War Economy ကို ထိထိရောက်ရောက် အရေးယူရန် တရုတ်ခရီးစဉ်တွင် ဦးကိုကိုကြီး ပြောကြားခဲ့ဟုဆို

 4306

သန့်ဇင် (NP News) - ဩဂုတ် ၈

စစ်ပွဲနှင့်ပတ်သက်သည့် စီးပွားရေးအကျိုးအမြတ်များမှတစ်ဆင့် စစ်ပွဲများသက်ဆိုး ရှည်လာသဖြင့် War Economy ကို ထိထိရောက်ရောက် အရေးယူရန် လိုအပ်သည်ဟု တရုတ်ခရီးစဉ်အတွင်း တိုက်တွန်းပြောကြားခဲ့ကြောင်း ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ထုတ်ဖော်ပြောကြားခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပြည်သူ့ပါတီ၊ ရခိုင့်ဦးဆောင်ပါတီ၊ ရှမ်းနှင့်တိုင်းရင်း သားများဒီမိုကရက်တစ်ပါတီတို့က ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ ဇူလိုင်လ ၂၀ ရက်မှ ၂၇ ရက်နေ့ အထိ သွားရောက်ခဲ့ရာတွင် အဆိုပါနိုင်ငံမှ တာဝန်ရှိသူ အချို့နှင့်တွေ့ဆုံခဲ့စဉ် ပြောကြားခဲ့သည့် အချက် အလက်များနှင့်ပတ်သက်၍ ဇူလိုင်လ ၂၇ ရက်က ပြု လုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဦးကိုကိုကြီး က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ War Economy ဆိုတာ စစ်နဲ့စီးပွားရေးက ဆက်စပ်နေတယ်။ အဲဒီတော့ နယ်စပ်မှာ တရားမဝင်ကုန်သွယ်မှုတွေ အဲဒါတွေကို ထိထိ ရောက်ရောက် ကိုင်တွယ်ဖို့အရေးယူဖို့ အထူး သဖြင့်တော့ ကျွန်တော်တို့ဖြစ်တဲ့သူကသာ စစ်ပွဲတွေ ဖြစ်တယ်သာပြောနေတာ။ ဖားကန့်မှာ ကျောက် စိမ်းတူးနေတာတွေ။ အလုံးအရင်းနဲ့သစ်တွေခိုးထုတ်နေတယ်။ မြေရှားသတ္တုနဲ့ ပတ်သက်တဲ့ မြေတွေ ထုတ်နေတယ်။ အဲဒီတော့ အဲဒီလိုအခြေအနေမျိုးတွေ။ နောက်တစ်ခုက စစ်နဲ့ဆက်စပ်တဲ့ လက်နက် မှောင်ခိုတွေ နောက်တစ်ခါ မူးယစ်ဆေးဝါးကိစ္စ၊ ပြီးခဲ့တဲ့ ကာလမှာဖြစ်သွားတဲ့ ကျားဖျန့်ပေါ့လေ။ လောင်း ကစား ကိစ္စ။ အဲဒါတွေအားလုံးဟာ ပဋိပက္ခဒေသတွေမှာ တရားဥပဒေစိုးမိုးမှု ကင်းမဲ့တဲ့အခါမှာ ဒီလိုမျိုး စစ်နဲ့ ပတ်သက်တဲ့ စီးပွားရေးတွေဖြစ်လာတယ်။ အဲဒီ စီးပွားရေး အကျိုးအမြတ်တွေကနေတစ်ဆင့် စစ်ပွဲ တွေသက်ဆိုးရှည်လာတယ်။ ဒါကြောင့်မိုလို့ War Economy ကို ထိထိရောက်ရောက်အရေးယူဖို့ ဒါကို အဓိကထားပြီးတော့ ဆွေးနွေးခဲ့ပါတယ်” ဟု ပြည်သူ့ပါတီ ဥက္ကဋ္ဌဦးကိုကိုကြီးက ဆိုသည်။

ထိုသို့ တိုက်တွန်းခဲ့ပြီးနောက် တရုတ်နိုင်ငံက မြန်မာနိုင်ငံမြောက်ပိုင်းဒေသ လက်ရှိအခြေအနေ နှင့် စပ်လျဉ်း၍ အလွန်ဂရုပြုလျက်ရှိကြောင်း ထုတ်ပြန် ကြေညာခဲ့သည်ဟု ၎င်းက ဆက်လက်ပြောသည်။

“တရုတ်နိုင်ငံခြားရေးပြောခွင့်ရပုဂ္ဂိုလ် Mrs. Mao Ning က ဇူလိုင်လ ၂၅ ရက်နေ့ဆိုတော့ ကျွန် တော်တို့ဟိုမှာ ဆွေးနွေးနေတဲ့အချိန်မှာ သတင်းစာ ရှင်းလင်းပွဲမှာ မြန်မာနိုင်ငံမြောက်ပိုင်းဒေသ လက်ရှိ အခြေအနေနဲ့ စပ်လျဉ်းပြီးတော့ အလွန်ဂရုပြုလျက် ရှိကြောင်း။ သက်ဆိုင်ရာအဖွဲ့အသီးသီးက တွေ့ဆုံ ဆွေးနွေးမှုကိုကိုင်စွဲ၍ အမြန်ဆုံးအပစ်အခတ်ရပ်စဲကာ ငြိမ်းချမ်းသောနည်းလမ်းဖြင့် သဘောထား ကွဲပြားမှုများကို ဖြေရှင်းပြီးအခြေအနေပိုမိုအရှိန်မြင့်လာမှုကိုရှောင်ရှားရန် အမြဲတိုက်တွန်းလျက်ရှိ ကြောင်း စသဖြင့်ပေါ့” ဟု ၎င်းကဆက်လက်ပြောသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ၏ ပြောကြားချက်အရ မြန်မာ့အရေးအပေါ် ငြိမ်းချမ်းစွာဖြေရှင်းလိုသောဆန္ဒကို လူသိရှင်ကြား ထုတ်ပြန်ကြေညာခြင်းဖြစ်ပြီး လက်တွေ့ဆောင်ရွက်မှုများလည်း ပါလာလိမ့်မည်ဟု ဦးကိုကိုကြီးက ဆိုသည်။

zawgyi version
War Economy ကို ထိထိေရာက္ေရာက္ အေရးယူရန္ တ႐ုတ္ခရီးစဥ္တြင္ ဦးကိုကိုႀကီး ေျပာၾကားခဲ့ဟုဆို
သန႔္ဇင္ (NP News) - ဩဂုတ္ ၈

စစ္ပြဲႏွင့္ပတ္သက္သည့္ စီးပြားေရးအက်ိဳးအျမတ္မ်ားမွတစ္ဆင့္ စစ္ပြဲမ်ားသက္ဆိုး ရွည္လာသျဖင့္ War Economy ကို ထိထိေရာက္ေရာက္ အေရးယူရန္လိုအပ္သည္ဟု တ႐ုတ္ခရီးစဥ္အတြင္း တိုက္တြန္းေျပာၾကားခဲ့ေၾကာင္း ျပည္သူ႔ပါတီဥကၠ႒ ဦးကိုကိုႀကီးက ထုတ္ေဖာ္ေျပာၾကားခဲ့သည္။

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ၊ ျပည္သူ႔ပါတီ၊ ရခိုင့္ဦးေဆာင္ပါတီ၊ ရွမ္းႏွင့္တိုင္းရင္း သားမ်ားဒီမိုကရက္တစ္ပါတီတို႔က ဖိတ္ၾကားခ်က္အရ တ႐ုတ္ႏိုင္ငံသို႔ ဇူလိုင္လ ၂၀ ရက္မွ ၂၇ ရက္ေန႔ အထိ သြားေရာက္ခဲ့ရာတြင္ အဆိုပါႏိုင္ငံမွ တာဝန္ရွိသူ အခ်ိဳ႕ႏွင့္ေတြ႕ဆုံခဲ့စဥ္ ေျပာၾကားခဲ့သည့္ အခ်က္ အလက္မ်ားႏွင့္ပတ္သက္၍ ဇူလိုင္လ ၂၇ ရက္က ျပဳ လုပ္ေသာ သတင္းစာရွင္းလင္းပြဲတြင္ ဦးကိုကိုႀကီး က အထက္ပါအတိုင္း ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

“ကြၽန္ေတာ္တို႔ War Economy ဆိုတာ စစ္နဲ႔စီးပြားေရးက ဆက္စပ္ေနတယ္။ အဲဒီေတာ့ နယ္စပ္မွာ တရားမဝင္ကုန္သြယ္မႈေတြ အဲဒါေတြကို ထိထိ ေရာက္ေရာက္ ကိုင္တြယ္ဖို႔အေရးယူဖို႔ အထူး သျဖင့္ေတာ့ ကြၽန္ေတာ္တို႔ျဖစ္တဲ့သူကသာ စစ္ပြဲေတြ ျဖစ္တယ္သာေျပာေနတာ။ ဖားကန႔္မွာ ေက်ာက္ စိမ္းတူးေနတာေတြ။ အလုံးအရင္းနဲ႔သစ္ေတြခိုးထုတ္ေနတယ္။ ေျမရွားသတၱဳနဲ႔ ပတ္သက္တဲ့ ေျမေတြ ထုတ္ေနတယ္။ အဲဒီေတာ့ အဲဒီလိုအေျခအေနမ်ိဳးေတြ။ ေနာက္တစ္ခုက စစ္နဲ႔ဆက္စပ္တဲ့ လက္နက္ ေမွာင္ခိုေတြ ေနာက္တစ္ခါ မူးယစ္ေဆးဝါးကိစၥ၊ ၿပီးခဲ့တဲ့ ကာလမွာျဖစ္သြားတဲ့ က်ားဖ်န႔္ေပါ့ေလ။ ေလာင္း ကစား ကိစၥ။ အဲဒါေတြအားလုံးဟာ ပဋိပကၡေဒသေတြမွာ တရားဥပေဒစိုးမိုးမႈ ကင္းမဲ့တဲ့အခါမွာ ဒီလိုမ်ိဳး စစ္နဲ႔ ပတ္သက္တဲ့ စီးပြားေရးေတြျဖစ္လာတယ္။ အဲဒီ စီးပြားေရး အက်ိဳးအျမတ္ေတြကေနတစ္ဆင့္ စစ္ပြဲ ေတြသက္ဆိုးရွည္လာတယ္။ ဒါေၾကာင့္မိုလို႔ War Economy ကို ထိထိေရာက္ေရာက္အေရးယူဖို႔ ဒါကို အဓိကထားၿပီးေတာ့ ေဆြးေႏြးခဲ့ပါတယ္” ဟု ျပည္သူ႔ပါတီ ဥကၠ႒ဦးကိုကိုႀကီးက ဆိုသည္။

ထိုသို႔ တိုက္တြန္းခဲ့ၿပီးေနာက္ တ႐ုတ္ႏိုင္ငံက ျမန္မာႏိုင္ငံေျမာက္ပိုင္းေဒသ လက္ရွိအေျခအေန ႏွင့္ စပ္လ်ဥ္း၍ အလြန္ဂ႐ုျပဳလ်က္ရွိေၾကာင္း ထုတ္ျပန္ ေၾကညာခဲ့သည္ဟု ၎က ဆက္လက္ေျပာသည္။

“တ႐ုတ္ႏိုင္ငံျခားေရးေျပာခြင့္ရပုဂၢိဳလ္ Mrs. Mao Ning က ဇူလိုင္လ ၂၅ ရက္ေန႔ဆိုေတာ့ ကြၽန္ ေတာ္တို႔ဟိုမွာ ေဆြးေႏြးေနတဲ့အခ်ိန္မွာ သတင္းစာ ရွင္းလင္းပြဲမွာ ျမန္မာႏိုင္ငံေျမာက္ပိုင္းေဒသ လက္ရွိ အေျခအေနနဲ႔ စပ္လ်ဥ္းၿပီးေတာ့ အလြန္ဂ႐ုျပဳလ်က္ ရွိေၾကာင္း။ သက္ဆိုင္ရာအဖြဲ႕အသီးသီးက ေတြ႕ဆုံ ေဆြးေႏြးမႈကိုကိုင္စြဲ၍ အျမန္ဆုံးအပစ္အခတ္ရပ္စဲကာ ၿငိမ္းခ်မ္းေသာနည္းလမ္းျဖင့္ သေဘာထား ကြဲျပားမႈမ်ားကို ေျဖရွင္းၿပီးအေျခအေနပိုမိုအရွိန္ျမင့္လာမႈကိုေရွာင္ရွားရန္ အၿမဲတိုက္တြန္းလ်က္ရွိ ေၾကာင္း စသျဖင့္ေပါ့” ဟု ၎ကဆက္လက္ေျပာသည္။

တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ ရွိသူ၏ ေျပာၾကားခ်က္အရ ျမန္မာ့အေရးအေပၚ ၿငိမ္းခ်မ္းစြာေျဖရွင္းလိုေသာဆႏၵကို လူသိရွင္ၾကား ထုတ္ျပန္ေၾကညာျခင္းျဖစ္ၿပီး လက္ေတြ႕ေဆာင္႐ြက္မႈမ်ားလည္း ပါလာလိမ့္မည္ဟု ဦးကိုကိုႀကီးက ဆိုသည္။

Related news

© 2021. All rights reserved.