ထိုင်းတရားရုံးက Move Forward Party ဝန်ကြီးချုပ် ပီတာကို နိုင်ငံရေးလောကမှ ၁ဝ နှစ်ကြာပိတ်ပင်ခဲ့ပြီး ပါတီကို ဖျက်သိမ်းရန် ဆုံးဖြတ်ချက်ချ

 951

ALynn (NP News) - သြဂုတ် ၈

ရှေးရိုးဆန်သော တော်ဝင်အသရေဖျက်မှုဥပဒေများကို ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းခဲ့ခြင်းကြောင့် ထိုင်းနိုင်ငံ၏ ရေပန်းအစားဆုံး နိုင်ငံရေးသမားကို နိုင်ငံရေးမှ ၁၀ နှစ်ကြာ ပိတ်ပင်ခဲ့ပြီး ၎င်း၏ ပါတီကို ဗုဒ္ဓဟူးနေ့ (သြဂုတ်လ ၇ ရက်) တွင် ဖျက်သိမ်းခဲ့သည်။
ဘန်ကောက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးသည် Move Forward Party (MFP) နှင့် ၎င်း၏ အမှုဆောင်ဘုတ်အဖွဲ့အား ဖျက်သိမ်းရန် တညီတညွတ်တည်း မဲခွဲဆုံးဖြတ်ခဲ့ပြီး ၎င်း၏ ခေါင်းဆောင်ဟောင်း ပီတာလင်ဂျာရိုအန်ရတ် အပါအဝင် ၁၀ နှစ်ကြာ ပိတ်ပင်ခဲ့ကြောင်း တရားသူကြီး Punya Udchachon က ပြော ကြားခဲ့သည်။

အသက် ၄၃ နှစ်အရွယ် ပီတာသည် ထိုင်းနိုင်ငံ၏ တင်းကျပ်သော တော်ဝင်အသရေဖျက်မှုဥပဒေကို ပြုပြင် ပြောင်းလဲမည်ဟု ကတိပြုပြီး လူငယ်များ၊ မြို့ပြမဲဆန္ဒရှင်များနှင့်အပြိုင် ကြွေးကြော်ခဲ့ပြီးနောက် MFP ပါတီကို ပြီးခဲ့သည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အံ့အားသင့်ဖွယ် ပထမနေရာသို့ ရောက်အောင်ဦးဆောင်နိုင်ခဲ့သည်။

"ဒီနေ့တစ်ရက်ပဲ ဝမ်းနည်းပါရစေ။ ဒါပေမယ့် မနက်ဖြန်မှာ ကျွန်တော်တို့ ဆက်လက်ကြိုးစားလုပ်ဆောင်ပြီး နောက်ရွေးကောက်ပွဲမှာ ကျွန်တော်တို့ရဲ့စိတ်ပျက်စရာအခြေအနေတွေကို မဲပေးရင်း ပြန်လည်ကုစားလိုက်ရ အောင်" ဟု ပီတာက ဗုဒ္ဓဟူးနေ့ ညနေခင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
၎င်းဝန်ကြီးချုပ်ဖြစ်လာရန် အခြေအနေများကို အထက်လွှတ်တော်ရှိ ကွန်ဆာဗေးတစ်အင်အားစုများက တားမြစ်ခဲ့ သည်။ ဝန်ကြီးချုပ် ဆရတ်သာထာဝီဆင်း လက်ထက်တွင် စစ်တပ်နှင့် ဆက်နွယ်သောပါတီများက ညွန့်ပေါင်းအဖွဲ့ အဖြစ် ပေါ်ပေါက်လာခဲ့သည်။

ဥရောပသမဂ္ဂ၊ အမေရိကန်၊ ကုလသမဂ္ဂနှင့် လူ့အခွင့်အရေးအဖွဲ့များက တရားရုံး၏ ဆုံးဖြတ်ချက်ကို ပြစ်တင် ရှုတ်ချကြပြီး အီးယူက ထိုင်းနိုင်ငံတွင် ဒီမိုကရေစီ ပွင့်လင်းမှုကို ထိခိုက်စေသည်ဟု ဆိုသည်။ “ပါတီများ နှင့် ကိုယ်စားလှယ်လောင်းများ အသာစီးမရှိဘဲ မည်သည့်ဒီမိုကရေစီစနစ်မှ လုပ်ဆောင်နိုင်မည်မဟုတ်” ဟု အီးယူ ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Matthew Miller က အဆိုပါစီရင်ချက်သည် ထိုင်းပြည် သူများ၏ ခိုင်မာသော ဒီမိုကရေစီအနာဂတ်မျှော်မှန်းချက် နှင့် ဆန့်ကျင်ကြောင်း ပြောဆိုခဲ့သည်။
“ထိုင်းနိုင်ငံမှာ ဗဟုဝါဒနဲ့ ဒီမိုကရေစီနဲ့ အခြေခံလွတ်လပ်စွာ အသင်းအဖွဲ့နဲ့ထုတ်ဖော်ပြောဆိုခွင့်အတွက် ဆုတ်ယုတ်မှုပါပဲ” ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ Farhan Haq က သတင်းထောက်များအား ပြောကြားခဲ့သည်။

မတ်လတွင် ထိုင်းနိုင်ငံ ရွေးကောက်ပွဲကော်မရှင်က MFP ကို ဖျက်သိမ်းရန် ထိပ်တန်းတရားရုံးကို တောင်းဆိုသော အခါ Pita ၏ နိုင်ငံရေးလောကသည် တုန်လှုပ်သွားခဲ့သည်။ ဘုရင်စနစ်ကို ဖြုတ်ချရန် ဦးတည်နေသည့် တော်ဝင် ဥပဒေကို ပြုပြင်ပြောင်းလဲရန် ကတိကဝတ်ပြုပြီးနောက် ထိုကဲ့သို့ဖြစ်ရပ်များ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ထိုင်းနိုင်ငံတွင် ဘုရင်သည် မြင့်မြတ်သော အဆင့်အတန်းတစ်ခုအဖြစ်သတ်မှတ်ထားပြီး ၎င်းအား စော်ကားသော အပြုအမူများအတွက် စီရင်ချက်သည် အလွန်ပြင်းထန်သည်။

Zawgyi Version;
ထိုင္းတရား႐ုံးက Move Forward Party ဝန္ႀကီးခ်ဳပ္ ပီတာကို ႏိုင္ငံေရးေလာကမွ ၁ဝ ႏွစ္ၾကာပိတ္ပင္ခဲ့ၿပီး ပါတီကို ဖ်က္သိမ္းရန္ ဆုံးျဖတ္ခ်က္ခ်
ALynn (NP News) - ၾသဂုတ္ ၈

ေရွး႐ိုးဆန္ေသာ ေတာ္ဝင္အသေရဖ်က္မႈဥပေဒမ်ားကို ျပဳျပင္ေျပာင္းလဲရန္ ႀကိဳးပမ္းခဲ့ျခင္းေၾကာင့္ ထိုင္းႏိုင္ငံ၏ ေရပန္းအစားဆုံး ႏိုင္ငံေရးသမားကို ႏိုင္ငံေရးမွ ၁၀ ႏွစ္ၾကာ ပိတ္ပင္ခဲ့ၿပီး ၎၏ ပါတီကို ဗုဒၶဟူးေန႔ (ၾသဂုတ္လ ၇ ရက္) တြင္ ဖ်က္သိမ္းခဲ့သည္။
ဘန္ေကာက္ရွိ ဖြဲ႕စည္းပုံအေျခခံဥပေဒဆိုင္ရာတရား႐ုံးသည္ Move Forward Party (MFP) ႏွင့္ ၎၏ အမႈေဆာင္ဘုတ္အဖြဲ႕အား ဖ်က္သိမ္းရန္ တညီတၫြတ္တည္း မဲခြဲဆုံးျဖတ္ခဲ့ၿပီး ၎၏ ေခါင္းေဆာင္ေဟာင္း ပီတာလင္ဂ်ာ႐ိုအန္ရတ္ အပါအဝင္ ၁၀ ႏွစ္ၾကာ ပိတ္ပင္ခဲ့ေၾကာင္း တရားသူႀကီး Punya Udchachon က ေျပာ ၾကားခဲ့သည္။

အသက္ ၄၃ ႏွစ္အ႐ြယ္ ပီတာသည္ ထိုင္းႏိုင္ငံ၏ တင္းက်ပ္ေသာ ေတာ္ဝင္အသေရဖ်က္မႈဥပေဒကို ျပဳျပင္ ေျပာင္းလဲမည္ဟု ကတိျပဳၿပီး လူငယ္မ်ား၊ ၿမိဳ႕ျပမဲဆႏၵရွင္မ်ားႏွင့္အၿပိဳင္ ေႂကြးေၾကာ္ခဲ့ၿပီးေနာက္ MFP ပါတီကို ၿပီးခဲ့သည့္ႏွစ္ အေထြေထြေ႐ြးေကာက္ပြဲတြင္ အံ့အားသင့္ဖြယ္ ပထမေနရာသို႔ ေရာက္ေအာင္ဦးေဆာင္ႏိုင္ခဲ့သည္။

"ဒီေန႔တစ္ရက္ပဲ ဝမ္းနည္းပါရေစ။ ဒါေပမယ့္ မနက္ျဖန္မွာ ကြၽန္ေတာ္တို႔ ဆက္လက္ႀကိဳးစားလုပ္ေဆာင္ၿပီး ေနာက္ေ႐ြးေကာက္ပြဲမွာ ကြၽန္ေတာ္တို႔ရဲ႕စိတ္ပ်က္စရာအေျခအေနေတြကို မဲေပးရင္း ျပန္လည္ကုစားလိုက္ရ ေအာင္" ဟု ပီတာက ဗုဒၶဟူးေန႔ ညေနခင္း သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားခဲ့သည္။
၎ဝန္ႀကီးခ်ဳပ္ျဖစ္လာရန္ အေျခအေနမ်ားကို အထက္လႊတ္ေတာ္ရွိ ကြန္ဆာေဗးတစ္အင္အားစုမ်ားက တားျမစ္ခဲ့ သည္။ ဝန္ႀကီးခ်ဳပ္ ဆရတ္သာထာဝီဆင္း လက္ထက္တြင္ စစ္တပ္ႏွင့္ ဆက္ႏြယ္ေသာပါတီမ်ားက ၫြန႔္ေပါင္းအဖြဲ႕ အျဖစ္ ေပၚေပါက္လာခဲ့သည္။

ဥေရာပသမဂၢ၊ အေမရိကန္၊ ကုလသမဂၢႏွင့္ လူ႔အခြင့္အေရးအဖြဲ႕မ်ားက တရား႐ုံး၏ ဆုံးျဖတ္ခ်က္ကို ျပစ္တင္ ရႈတ္ခ်ၾကၿပီး အီးယူက ထိုင္းႏိုင္ငံတြင္ ဒီမိုကေရစီ ပြင့္လင္းမႈကို ထိခိုက္ေစသည္ဟု ဆိုသည္။ “ပါတီမ်ား ႏွင့္ ကိုယ္စားလွယ္ေလာင္းမ်ား အသာစီးမရွိဘဲ မည္သည့္ဒီမိုကေရစီစနစ္မွ လုပ္ေဆာင္ႏိုင္မည္မဟုတ္” ဟု အီးယူ ေျပာေရးဆိုခြင့္ရွိသူက ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ Matthew Miller က အဆိုပါစီရင္ခ်က္သည္ ထိုင္းျပည္ သူမ်ား၏ ခိုင္မာေသာ ဒီမိုကေရစီအနာဂတ္ေမွ်ာ္မွန္းခ်က္ ႏွင့္ ဆန႔္က်င္ေၾကာင္း ေျပာဆိုခဲ့သည္။
“ထိုင္းႏိုင္ငံမွာ ဗဟုဝါဒနဲ႔ ဒီမိုကေရစီနဲ႔ အေျခခံလြတ္လပ္စြာ အသင္းအဖြဲ႕နဲ႔ထုတ္ေဖာ္ေျပာဆိုခြင့္အတြက္ ဆုတ္ယုတ္မႈပါပဲ” ဟု ကုလသမဂၢ အေထြေထြအတြင္းေရးမႉးခ်ဳပ္၏ လက္ေထာက္ေျပာေရးဆိုခြင့္ရွိသူ Farhan Haq က သတင္းေထာက္မ်ားအား ေျပာၾကားခဲ့သည္။

မတ္လတြင္ ထိုင္းႏိုင္ငံ ေ႐ြးေကာက္ပြဲေကာ္မရွင္က MFP ကို ဖ်က္သိမ္းရန္ ထိပ္တန္းတရား႐ုံးကို ေတာင္းဆိုေသာ အခါ Pita ၏ ႏိုင္ငံေရးေလာကသည္ တုန္လႈပ္သြားခဲ့သည္။ ဘုရင္စနစ္ကို ျဖဳတ္ခ်ရန္ ဦးတည္ေနသည့္ ေတာ္ဝင္ ဥပေဒကို ျပဳျပင္ေျပာင္းလဲရန္ ကတိကဝတ္ျပဳၿပီးေနာက္ ထိုကဲ့သို႔ျဖစ္ရပ္မ်ား ေပၚေပါက္လာျခင္းျဖစ္သည္။ ထိုင္းႏိုင္ငံတြင္ ဘုရင္သည္ ျမင့္ျမတ္ေသာ အဆင့္အတန္းတစ္ခုအျဖစ္သတ္မွတ္ထားၿပီး ၎အား ေစာ္ကားေသာ အျပဳအမူမ်ားအတြက္ စီရင္ခ်က္သည္ အလြန္ျပင္းထန္သည္။

Related news

© 2021. All rights reserved.