တေလာဆွစ်ဖ်ဖျော်ဖြေပွဲမှာ ဗုံးထောင်ထားတယ်ဆိုတဲ့သတင်းကြောင့် ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမှာ ပြုလုပ်မယ့် world tour ပွဲများ ဖျက်သိမ်းလိုက်ရ

 481

ရောင်နီ (NP News) သြဂုတ် ၉

ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့မှာ ပြုလုပ်မယ့် တေလာဆွစ်ဖ်ရဲ့ world tour ဖျော်ဖြေပွဲ သုံးခုဟာ ပွဲနေရာမှာ ဗုံးထောင်ထားတယ်ဆိုတဲ့အကြောင်းရင်းကြောင့် ဖျက်သိမ်းလိုက်ရပါတယ်။

အစိုးရက ပွဲပြုလုပ်မယ့် အားကစားကွင်းမှာ အကြမ်းဖက်အဖွဲ့က ဗုံးဖောက်ခွဲတိုက်ခိုက်ဖို့ စီစဉ်ထားတယ်ဆိုတဲ့သတင်းကို အတည်ပြုပြီးနောက် ဖျက်သိမ်းခိုင်းလိုက်ခြင်းဖြစ်တယ်လို့ ပွဲစီစဉ်သူက ဗုဒ္ဓဟူးနေ့ (သြဂုတ် ၈ ရက်) နှောင်းပိုင်းမှာ ဆိုရှယ်မီဒီယာပလပ်ဖောင်း X မှ ရေးသားဖော်ပြခဲ့ပါတယ်။ "ပွဲလုပ်မယ့် Enst Happel အားကစားကွင်းမှာ အကြမ်းဖက်တိုက်ခိုက်ဖို့ စီစဉ်ထားတဲ့အရာတွေကို အစိုးရအရာရှိတွေရဲ့ရှာဖွေ အတည်ပြုနိုင်ခဲ့ပါတယ်။ လူတိုင်း ဘေးကင်းစေရေးအတွက် စီစဉ်ထားတဲ့ ရှိုးသုံးခုကို ဖျက်သိမ်းဖို့ကလွဲလို့ ရွေးချယ်စရာမရှိတော့ပါဘူး" လို့ Barracuda.music က Instagram မှာ ပို့စ်တင်ကာ ပြောကြားခဲ့ပါတယ်။

လက်မှတ်အားလုံးကိုလည်း အလိုအလျောက် ပြန်အမ်းပေးသွားမယ်လို့ ဆိုပါတယ်။ ဖျော်ဖြေပွဲမှာ တိုက်ခိုက်ဖို့ ကြံစည်တယ်လို့ သံသယရှိသူနှစ်ဦးကို သြစတြီးယားရဲတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့ (ဩဂုတ်လ ၇ ရက်) က ထိန်းသိမ်းနိုင်ခဲ့ပြီး ကျန် ၃ ဦးကတော့ ထွက်ပြေးနေတယ်လို့ ပြည်သူ့လုံခြုံရေးဆိုင်ရာညွှန်ကြားရေးမှူးချုပ် ဖရန့်ဇ်ရုဖ်က ဆိုပါတယ်။

တေလာဆွဖ်ရဲ့ဖျော်ဖြေပွဲ ၃ ခုကို ကြာသပတေးနေ့ (ဩဂုတ်လ ၈ ရက်) ကနေ စနေနေ့ (ဩဂုတ်လ ၁ဝ ရက်) အထိ ဗီယင်နာမှာ ကျင်းပဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

Zawgyi Version;
ေတလာဆြစ္ဖ္ေဖ်ာ္ေျဖပြဲမွာ ဗုံးေထာင္ထားတယ္ဆိုတဲ့သတင္းေၾကာင့္ ဩစႀတီးယားႏိုင္ငံ၊ ဗီယင္နာမွာ ျပဳလုပ္မယ့္ world tour ပြဲမ်ား ဖ်က္သိမ္းလိုက္ရ
ေရာင္နီ (NP News) ၾသဂုတ္ ၉

ဩစႀတီးယားႏိုင္ငံ၊ ဗီယင္နာၿမိဳ႕မွာ ျပဳလုပ္မယ့္ ေတလာဆြစ္ဖ္ရဲ႕ world tour ေဖ်ာ္ေျဖပြဲ သုံးခုဟာ ပြဲေနရာမွာ ဗုံးေထာင္ထားတယ္ဆိုတဲ့အေၾကာင္းရင္းေၾကာင့္ ဖ်က္သိမ္းလိုက္ရပါတယ္။

အစိုးရက ပြဲျပဳလုပ္မယ့္ အားကစားကြင္းမွာ အၾကမ္းဖက္အဖြဲ႕က ဗုံးေဖာက္ခြဲတိုက္ခိုက္ဖို႔ စီစဥ္ထားတယ္ဆိုတဲ့သတင္းကို အတည္ျပဳၿပီးေနာက္ ဖ်က္သိမ္းခိုင္းလိုက္ျခင္းျဖစ္တယ္လို႔ ပြဲစီစဥ္သူက ဗုဒၶဟူးေန႔ (ၾသဂုတ္ ၈ ရက္) ေႏွာင္းပိုင္းမွာ ဆိုရွယ္မီဒီယာပလပ္ေဖာင္း X မွ ေရးသားေဖာ္ျပခဲ့ပါတယ္။ "ပြဲလုပ္မယ့္ Enst Happel အားကစားကြင္းမွာ အၾကမ္းဖက္တိုက္ခိုက္ဖို႔ စီစဥ္ထားတဲ့အရာေတြကို အစိုးရအရာရွိေတြရဲ႕ရွာေဖြ အတည္ျပဳႏိုင္ခဲ့ပါတယ္။ လူတိုင္း ေဘးကင္းေစေရးအတြက္ စီစဥ္ထားတဲ့ ရႈိးသုံးခုကို ဖ်က္သိမ္းဖို႔ကလြဲလို႔ ေ႐ြးခ်ယ္စရာမရွိေတာ့ပါဘူး" လို႔ Barracuda.music က Instagram မွာ ပို႔စ္တင္ကာ ေျပာၾကားခဲ့ပါတယ္။

လက္မွတ္အားလုံးကိုလည္း အလိုအေလ်ာက္ ျပန္အမ္းေပးသြားမယ္လို႔ ဆိုပါတယ္။ ေဖ်ာ္ေျဖပြဲမွာ တိုက္ခိုက္ဖို႔ ႀကံစည္တယ္လို႔ သံသယရွိသူႏွစ္ဦးကို ၾသစႀတီးယားရဲတပ္ဖြဲ႕က ဗုဒၶဟူးေန႔ (ဩဂုတ္လ ၇ ရက္) က ထိန္းသိမ္းႏိုင္ခဲ့ၿပီး က်န္ ၃ ဦးကေတာ့ ထြက္ေျပးေနတယ္လို႔ ျပည္သူ႔လုံၿခဳံေရးဆိုင္ရာၫႊန္ၾကားေရးမႉးခ်ဳပ္ ဖရန႔္ဇ္႐ုဖ္က ဆိုပါတယ္။

ေတလာဆြဖ္ရဲ႕ေဖ်ာ္ေျဖပြဲ ၃ ခုကို ၾကာသပေတးေန႔ (ဩဂုတ္လ ၈ ရက္) ကေန စေနေန႔ (ဩဂုတ္လ ၁ဝ ရက္) အထိ ဗီယင္နာမွာ က်င္းပဖို႔ စီစဥ္ထားတာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.