အဓိကရုဏ်းတွေဖြစ်ပွားနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းက ၎င်းရဲ့သံတမန်မစ်ရှင်ဝန်ထမ်းတွေကို အိန္ဒိယအစိုးရ ကယ်ထုတ်

 1236

Pika (NP News) - ဩဂုတ် ၈

အိန္ဒိယအစိုးရဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ ၎င်းရဲ့သံရုံးနဲ့ကောင်စစ်ဝန်ရုံးတွေက ဝန်ထမ်းတွေနဲ့ ၎င်းတို့ရဲ့မိသားစုတွေအားလုံးကို ဘေးလွတ်ကင်းရာကို ရွှေ့ပြောင်းခဲ့တယ်လို့ အမည်မဖော်လိုတဲ့ အစိုးရသတင်းရင်းမြစ်တွေကို ကိုးကားပြီး The Tribune သတင်းစာက ရေးသားဖော်ပြခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းမှာ ဆန္ဒပြပွဲတွေ ထပ်မံဖြစ်ပွားလာခဲ့ပြီးနောက် အိန္ဒိယအစိုးရက ၎င်းရဲ့သံရုံးနဲ့ကောင်စစ်ဝန်ရုံး ဝန်ထမ်းတွေကို ဘေးလွတ် ကင်းရာကို ရွှေ့ပြောင်းပေးမှု ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အိန္ဒိယသံတမန်တွေဟာ ဘင်္ဂလားဒေ့ရှ်မှာ ဆက်လက်နေထိုင်ပြီး မစ်ရှင်တွေကို ဆက်လက်လုပ်ကိုင်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အိန္ဒိယလူမျိုး(၁၉၀၀၀)ဝန်းကျင်နေထိုင်နေပြီး ၎င်းတို့အနက်လူ(၉)ထောင်ခန့်က ကျောင်းသားတွေဖြစ်တယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Subrahmanyam Jaishankar က ဩဂုတ်လ(၇)ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းမှာ ဆန္ဒပြပွဲတွေ စတင်ဖြစ်ပွားခဲ့တဲ့နောက်ပိုင်းတည်းက အိန္ဒိယကျောင်းသားအများစုဟာ အိန္ဒိယနိုင်ငံကို ပြန်လာခဲ့ကြတာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့ပြင် အိန္ဒိယနယ်ခြားစောင့်တပ်ဖွဲ့(BSF)ဟာ အိန္ဒိယ-ဘင်္လားဒေ့ရှ်နယ်စပ်တစ်လျှောက်မှာ လုံခြုံရေးအစီအစဉ်တွေကို တင်းကြပ်ခဲ့တယ်လို့ အိန္ဒိယမီဒီယာတွေက ရေးသားဖော်ပြခဲ့ပါတယ်။ ဆန္ဒပြပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့ပြီးနောက် ဩဂုတ်လ(၅)ရက်နေ့က ရာထူးကနေနှုတ်ထွက်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာဟာ ၎င်းကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ နေထိုင်ခွင့်ပေးဖို့အတွက် အိန္ဒိယအစိုးရကို တောင်းဆိုခဲ့တယ်လို့လည်းသိရပါတယ်။

zawgyi version
အဓိက႐ုဏ္းေတြျဖစ္ပြားေနတဲ့ ဘဂၤလားေဒ့ရွ္ႏိုင္ငံတြင္းက ၎ရဲ႕သံတမန္မစ္ရွင္ဝန္ထမ္းေတြကို အိႏၵိယအစိုးရ ကယ္ထုတ္
Pika (NP News) - ဩဂုတ္ ၈

အိႏၵိယအစိုးရဟာ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာရွိတဲ့ ၎ရဲ႕သံ႐ုံးနဲ႔ေကာင္စစ္ဝန္႐ုံးေတြက ဝန္ထမ္းေတြနဲ႔ ၎တို႔ရဲ႕မိသားစုေတြအားလုံးကို ေဘးလြတ္ကင္းရာကို ေ႐ႊ႕ေျပာင္းခဲ့တယ္လို႔ အမည္မေဖာ္လိုတဲ့ အစိုးရသတင္းရင္းျမစ္ေတြကို ကိုးကားၿပီး The Tribune သတင္းစာက ေရးသားေဖာ္ျပခဲ့ပါတယ္။

ဘဂၤလားေဒ့ရွ္ႏိုင္ငံတြင္းမွာ ဆႏၵျပပြဲေတြ ထပ္မံျဖစ္ပြားလာခဲ့ၿပီးေနာက္ အိႏၵိယအစိုးရက ၎ရဲ႕သံ႐ုံးနဲ႔ေကာင္စစ္ဝန္႐ုံး ဝန္ထမ္းေတြကို ေဘးလြတ္ ကင္းရာကို ေ႐ႊ႕ေျပာင္းေပးမႈ ထြက္ေပၚလာတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း အိႏၵိယသံတမန္ေတြဟာ ဘဂၤလားေဒ့ရွ္မွာ ဆက္လက္ေနထိုင္ၿပီး မစ္ရွင္ေတြကို ဆက္လက္လုပ္ကိုင္သြားမွာျဖစ္တယ္လို႔လည္း သိရပါတယ္။ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ အိႏၵိယလူမ်ိဳး(၁၉၀၀၀)ဝန္းက်င္ေနထိုင္ေနၿပီး ၎တို႔အနက္လူ(၉)ေထာင္ခန႔္က ေက်ာင္းသားေတြျဖစ္တယ္လို႔ အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီး Subrahmanyam Jaishankar က ဩဂုတ္လ(၇)ရက္ေန႔မွာ ေျပာၾကားခဲ့ပါတယ္။ ဘဂၤလားေဒ့ရွ္ႏိုင္ငံတြင္းမွာ ဆႏၵျပပြဲေတြ စတင္ျဖစ္ပြားခဲ့တဲ့ေနာက္ပိုင္းတည္းက အိႏၵိယေက်ာင္းသားအမ်ားစုဟာ အိႏၵိယႏိုင္ငံကို ျပန္လာခဲ့ၾကတာျဖစ္တယ္လို႔လည္း သိရပါတယ္။

ဒါ့ျပင္ အိႏၵိယနယ္ျခားေစာင့္တပ္ဖြဲ႕(BSF)ဟာ အိႏၵိယ-ဘလၤားေဒ့ရွ္နယ္စပ္တစ္ေလွ်ာက္မွာ လုံၿခဳံေရးအစီအစဥ္ေတြကို တင္းၾကပ္ခဲ့တယ္လို႔ အိႏၵိယမီဒီယာေတြက ေရးသားေဖာ္ျပခဲ့ပါတယ္။ ဆႏၵျပပြဲေတြ ျပန္လည္ျဖစ္ပြားခဲ့ၿပီးေနာက္ ဩဂုတ္လ(၅)ရက္ေန႔က ရာထူးကေနႏႈတ္ထြက္ခဲ့တဲ့ ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္ ရွိတ္ဟာစီနာဟာ ၎ကို အိႏၵိယႏိုင္ငံ နယူးေဒလီၿမိဳ႕မွာ ေနထိုင္ခြင့္ေပးဖို႔အတြက္ အိႏၵိယအစိုးရကို ေတာင္းဆိုခဲ့တယ္လို႔လည္းသိရပါတယ္။

Related news

© 2021. All rights reserved.