တရုတ်က တောင်တရုတ်ပင်လယ်အတွင်းမှာ ရေကြောင်းနဲ့ လေကြောင်း ကင်းလှည့်မှုတွေပြုလုပ်

 291

Pika (NP News) - သြဂုတ် ၈

တရုတ်စစ်တပ်ဟာ တောင်တရုတ်ပင်လယ်အတွင်းမှာရှိတဲ့ Scarborough Shoal ကျွန်းအနီးမှာ တိုက်ခိုက်ရေး စွမ်းရည်ကို စမ်းသပ်တဲ့ကင်းလှည့်မှုတစ်ရပ်ကို ဩဂုတ်လ(၇)ရက်မှာ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ Scarborough Shoal ကျွန်းဟာ ဖိလစ်ပိုင်နိုင်ငံ လူဇွန်ကျွန်းရဲ့အနောက်ဘက်(၂၄၀)ကီလိုမီတာအကွာမှာရှိပြီး တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ်နဲ့ ကီလိုမီတာ(၉၀၀)အကွာအဝေးမှာရှိတယ်လို့လည်း သိရပါတယ်။

တရုတ်နဲ့ ဖိလစ်ပိုင်တို့ရဲ့သင်္ဘောတွေဟာ Scarborough Shoal ကျွန်းအနီးမှာ ထိပ်တိုက်တွေ့ဆုံမှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး တိုက်မိမှုတွေလည်း မကြာခဏဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ Scarborough Shoal ကျွန်းအနီး ရဲ့ ရေပြင်နဲ့ ဝေဟင်မှာ ပူးတွဲတိုက်ခိုက်ရေးကင်းလှည့်မှုတစ်ခုကို လုပ်ဆောင်ဖို့ စီစဉ်ခဲ့တယ်လို့ တရုတ်တောင်ပိုင်း စစ်ကွပ်ကဲမှုဌာနချုပ်က ဩဂုတ်လ(၇)ရက်မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

အဲဒီကင်းလှည့်မှုဟာ ထောက်လှမ်းရေးနဲ့ ကြိုတင်သတိပေးမှု၊ လျင်မြန်စွာတုံ့ပြန်နိုင်မှု နဲ့ တပ်ဖွဲ့ဝင်တွေရဲ့ ပူးတွဲ တိုက်ခိုက်မှုစွမ်းရည်တို့ကို စမ်းသပ်နိုင်ခဲ့တယ်လို့ တရုတ်ဘက်က ထုတ်ပြန်ပြောကြားထားပါတယ်။ တောင်တရုတ် ပင်လယ်တစ်ခုလုံးနီးပါးကို ၎င်းတို့ပိုင်ဆိုင်ကြောင်း တရုတ်ဘက်က ပြောဆိုထားသလို ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှား နဲ့ ဘရူနိုင်းနိုင်ငံတို့ကလည်း တောင်တရုတ်ပင်လယ်အတွင်း တစ်စိတ်တစ်ပိုင်းကို ၎င်းတို့ ပိုင်ဆိုင်တယ်လို့ အခိုင်အမာပြောဆိုထားပါတယ်။

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့အခြေစိုက် ရေကြောင်းရေးရာနဲ့ပင်လယ်ဥပဒေဆိုင်ရာအင်စတီကျုမှ ဒါရိုက်တာ Jay Batongbacal က “ဒီကင်းလှည့်မှုတွေက ခြိမ်းခြောက်မှုတွေ လုပ်ဆောင်ဖို့ ရည်ရွယ်တာမျိုးဖြစ်ပါတယ်။ ဒါက အင်အားပြသနေတယ်ဆိုတာကို မက်ဆေ့ချ်ပေးနေတာ သေချာပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version;
တ႐ုတ္က ေတာင္တ႐ုတ္ပင္လယ္အတြင္းမွာ ေရေၾကာင္းနဲ႔ ေလေၾကာင္း ကင္းလွည့္မႈေတြျပဳလုပ္
Pika (NP News) - ၾသဂုတ္ ၈

တ႐ုတ္စစ္တပ္ဟာ ေတာင္တ႐ုတ္ပင္လယ္အတြင္းမွာရွိတဲ့ Scarborough Shoal ကြၽန္းအနီးမွာ တိုက္ခိုက္ေရး စြမ္းရည္ကို စမ္းသပ္တဲ့ကင္းလွည့္မႈတစ္ရပ္ကို ဩဂုတ္လ(၇)ရက္မွာ လုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။ Scarborough Shoal ကြၽန္းဟာ ဖိလစ္ပိုင္ႏိုင္ငံ လူဇြန္ကြၽန္းရဲ႕အေနာက္ဘက္(၂၄၀)ကီလိုမီတာအကြာမွာရွိၿပီး တ႐ုတ္ႏိုင္ငံ ဟိုင္နန္ျပည္နယ္နဲ႔ ကီလိုမီတာ(၉၀၀)အကြာအေဝးမွာရွိတယ္လို႔လည္း သိရပါတယ္။

တ႐ုတ္နဲ႔ ဖိလစ္ပိုင္တို႔ရဲ႕သေဘၤာေတြဟာ Scarborough Shoal ကြၽန္းအနီးမွာ ထိပ္တိုက္ေတြ႕ဆုံမႈေတြ မၾကာခဏ ျဖစ္ပြားေလ့ရွိၿပီး တိုက္မိမႈေတြလည္း မၾကာခဏျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။ Scarborough Shoal ကြၽန္းအနီး ရဲ႕ ေရျပင္နဲ႔ ေဝဟင္မွာ ပူးတြဲတိုက္ခိုက္ေရးကင္းလွည့္မႈတစ္ခုကို လုပ္ေဆာင္ဖို႔ စီစဥ္ခဲ့တယ္လို႔ တ႐ုတ္ေတာင္ပိုင္း စစ္ကြပ္ကဲမႈဌာနခ်ဳပ္က ဩဂုတ္လ(၇)ရက္မွာ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။

အဲဒီကင္းလွည့္မႈဟာ ေထာက္လွမ္းေရးနဲ႔ ႀကိဳတင္သတိေပးမႈ၊ လ်င္ျမန္စြာတုံ႔ျပန္ႏိုင္မႈ နဲ႔ တပ္ဖြဲ႕ဝင္ေတြရဲ႕ ပူးတြဲ တိုက္ခိုက္မႈစြမ္းရည္တို႔ကို စမ္းသပ္ႏိုင္ခဲ့တယ္လို႔ တ႐ုတ္ဘက္က ထုတ္ျပန္ေျပာၾကားထားပါတယ္။ ေတာင္တ႐ုတ္ ပင္လယ္တစ္ခုလုံးနီးပါးကို ၎တို႔ပိုင္ဆိုင္ေၾကာင္း တ႐ုတ္ဘက္က ေျပာဆိုထားသလို ဖိလစ္ပိုင္၊ ဗီယက္နမ္၊ အင္ဒိုနီးရွား၊ မေလးရွား နဲ႔ ဘ႐ူႏိုင္းႏိုင္ငံတို႔ကလည္း ေတာင္တ႐ုတ္ပင္လယ္အတြင္း တစ္စိတ္တစ္ပိုင္းကို ၎တို႔ ပိုင္ဆိုင္တယ္လို႔ အခိုင္အမာေျပာဆိုထားပါတယ္။

ဖိလစ္ပိုင္ႏိုင္ငံ မနီလာၿမိဳ႕အေျခစိုက္ ေရေၾကာင္းေရးရာနဲ႔ပင္လယ္ဥပေဒဆိုင္ရာအင္စတီက်ဳမွ ဒါ႐ိုက္တာ Jay Batongbacal က “ဒီကင္းလွည့္မႈေတြက ၿခိမ္းေျခာက္မႈေတြ လုပ္ေဆာင္ဖို႔ ရည္႐ြယ္တာမ်ိဳးျဖစ္ပါတယ္။ ဒါက အင္အားျပသေနတယ္ဆိုတာကို မက္ေဆ့ခ်္ေပးေနတာ ေသခ်ာပါတယ္” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.