ယခုလမှစ၍ နိုင်ငံအလိုက် မိသားစုလွှဲပို့ငွေစာရင်းကို တင်ပြနိုင်ခြင်းမရှိသည့် အေဂျင်စီများကို စေလွှတ်ရေးလုပ်ငန်းစဥ်များ ယာယီဆိုင်းငံ့မည်

 4831

ယွန်း (NP News) - သြဂုတ် ၈

ယခုလမှစ၍ နိုင်ငံအလိုက် မိသားစုလွှဲပို့ငွေစာရင်းကို တင်ပြနိုင်ခြင်းမရှိသည့် အေဂျင်စီများကို စေလွှတ်ရေးလုပ်ငန်းစဥ်များ ယာယီဆိုင်းငံ့သွားမည် ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက အေဂျင်စီများထံ စာပေးပို့အကြောင်းကြားခဲ့ကြောင်း သိရသည်။

ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီနှင့် အလုပ်သမားကြားတွင် ချုပ်ဆိုရမည့် စံစာချုပ်ကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့တွင် အ‌ကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာချုပ်အရ သက်ဆိုင်ရာအေဂျင်စီများအနေဖြင့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလမှ ၂၀၂၄ ခုနှစ်၊ ဧပြီလအထိ ၎င်းတို့စေလွှတ်ထားသည့် အလုပ်သမားများမှ မိသားစုလွှဲပို့ငွေ စာရင်းကိုပြုစု၍ Microsoft excel soft copy ကို ငွေလွှဲပေးပို့သည့် အထောက်အထားများပူးတွဲကာ ဇွန်လမှစတင်၍ လစဥ်လဆန်း ၅ ရက်ထက် နောက်မကျဘဲ ပေးပို့သွားရန် ဝန်ကြီးဌာနက အကြောင်းကြားထားပြီးဖြစ်သည်။

ယခုအခါ ဝန်ကြီးဌာနမှ ပြည်ပနိုင်ငံများသို့ အလုပ်သမားစေလွှတ်သည့် အေဂျင်စီများအနေဖြင့် မိမိစေလွှတ်သည့် အလုပ်သမားတစ်ဦးချင်းအလိုက် မိသားစု လွှဲပို့ငွေ လွှဲပို့ထားမှု အခြေအနေများကို အသေးစိတ်ပြုစုတင်ပြရန် ဝန်ကြီးဌာနမှ ဆိုထားသည်။ “ပုံမှန်ကတော့ လစဥ်လဆန်း(၅)ရက်နေ့တိုင်းက လွှဲပို့လို့ရတဲ့ စာရင်းတွေကို ပြန်တင်ပေးရတယ်။ ၂၀၂၃ အောက်တိုဘာထဲကနေစပြီး ပို့လိုက်တဲ့ကလေးတွေက သွားငြိတာပေါ့။ အားလုံးကတော့ လစဥ်(၅)ရက်နေ့မတိုင်ခင် ပေးရမယ်ဆိုပြီး ပါတယ်။ အဲဒီလိုမပို့နိုင်တဲ့ အေဂျင်စီတွေကို အရေးယူမယ်ဆိုပြီး လုပ်လိုက်တာ။ အေဂျင်စီတွေအနေနဲ့ အလုပ်သမားတွေပေးပို့နိုင်အောင် ဒီဘက်ကနေ ဆောင်ရွက်ရမယ့် တာဝန်ရှိတယ်။ ဒါပေမဲ့ အလုပ်သမားတွေအနေနဲ့ ဟိုဘက်ရောက်သွားရင် ဒီဘက်ကို ပိုက်ဆံပြန်မပို့တာရှိတယ်။ ထိုင်းဆိုရင်ပိုဆိုးတယ်။ ဟွန်ဒီတွေကနေပဲပြန်ပို့ကြတယ်။ ဘဏ်စနစ်အချင်းချင်းပို့မယ်ဆိုရင် ဒီဘက်က ကော်မရှင်လည်းရတော့ GDP တက်လာတာပေါ့။ ဒါပေမယ့်လည်း အပြင်ပေါက်ဈေးနဲ့ ဗဟိုဘဏ်သတ်မှတ်နှုန်းနဲ့ ကွာနေတော့ ဘဏ်တွေကနေ မလွှဲကြဘူး။ ဒီပြဿနာတော့ရှိတယ်”ဟု မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF)မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြော သည်။

ထို့ကြောင့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလမှစ၍ ပြည်ပနိုင်ငံများသို့ အလုပ် သမားစေလွှတ်ခဲ့သည့် အေဂျင်စီများအနေဖြင့် လစဥ်မိသားစုလွှဲပို့ငွေစာရင်းများ ပေးပို့တင်ပြမှုနှင့်ပတ်သက်၍ နိုင်ငံအလိုက်မိသားစုလွှဲပို့ငွေစာရင်းကို ယခု သြဂုတ်လမှစ၍ အထောက်အထားများနှင့်အတူ [email protected] သို့ လစဥ်လဆန်း(၅)ရက်ထက် နောက်မကျဘဲ တင်ပြရန် အသိပေးထားသည်။ အချိန်မီတင်ပြခြင်းမရှိပါက စေလွှတ်ရေးလုပ်ငန်းစဥ်များကို ယာယီဆိုင်းငံ့သွားမည်ဖြစ်ပြီး ဝန်ကြီးဌာနမှ ဇူလိုင်(၁၆)ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အမိန့်ကြေညာစာအရ ဒဏ်ကြေး ငွေများ ကောက်ခံသွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ အသိပေးအကြောင်းကြားထားသည်။

zawgyi version
ယခုလမွစ၍ ႏိုင္ငံအလိုက္ မိသားစုလႊဲပို႔ေငြစာရင္းကို တင္ျပႏိုင္ျခင္းမရွိသည့္ ေအဂ်င္စီမ်ားကို ေစလႊတ္ေရးလုပ္ငန္းစဥ္မ်ား ယာယီဆိုင္းငံ့မည္

ယြန္း (NP News) - ၾသဂုတ္ ၈

ယခုလမွစ၍ ႏိုင္ငံအလိုက္ မိသားစုလႊဲပို႔ေငြစာရင္းကို တင္ျပႏိုင္ျခင္းမရွိသည့္ ေအဂ်င္စီမ်ားကို ေစလႊတ္ေရးလုပ္ငန္းစဥ္မ်ား ယာယီဆိုင္းငံ့သြားမည္ ျဖစ္ေၾကာင္း အလုပ္သမားဝန္ႀကီးဌာနက ေအဂ်င္စီမ်ားထံ စာေပးပို႔အေၾကာင္းၾကားခဲ့ေၾကာင္း သိရသည္။

ျပည္ပအလုပ္အကိုင္အက်ိဳးေဆာင္လိုင္စင္ရေအဂ်င္စီႏွင့္ အလုပ္သမားၾကားတြင္ ခ်ဳပ္ဆိုရမည့္ စံစာခ်ဳပ္ကို ၿပီးခဲ့သည့္ ၂၀၂၃ ခုႏွစ္၊ စက္တင္ဘာလ ၁ ရက္ေန႔တြင္ အ‌ေကာင္အထည္ေဖာ္ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ စာခ်ဳပ္အရ သက္ဆိုင္ရာေအဂ်င္စီမ်ားအေနျဖင့္ ၂၀၂၃ ခုႏွစ္၊ စက္တင္ဘာလမွ ၂၀၂၄ ခုႏွစ္၊ ဧၿပီလအထိ ၎တို႔ေစလႊတ္ထားသည့္ အလုပ္သမားမ်ားမွ မိသားစုလႊဲပို႔ေငြ စာရင္းကိုျပဳစု၍ Microsoft excel soft copy ကို ေငြလႊဲေပးပို႔သည့္ အေထာက္အထားမ်ားပူးတြဲကာ ဇြန္လမွစတင္၍ လစဥ္လဆန္း ၅ ရက္ထက္ ေနာက္မက်ဘဲ ေပးပို႔သြားရန္ ဝန္ႀကီးဌာနက အေၾကာင္းၾကားထားၿပီးျဖစ္သည္။

ယခုအခါ ဝန္ႀကီးဌာနမွ ျပည္ပႏိုင္ငံမ်ားသို႔ အလုပ္သမားေစလႊတ္သည့္ ေအဂ်င္စီမ်ားအေနျဖင့္ မိမိေစလႊတ္သည့္ အလုပ္သမားတစ္ဦးခ်င္းအလိုက္ မိသားစု လႊဲပို႔ေငြ လႊဲပို႔ထားမႈ အေျခအေနမ်ားကို အေသးစိတ္ျပဳစုတင္ျပရန္ ဝန္ႀကီးဌာနမွ ဆိုထားသည္။ “ပုံမွန္ကေတာ့ လစဥ္လဆန္း(၅)ရက္ေန႔တိုင္းက လႊဲပို႔လို႔ရတဲ့ စာရင္းေတြကို ျပန္တင္ေပးရတယ္။ ၂၀၂၃ ေအာက္တိုဘာထဲကေနစၿပီး ပို႔လိုက္တဲ့ကေလးေတြက သြားၿငိတာေပါ့။ အားလုံးကေတာ့ လစဥ္(၅)ရက္ေန႔မတိုင္ခင္ ေပးရမယ္ဆိုၿပီး ပါတယ္။ အဲဒီလိုမပို႔ႏိုင္တဲ့ ေအဂ်င္စီေတြကို အေရးယူမယ္ဆိုၿပီး လုပ္လိုက္တာ။ ေအဂ်င္စီေတြအေနနဲ႔ အလုပ္သမားေတြေပးပို႔ႏိုင္ေအာင္ ဒီဘက္ကေန ေဆာင္႐ြက္ရမယ့္ တာဝန္ရွိတယ္။ ဒါေပမဲ့ အလုပ္သမားေတြအေနနဲ႔ ဟိုဘက္ေရာက္သြားရင္ ဒီဘက္ကို ပိုက္ဆံျပန္မပို႔တာရွိတယ္။ ထိုင္းဆိုရင္ပိုဆိုးတယ္။ ဟြန္ဒီေတြကေနပဲျပန္ပို႔ၾကတယ္။ ဘဏ္စနစ္အခ်င္းခ်င္းပို႔မယ္ဆိုရင္ ဒီဘက္က ေကာ္မရွင္လည္းရေတာ့ GDP တက္လာတာေပါ့။ ဒါေပမယ့္လည္း အျပင္ေပါက္ေဈးနဲ႔ ဗဟိုဘဏ္သတ္မွတ္ႏႈန္းနဲ႔ ကြာေနေတာ့ ဘဏ္ေတြကေန မလႊဲၾကဘူး။ ဒီျပႆနာေတာ့ရွိတယ္”ဟု ျမန္မာျပည္ပအလုပ္အကိုင္ဝန္ေဆာင္မႈလုပ္ငန္းရွင္မ်ားအဖြဲ႕ခ်ဳပ္(MOEAF)မွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာ သည္။

ထို႔ေၾကာင့္ ၂၀၂၃ ခုႏွစ္၊ စက္တင္ဘာလမွစ၍ ျပည္ပႏိုင္ငံမ်ားသို႔ အလုပ္ သမားေစလႊတ္ခဲ့သည့္ ေအဂ်င္စီမ်ားအေနျဖင့္ လစဥ္မိသားစုလႊဲပို႔ေငြစာရင္းမ်ား ေပးပို႔တင္ျပမႈႏွင့္ပတ္သက္၍ ႏိုင္ငံအလိုက္မိသားစုလႊဲပို႔ေငြစာရင္းကို ယခု ၾသဂုတ္လမွစ၍ အေထာက္အထားမ်ားႏွင့္အတူ [email protected] သို႔ လစဥ္လဆန္း(၅)ရက္ထက္ ေနာက္မက်ဘဲ တင္ျပရန္ အသိေပးထားသည္။ အခ်ိန္မီတင္ျပျခင္းမရွိပါက ေစလႊတ္ေရးလုပ္ငန္းစဥ္မ်ားကို ယာယီဆိုင္းငံ့သြားမည္ျဖစ္ၿပီး ဝန္ႀကီးဌာနမွ ဇူလိုင္(၁၆)ရက္ေန႔တြင္ ထုတ္ျပန္ခဲ့သည့္ အမိန႔္ေၾကညာစာအရ ဒဏ္ေၾကး ေငြမ်ား ေကာက္ခံသြားမည္ျဖစ္ေၾကာင္း အလုပ္သမားဝန္ႀကီးဌာနမွ အသိေပးအေၾကာင္းၾကားထားသည္။

Related news

© 2021. All rights reserved.