ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာဆန္ဒပြပွဲတွေ တစ်ကျော့ပြန်ဖြစ်ပွားခဲ့ပြီး သြဂုတ်လ(၄) ရက်တစ်ရက်အတွင်း လူပေါင်း(၉ဝ)ကျော် သေဆုံး
2396
ဂျန်ဇက် (NP News) - ဩဂုတ် ၅
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတစ်ကျော့ပြန် ဆန္ဒပြပွဲများဖြစ်ပွားနေခဲ့ပြီး သြဂုတ်လ ၄ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ဆန္ဒပြပွဲအတွင်း အနည်းဆုံးလူပေါင်း (၉၁)ဦးသေဆုံးကာ လူရာချီ ဒဏ်ရာရခဲ့ကြောင်းသိရပါတယ်။ ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ဟာ တက္ကသိုလ်ကျောင်းသားတွေဦးဆောင်တဲ့ ဆန္ဒပြအုပ်စုတွေကိုရော်ဘာကျည်ဆံတွေအသုံးပြုပစ်ခတ်ခဲ့သလို မျက်ရည်ယို ဗုံးတွေအသုံးပြုကာ ဖြိုခွင်းခဲ့ကြောင်းသိရပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာဖြစ်ပွားတဲ့ ဆန္ဒပြပွဲတွေဟာ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင်တွေလည်း သေဆုံးခဲ့ပြီး သြဂုတ်လ ၄ ရက်နေ့က သေဆုံးခဲ့သူတွေထဲမှာ ရဲတပ်ဖွဲ့ဝင် အနည်းဆုံး (၁၃)ဦး ပါဝင်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ သြဂုတ်လ ၁၄ ရက်နေ့အတွင်းသေဆုံးခဲ့တဲ့ လူအရေအတွက်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲသမိုင်းတစ်လျှောက် တစ်ရက်အတွင်း လူသေဆုံးမှုအများဆုံးဖြစ်ခဲ့ရကြောင်းသိရပါတယ်။ ဘင်္ဂလားဒေရှ့်နိုင်ငံမှာ အစိုးရအလုပ်တွေကို ခန့်ထားရမှာ လွတ်လပ်ရေးရရှိအောင်ကြိုးပမ်းခဲ့သူတွေရဲ့မိသားစုဝင်တွေကို အဓိကဦးစားပေးနေခြင်းကို နှစ်သက်မှုမရှိတဲ့အတွက် ဇူလိုင်လတည်းက ဆန္ဒပြပွဲများစတင်ခဲ့ကြောင်းသိရပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရဟာ သြဂုတ်လ ၄ ရက်နေ့မှာ လူပေါင်း (၉၀)ကျော်သေဆုံးစေခဲ့တဲ့ ဆန္ဒပြပွဲများဖြစ်လာခဲ့ပြီးနောက်ပိုင်းနိုင်ငံတဝန်းမှာ ညမထွက်ရအမိန့်တွေကို ထုတ်ပြန်ခဲ့ကြောင်းသိရပါတယ်။
အဆိုပါဆန္ဒပြပွဲတွေဟာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူနေတဲ့ ရှိတ်ဟာစီနာအတွက် ဝန်ကြီးချုပ်သက်တမ်း နှစ်ပေါင်း (၂၀)ကျော်အတွင်း အဆိုးရွားဆုံး စမ်းသပ်မှုဖြစ်လာစေခဲ့ကြောင်းသိရပါတယ်။
zawgyi version
ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာဆႏၵျပပြဲေတြ တစ္ေက်ာ့ျပန္ျဖစ္ပြားခဲ့ၿပီး ၾသဂုတ္လ(၄) ရက္တစ္ရက္အတြင္း လူေပါင္း(၉ဝ)ေက်ာ္ ေသဆုံး
ဂ်န္ဇက္ (NP News) - ဩဂုတ္ ၅
ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာတစ္ေက်ာ့ျပန္ ဆႏၵျပပြဲမ်ားျဖစ္ပြားေနခဲ့ၿပီး ၾသဂုတ္လ ၄ ရက္ေန႔က ျဖစ္ပြားခဲ့တဲ့ဆႏၵျပပြဲအတြင္း အနည္းဆုံးလူေပါင္း (၉၁)ဦးေသဆုံးကာ လူရာခ်ီ ဒဏ္ရာရခဲ့ေၾကာင္းသိရပါတယ္။ ဘဂၤလားေဒ့ရွ္ရဲတပ္ဖြဲ႕ဟာ တကၠသိုလ္ေက်ာင္းသားေတြဦးေဆာင္တဲ့ ဆႏၵျပအုပ္စုေတြကိုေရာ္ဘာက်ည္ဆံေတြအသုံးျပဳပစ္ခတ္ခဲ့သလို မ်က္ရည္ယို ဗုံးေတြအသုံးျပဳကာ ၿဖိဳခြင္းခဲ့ေၾကာင္းသိရပါတယ္။
ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာျဖစ္ပြားတဲ့ ဆႏၵျပပြဲေတြဟာ တစ္ဖက္နဲ႔တစ္ဖက္ အျပန္အလွန္တိုက္ခိုက္မႈေတြျဖစ္ပြားခဲ့ရာ ရဲတပ္ဖြဲ႕ဝင္ေတြလည္း ေသဆုံးခဲ့ၿပီး ၾသဂုတ္လ ၄ ရက္ေန႔က ေသဆုံးခဲ့သူေတြထဲမွာ ရဲတပ္ဖြဲ႕ဝင္ အနည္းဆုံး (၁၃)ဦး ပါဝင္ခဲ့ေၾကာင္း သိရပါတယ္။ အဆိုပါ ၾသဂုတ္လ ၁၄ ရက္ေန႔အတြင္းေသဆုံးခဲ့တဲ့ လူအေရအတြက္ဟာ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာျဖစ္ပြားခဲ့တဲ့ ဆႏၵျပပြဲသမိုင္းတစ္ေလွ်ာက္ တစ္ရက္အတြင္း လူေသဆုံးမႈအမ်ားဆုံးျဖစ္ခဲ့ရေၾကာင္းသိရပါတယ္။ ဘဂၤလားေဒရွ႕္ႏိုင္ငံမွာ အစိုးရအလုပ္ေတြကို ခန႔္ထားရမွာ လြတ္လပ္ေရးရရွိေအာင္ႀကိဳးပမ္းခဲ့သူေတြရဲ႕မိသားစုဝင္ေတြကို အဓိကဦးစားေပးေနျခင္းကို ႏွစ္သက္မႈမရွိတဲ့အတြက္ ဇူလိုင္လတည္းက ဆႏၵျပပြဲမ်ားစတင္ခဲ့ေၾကာင္းသိရပါတယ္။ ဘဂၤလားေဒ့ရွ္အစိုးရဟာ ၾသဂုတ္လ ၄ ရက္ေန႔မွာ လူေပါင္း (၉၀)ေက်ာ္ေသဆုံးေစခဲ့တဲ့ ဆႏၵျပပြဲမ်ားျဖစ္လာခဲ့ၿပီးေနာက္ပိုင္းႏိုင္ငံတဝန္းမွာ ညမထြက္ရအမိန႔္ေတြကို ထုတ္ျပန္ခဲ့ေၾကာင္းသိရပါတယ္။
အဆိုပါဆႏၵျပပြဲေတြဟာ ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ယူေနတဲ့ ရွိတ္ဟာစီနာအတြက္ ဝန္ႀကီးခ်ဳပ္သက္တမ္း ႏွစ္ေပါင္း (၂၀)ေက်ာ္အတြင္း အဆိုး႐ြားဆုံး စမ္းသပ္မႈျဖစ္လာေစခဲ့ေၾကာင္းသိရပါတယ္။