အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေကိုလျှော့ချဖို့ နိုင်ငံတိုင်းကိုဖိအားပေးသွားမယ်လို့ အမေရိကန်အစိုးရပြော
691
Pika (NP News) - သြဂုတ် ၈
အစ္စရေးအပါအဝင် အရှေ့အလယ်ပိုင်းဒေသမှာရှိတဲ့ နိုင်ငံတွေအားလုံးဟာ တင်းမာမှုတွေမြင့်တက်လာစေမယ့် လုပ်ရပ်တွေကို ရှောင်ရှားသင့်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ထုတ်ဖော်ပြောခဲ့ပါ တယ်။
တီဟီရန်မြို့ကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခံရစဉ်အချိန်အတွင်း ဟားမက်အကြီးတန်းအရာရှိတစ်ဦး လုပ်ကြံ သတ်ဖြတ်ခံရပြီးနောက်ပိုင်း အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေ မြင့်တက်လာတာလည်းဖြစ်ပါတယ်။ ဟားမက်အဖွဲ့နိုင်ငံရေးခေါင်းဆောင် Ismail Haniyeh ဟာ ပြီးခဲ့တဲ့သီတင်းပတ်က တီဟီရန်မြို့ကို ဗုံးကြဲတိုက်ခိုက် မှုအတွင်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။
Ismail Haniyeh ဟာ အီရန်သမ္မတသစ်ကျမ်းသစ္စာကျိန်ဆိုပွဲကိုတက်ရောက်ပြီး တစ်ရက်အကြာမှာ ယခုလိုလုပ်ကြံ သတ်ဖြတ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။ အန်တိုနီဘလင်ကန်က “ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ကျွန်တော်တို့ဟာ အရှေ့အလယ်ပိုင်းဒေသတွင်းက မိတ်ဖက်တွေနဲ့ဆက်သွယ်မှုတွေကို အဆက်မပြတ်လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီ စကားဝိုင်းတွေမှာ ပြတ်သားတဲ့သဘောဆန္ဒတွေကို ကျွန်တော်တို့ကြားခဲ့ရပါတယ်။ ဒီပဋိပက္ခကို ဘယ်သူကမှ အရှိန်မမြှင့်သင့်ပါဘူး” လို့ ပြောခဲ့ပါတယ်။
အစ္စရေးကိုကာကွယ်မယ့် အမေရိကန်ရဲ့ကတိဝတ်တွေကို အန်တိုနီဘလင်ကန်က ထပ်လောင်းပြောကြားခဲ့ပေမယ့် လည်း အစ္စရေးနိုင်ငံဟာ ၎င်းရဲ့လုပ်ရပ်တွေကို အတိုင်းအတာတစ်ခုအထိသာ လုပ်ဆောင်သင့်တယ်လို့ အလေးပေး ပြောကြားခဲ့ပါတယ်။ အန်တိုနီဘလင်ကန်က “နောက်ထပ်တိုက်ခိုက်မှုတွေဟာ ဘယ်သူကမှ ထိန်းချုပ်နိုင်တာမျိုး မရှိသလို ဘယ်သူကမှမခန့်မှန်းနိုင်တဲ့ အန္တရာယ်ရှိတဲ့ရလဒ်တွေကိုသာ မြှင့်တင်ပေးသလိုဖြစ်ပါလိမ့်မယ်။ ဒီပဋိပက္ခ ကို တိုးမြင့်လာစေနိုင်တဲ့ အရာအားလုံးကိုရှောင်ရှားနိုင်ဖို့အတွက် အစ္စရေး အပါအဝင် ပါဝင်သူတွေအားလုံးကို အမေရိကန်က ဖိအားပေးသွားမှာပါ” လို့ ပြောခဲ့ပါတယ်။
Zawgyi Version;
အေရွ႕အလယ္ပိုင္းေဒသမွာ တင္းမာမႈေတြကိုေလွ်ာ့ခ်ဖို႔ ႏိုင္ငံတိုင္းကို ဖိအားေပးသြားမယ္လို႔ အေမရိကန္အစိုးရေျပာ
Pika (NP News) - ၾသဂုတ္ ၈
အစၥေရးအပါအဝင္ အေရွ႕အလယ္ပိုင္းေဒသမွာရွိတဲ့ ႏိုင္ငံေတြအားလုံးဟာ တင္းမာမႈေတြျမင့္တက္လာေစမယ့္ လုပ္ရပ္ေတြကို ေရွာင္ရွားသင့္တယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး အန္တိုနီဘလင္ကန္က ထုတ္ေဖာ္ေျပာခဲ့ပါ တယ္။
တီဟီရန္ၿမိဳ႕ကို ဒုံးက်ည္ေတြနဲ႔ တိုက္ခိုက္ခံရစဥ္အခ်ိန္အတြင္း ဟားမက္အႀကီးတန္းအရာရွိတစ္ဦး လုပ္ႀကံ သတ္ျဖတ္ခံရၿပီးေနာက္ပိုင္း အေရွ႕အလယ္ပိုင္းေဒသမွာ တင္းမာမႈေတြ ျမင့္တက္လာတာလည္းျဖစ္ပါတယ္။ ဟားမက္အဖြဲ႕ႏိုင္ငံေရးေခါင္းေဆာင္ Ismail Haniyeh ဟာ ၿပီးခဲ့တဲ့သီတင္းပတ္က တီဟီရန္ၿမိဳ႕ကို ဗုံးႀကဲတိုက္ခိုက္ မႈအတြင္း လုပ္ႀကံသတ္ျဖတ္ခံခဲ့ရတာလည္းျဖစ္ပါတယ္။
Ismail Haniyeh ဟာ အီရန္သမၼတသစ္က်မ္းသစၥာက်ိန္ဆိုပြဲကိုတက္ေရာက္ၿပီး တစ္ရက္အၾကာမွာ ယခုလိုလုပ္ႀကံ သတ္ျဖတ္ခံခဲ့ရတာလည္းျဖစ္ပါတယ္။ အန္တိုနီဘလင္ကန္က “ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းမွာ ကြၽန္ေတာ္တို႔ဟာ အေရွ႕အလယ္ပိုင္းေဒသတြင္းက မိတ္ဖက္ေတြနဲ႔ဆက္သြယ္မႈေတြကို အဆက္မျပတ္လုပ္ေဆာင္ခဲ့ပါတယ္။ အဲဒီ စကားဝိုင္းေတြမွာ ျပတ္သားတဲ့သေဘာဆႏၵေတြကို ကြၽန္ေတာ္တို႔ၾကားခဲ့ရပါတယ္။ ဒီပဋိပကၡကို ဘယ္သူကမွ အရွိန္မျမႇင့္သင့္ပါဘူး” လို႔ ေျပာခဲ့ပါတယ္။
အစၥေရးကိုကာကြယ္မယ့္ အေမရိကန္ရဲ႕ကတိဝတ္ေတြကို အန္တိုနီဘလင္ကန္က ထပ္ေလာင္းေျပာၾကားခဲ့ေပမယ့္ လည္း အစၥေရးႏိုင္ငံဟာ ၎ရဲ႕လုပ္ရပ္ေတြကို အတိုင္းအတာတစ္ခုအထိသာ လုပ္ေဆာင္သင့္တယ္လို႔ အေလးေပး ေျပာၾကားခဲ့ပါတယ္။ အန္တိုနီဘလင္ကန္က “ေနာက္ထပ္တိုက္ခိုက္မႈေတြဟာ ဘယ္သူကမွ ထိန္းခ်ဳပ္ႏိုင္တာမ်ိဳး မရွိသလို ဘယ္သူကမွမခန႔္မွန္းႏိုင္တဲ့ အႏၲရာယ္ရွိတဲ့ရလဒ္ေတြကိုသာ ျမႇင့္တင္ေပးသလိုျဖစ္ပါလိမ့္မယ္။ ဒီပဋိပကၡ ကို တိုးျမင့္လာေစႏိုင္တဲ့ အရာအားလုံးကိုေရွာင္ရွားႏိုင္ဖို႔အတြက္ အစၥေရး အပါအဝင္ ပါဝင္သူေတြအားလုံးကို အေမရိကန္က ဖိအားေပးသြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။