ကျီးငှက် စသည့်ငှက်မျိုးများ၏ နေရင်းဒေသအား ထိန်းသိမ်းနိုင်ကြောင်း သိရသည်။

ထို့ပြင် ဒီရေတောဂေဟစနစ် ရေရှည်တည်တံ့စေရန်၊ ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝစေရန်၊ ကမ်းရိုးတန်းဒေသ ရေရှည်တည်တံ့ရေးကို အထောက်အကူပြုနိုင်ရန် ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်ခြင်းဖြစ်ကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အသိပေးထားသည်။

Zawgyi Version;
ကြၽန္းစုၿမိဳ႕နယ္အတြင္းရွိ ဧက(၁၅၀၀)ေက်ာ္ က်ယ္ဝန္းသည့္နယ္ေျမကို “စခန္းသစ္ကြၽန္း ဒီေရေတာႀကိဳးျပင္ကာကြယ္ေတာ” အျဖစ္ သတ္မွတ္
ယြန္း (NP News) - ၾသဂုတ္ ၄

ကြၽန္းစုၿမိဳ႕နယ္အတြင္းရွိ ဧက(၁၅၀၀)ေက်ာ္ က်ယ္ဝန္းသည့္ နယ္ေျမကို “စခန္းသစ္ကြၽန္း ဒီေရေတာႀကိဳးျပင္ကာကြယ္ေတာ” အျဖစ္ သတ္မွတ္လိုက္ ေၾကာင္း သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာနက ယေန႔(ၾသဂုတ္ ၄ ရက္)တြင္ အသိေပးထုတ္ျပန္ထားသည္။


အဆိုပါဝန္ႀကီးဌာနသည္ ၂၀၁၈ ခုႏွစ္တြင္ ျပ႒ာန္းထားသည့္ သစ္ေတာဥပေဒပုဒ္မ ၆၊ ပုဒ္မခြဲ(င) အရ အပ္ႏွင္းထားေသာ လုပ္ပိုင္ခြင့္မ်ားကို က်င့္သုံးလ်က္ တနသၤာရီတိုင္းေဒသႀကီး၊ ၿမိတ္ခ႐ိုင္၊ ကြၽန္းစုၿမိဳ႕နယ္အတြင္းက်ေရာက္ေနသည့္ ဧရိယာအက်ယ္အဝန္း (၁,၅၉၄) ဧကရွိေသာ နယ္ေျမကို “စခန္းသစ္ကြၽန္း ဒီေရေတာႀကိဳးျပင္ကာကြယ္ေတာ” အျဖစ္ ၿပီးခဲ့သည့္ ဇူလိုင္(၂၄)ရက္မွစ၍ သတ္မွတ္ခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။


ေဒသခံျပည္သူမ်ားအတြက္ ငါး၊ ကဏန္း၊ ပုစြန္ စေသာ ေရသယံဇာတမ်ား စဥ္ဆက္မျပတ္ထုတ္ယူသုံးစြဲႏိုင္ရန္၊ ကုန္းတြင္းပိုင္းသို႔ ဆားငန္ေရဝင္ေရာက္မႈမ်ားမွ တားဆီးကာကြယ္ႏိုင္ရန္ႏွင့္ ဒီေရေတာေဂဟစနစ္စီမံအုပ္ခ်ဳပ္မႈ ပိုမိုေကာင္းမြန္လာေစရန္ရည္႐ြယ္၍ ဒီေရေတာ ႀကိဳးဝိုင္း/ ႀကိဳးျပင္ကာကြယ္ေတာမ်ား ဖြဲ႕စည္းသတ္မွတ္ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

စခန္းသစ္ကြၽန္းဒီေရေတာႀကိဳးျပင္ကာကြယ္ေတာ သတ္မွတ္ျခင္းျဖင့္ ဒီေရေတာသစ္မ်ိဳးမ်ားျဖစ္သည့္ ျဗဴးေျခေထာက္ အပါအဝင္ လမု၊ လဘ၊ ပင္လယ္အုန္း၊ က်န၊ ဘူးဇရပ္၊ သမဲ့ျဖဴႏွင့္ ဓနိပင္ စသည္တို႔အား ထိန္းသိမ္းႏိုင္မည္ျဖစ္ျခင္း၊ ခ႐ုစုပ္ငွက္၊ ဗ်ိဳင္းငွက္၊ စြန္ေခါင္းျဖဴ၊ ေမ်ာက္၊ ေတာဘဲ၊ ဒင္က်ီးငွက္ စသည့္ငွက္မ်ိဳးမ်ား၏ ေနရင္းေဒသအား ထိန္းသိမ္းႏိုင္ေၾကာင္း သိရသည္။

ထို႔ျပင္ ဒီေရေတာေဂဟစနစ္ ေရရွည္တည္တံ့ေစရန္၊ ဇီဝမ်ိဳးစုံမ်ိဳးကြဲမ်ား ေပါႂကြယ္ဝေစရန္၊ ကမ္း႐ိုးတန္းေဒသ ေရရွည္တည္တံ့ေရးကို အေထာက္အကူျပဳႏိုင္ရန္ ႀကိဳးျပင္ကာကြယ္ေတာအျဖစ္ သတ္မွတ္ျခင္းျဖစ္ေၾကာင္း သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာနက အသိေပးထားသည္။

Related news

© 2021. All rights reserved.