အိုလံပစ်မှာ ဂရိအားကစားသမားတစ်ဦး မူးယစ်ဆေး သုံးစွဲမှုကြောင့် ပြိုင်ပွဲမှ ထွက်ခွာရ

 397

ရောင်နီ (NP News) - သြဂုတ် ၇

ပြင်သစ်၊ ပါရီ၊ အိုလံပစ်ပြိုင်ပွဲမှာ ဂရိအားကစားသမားတစ်ဦး မူးယစ်ဆေးသုံးစွဲထားတဲ့ သဲလွန်စတွေ စစ်ဆေးတွေ့ရှိ ခဲ့တာကြောင့် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရတယ်လို့ သိရပါတယ်။
အဆိုပါ ဂရိအားကစားသမားမှာ တားမြစ်မူးယစ်ဆေးတွေ တွေ့ရှိခဲ့ခြင်းကြောင့် အားကစားသမားကျေးရွာမှ နှင်ထုတ်လိုက်တယ်လို့ ဂရိအိုလံပစ်ကော်မတီက အင်္ဂါနေ့ (ဩဂုတ်လ ၆ ရက်) မှာ ပြောကြားခဲ့ပါတယ်။ ဒီ မူးယစ်ဆေး တွေ့ရှိတဲ့အကြောင်းကိုတော့ ဂရိ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအေဂျင်စီက တနင်္လာနေ့ (ဩဂုတ်လ ၅ ရက်) မွန်းလွဲပိုင်းမှာ ဂရိအိုလံပစ်အသင်းကို အကြောင်းကြားခဲ့တာဖြစ်ပါတယ်။ အားကစားသမားရဲ့နာမည်နဲ့ ပါဝင် ယှဉ်ပြိုင်မယ့် အားကစားအမျိုးအစားကိုတော့ မပြောထားပါဘူး။

အဆိုပါ မူးယစ်ဆေး သုံးစွဲတဲ့အထောက်အထားတွေကို နိုင်ဂျီးရီယားလက်ဝှေ့ချန်ပီယံ ဆိုဒ်သီရာအိုဂန်ဆန်ရီလော၊ အီရက်ဂျူဒို ကစားသမား ဆာဂျက်စီဟန် အပါအဝင် အခြားလူအနည်းငယ်လောက်မှာလည်း စစ်ဆေးတွေ့ရှိတယ်လို့ သိရပါတယ်။

Zawgyi Version;
အိုလံပစ္မွာ ဂရိအားကစားသမားတစ္ဦး မူးယစ္ေဆး သုံးစြဲမႈေၾကာင့္ ၿပိဳင္ပြဲမွ ထြက္ခြာရ
ေရာင္နီ (NP News) - ၾသဂုတ္ ၇

ျပင္သစ္၊ ပါရီ၊ အိုလံပစ္ၿပိဳင္ပြဲမွာ ဂရိအားကစားသမားတစ္ဦး မူးယစ္ေဆးသုံးစြဲထားတဲ့ သဲလြန္စေတြ စစ္ေဆးေတြ႕ရွိ ခဲ့တာေၾကာင့္ ၿပိဳင္ပြဲမွ ထြက္ခြာခဲ့ရတယ္လို႔ သိရပါတယ္။
အဆိုပါ ဂရိအားကစားသမားမွာ တားျမစ္မူးယစ္ေဆးေတြ ေတြ႕ရွိခဲ့ျခင္းေၾကာင့္ အားကစားသမားေက်း႐ြာမွ ႏွင္ထုတ္လိုက္တယ္လို႔ ဂရိအိုလံပစ္ေကာ္မတီက အဂၤါေန႔ (ဩဂုတ္လ ၆ ရက္) မွာ ေျပာၾကားခဲ့ပါတယ္။ ဒီ မူးယစ္ေဆး ေတြ႕ရွိတဲ့အေၾကာင္းကိုေတာ့ ဂရိ မူးယစ္ေဆးဝါးတိုက္ဖ်က္ေရးေအဂ်င္စီက တနလၤာေန႔ (ဩဂုတ္လ ၅ ရက္) မြန္းလြဲပိုင္းမွာ ဂရိအိုလံပစ္အသင္းကို အေၾကာင္းၾကားခဲ့တာျဖစ္ပါတယ္။ အားကစားသမားရဲ႕နာမည္နဲ႔ ပါဝင္ ယွဥ္ၿပိဳင္မယ့္ အားကစားအမ်ိဳးအစားကိုေတာ့ မေျပာထားပါဘူး။

အဆိုပါ မူးယစ္ေဆး သုံးစြဲတဲ့အေထာက္အထားေတြကို ႏိုင္ဂ်ီးရီယားလက္ေဝွ႔ခ်န္ပီယံ ဆိုဒ္သီရာအိုဂန္ဆန္ရီေလာ၊ အီရက္ဂ်ဴဒို ကစားသမား ဆာဂ်က္စီဟန္ အပါအဝင္ အျခားလူအနည္းငယ္ေလာက္မွာလည္း စစ္ေဆးေတြ႕ရွိတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.