ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် အစ္စရေးနှင့် ဟားမက်အဖွဲ့ကို အမေရိကန်၊ ကာတာ နှင့် အီဂျစ်တို့၏ ခေါင်းဆောင်များ တောင်းဆို

 513

Pika (NP News) - ဩဂုတ် ၉

အမေရိကန်၊ ကာတာ နှင့် အီဂျစ်တို့၏ခေါင်းဆောင်များသည် ဂါဇာကမ်း မြောင်ဒေသအပစ်အခတ်ရပ်စဲရေး နှင့် ဓါးစာခံများလွှတ်ပေးရေး သဘောတူညီချက်ကို အပြီးသတ်ရန်အတွက် ဩဂုတ်လ(၁၅)ရက်နေ့တွင် တွေ့ဆုံဆွေး နွေးပွဲများလုပ်ဆောင်ရန် အစ္စရေးနှင့်ဟားမက်လက်နက်ကိုင်အဖွဲ့တို့ကို တောင်းဆိုခဲ့ကြောင်းသိရသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲများကို ကာတာနိုင်ငံ ဒိုဟာမြို့ သို့မဟုတ် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ၎င်းတို့၏ပူးတွဲကြေညာ ချက်တွင် ရေးသားဖော်ပြထားသည်။ ၎င်းတို့က 'အကောင်အထည်ဖော်ဖို့အတွက် အသေးစိတ်အချက်အလက်တွေကိုသာ နိဂုံးချုပ်ဖို့ကျန်တော့တဲ့ မူဘောင်သဘောတူညီချက်ဟာ စားပွဲဝိုင်းပေါ်မှာရှိနေပါပြီ။ နောက်ထပ်ကြန့်ကြာမှုတွေရှိမလာစေဖို့အတွက် ဘယ်ပါတီကမှ ဆင်ခြေပေးတာမျိုးတွေ ဒါမှမဟုတ် အချိန်ဖြုန်းတီးတာမျိုး မလုပ်သင့်တော့ပါဘူး။ ဒီအချိန်က ဓါးစာခံတွေလွှတ်ပေးပြီး အပစ်အခတ်ရပ်စဲရေးကိုစတင်မယ့် သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ အချိန်တန်ပါပြီ'ဟု ပြောဆိုထားသည်။

ထို့ပြင် အမေရိကန်၊ ကာတာ နှင့် အီဂျစ်တို့၏ခေါင်းဆောင်များသည် ကျန်ရှိနေသောပြဿနာများကို ဖြေရှင်းရန်အတွက် နောက်ဆုံးပေါင်းကူးအဆိုပြုချက်ကို တင်ပြရန် ကမ်းလှမ်းခဲ့ကြောင်းလည်း သိရသည်။ အစ္စရေး၏ စေ့စပ်ညှိနှိုင်းရေးမှူးများသည် အဆိုပါတွေ့ဆုံဆွေးနွေးပွဲနေရာတွင် ရှိနေမည်ဖြစ် ကြောင်း အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ပြောဆိုခဲ့သည်။ ထို့ပြင် ရည်ရွယ်ချက်မှာ အသေးစိတ်အချက်အလက်များကို အပြီးသတ်ကာ မူဘောင်သဘောတူညီချက်ကို အကောင်အထည်ဖော်ရန်ဖြစ်ကြောင်း နေတန်ရာဟုက ပြောဆိုခဲ့သည်။ အဆိုပါဖိတ်ကြားမှုနှင့်ပတ်သက်ပြီး ဟားမက်လက်နက်ကိုင်အဖွဲ့က ချက်ချင်းပြန်လည်မှတ်ချက်ပြု ပြောဆိုတာမျိုးမရှိသေးကြောင်းသိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းတွင် ဟားမက်လက်နက်ကိုင်အဖွဲ့နှင့် ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့တို့၏ အကြီးတန်းအဖွဲ့ဝင်များ သတ်ဖြတ်ခံရပြီးနောက် အီရန်ပါဝင်လာနိုင်သည့် ဒေသတွင်းပဋိပက္ခ ပိုမိုကျယ်ပြန့်လာနိုင်ခြေကို စိုးရိမ်မှုများရှိနေချိန်တွင် အဆိုပါကြိုးပမ်းမှုများထွက်ပေါ်လာခြင်းဖြစ်သည်။ပြီးခဲ့သည့်နှစ် အောက်တိုဘာလ(၇)ရက်နေ့တွင် အစ္စရေး-ဟားမက်စစ်ပွဲစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ အစ္စရေးနိုင်ငံသား (၁၂၀၀) သေဆုံးခဲ့ပြီး ပါလက်စတိုင်းလူမျိုး (၄)သောင်းနီးပါးသေဆုံးထားကြောင်း ထုတ်ပြန်ထားသည့် ဒေတာအချက်အလက်များအရသိရသည်။

zawgyi version
ေဆြးေႏြးပြဲမ်ား ျပန္လည္စတင္ရန္ အစၥေရးႏွင့္ ဟားမက္အဖြဲ႕ကို အေမရိကန္၊ ကာတာ ႏွင့္ အီဂ်စ္တို႔၏ ေခါင္းေဆာင္မ်ား ေတာင္းဆို
Pika (NP News) - ဩဂုတ္ ၉

အေမရိကန္၊ ကာတာ ႏွင့္ အီဂ်စ္တို႔၏ေခါင္းေဆာင္မ်ားသည္ ဂါဇာကမ္း ေျမာင္ေဒသအပစ္အခတ္ရပ္စဲေရး ႏွင့္ ဓါးစာခံမ်ားလႊတ္ေပးေရး သေဘာတူညီခ်က္ကို အၿပီးသတ္ရန္အတြက္ ဩဂုတ္လ(၁၅)ရက္ေန႔တြင္ ေတြ႕ဆုံေဆြး ေႏြးပြဲမ်ားလုပ္ေဆာင္ရန္ အစၥေရးႏွင့္ဟားမက္လက္နက္ကိုင္အဖြဲ႕တို႔ကို ေတာင္းဆိုခဲ့ေၾကာင္းသိရသည္။

အဆိုပါေတြ႕ဆုံေဆြးေႏြးပြဲမ်ားကို ကာတာႏိုင္ငံ ဒိုဟာၿမိဳ႕ သို႔မဟုတ္ အီဂ်စ္ႏိုင္ငံ ကိုင္႐ိုၿမိဳ႕တြင္ က်င္းပသြားမည္ျဖစ္ေၾကာင္း ၎တို႔၏ပူးတြဲေၾကညာ ခ်က္တြင္ ေရးသားေဖာ္ျပထားသည္။ ၎တို႔က 'အေကာင္အထည္ေဖာ္ဖို႔အတြက္ အေသးစိတ္အခ်က္အလက္ေတြကိုသာ နိဂုံးခ်ဳပ္ဖို႔က်န္ေတာ့တဲ့ မူေဘာင္သေဘာတူညီခ်က္ဟာ စားပြဲဝိုင္းေပၚမွာရွိေနပါၿပီ။ ေနာက္ထပ္ၾကန႔္ၾကာမႈေတြရွိမလာေစဖို႔အတြက္ ဘယ္ပါတီကမွ ဆင္ေျခေပးတာမ်ိဳးေတြ ဒါမွမဟုတ္ အခ်ိန္ျဖဳန္းတီးတာမ်ိဳး မလုပ္သင့္ေတာ့ပါဘူး။ ဒီအခ်ိန္က ဓါးစာခံေတြလႊတ္ေပးၿပီး အပစ္အခတ္ရပ္စဲေရးကိုစတင္မယ့္ သေဘာတူညီခ်က္ကို အေကာင္အထည္ေဖာ္ဖို႔ အခ်ိန္တန္ပါၿပီ'ဟု ေျပာဆိုထားသည္။

ထို႔ျပင္ အေမရိကန္၊ ကာတာ ႏွင့္ အီဂ်စ္တို႔၏ေခါင္းေဆာင္မ်ားသည္ က်န္ရွိေနေသာျပႆနာမ်ားကို ေျဖရွင္းရန္အတြက္ ေနာက္ဆုံးေပါင္းကူးအဆိုျပဳခ်က္ကို တင္ျပရန္ ကမ္းလွမ္းခဲ့ေၾကာင္းလည္း သိရသည္။ အစၥေရး၏ ေစ့စပ္ညႇိႏႈိင္းေရးမႉးမ်ားသည္ အဆိုပါေတြ႕ဆုံေဆြးေႏြးပြဲေနရာတြင္ ရွိေနမည္ျဖစ္ ေၾကာင္း အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက ေျပာဆိုခဲ့သည္။ ထို႔ျပင္ ရည္႐ြယ္ခ်က္မွာ အေသးစိတ္အခ်က္အလက္မ်ားကို အၿပီးသတ္ကာ မူေဘာင္သေဘာတူညီခ်က္ကို အေကာင္အထည္ေဖာ္ရန္ျဖစ္ေၾကာင္း ေနတန္ရာဟုက ေျပာဆိုခဲ့သည္။ အဆိုပါဖိတ္ၾကားမႈႏွင့္ပတ္သက္ၿပီး ဟားမက္လက္နက္ကိုင္အဖြဲ႕က ခ်က္ခ်င္းျပန္လည္မွတ္ခ်က္ျပဳ ေျပာဆိုတာမ်ိဳးမရွိေသးေၾကာင္းသိရသည္။

ၿပီးခဲ့သည့္ရက္ပိုင္းတြင္ ဟားမက္လက္နက္ကိုင္အဖြဲ႕ႏွင့္ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕တို႔၏ အႀကီးတန္းအဖြဲ႕ဝင္မ်ား သတ္ျဖတ္ခံရၿပီးေနာက္ အီရန္ပါဝင္လာႏိုင္သည့္ ေဒသတြင္းပဋိပကၡ ပိုမိုက်ယ္ျပန႔္လာႏိုင္ေျခကို စိုးရိမ္မႈမ်ားရွိေနခ်ိန္တြင္ အဆိုပါႀကိဳးပမ္းမႈမ်ားထြက္ေပၚလာျခင္းျဖစ္သည္။ၿပီးခဲ့သည့္ႏွစ္ ေအာက္တိုဘာလ(၇)ရက္ေန႔တြင္ အစၥေရး-ဟားမက္စစ္ပြဲစတင္ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး လက္ရွိအခ်ိန္အထိ အစၥေရးႏိုင္ငံသား (၁၂၀၀) ေသဆုံးခဲ့ၿပီး ပါလက္စတိုင္းလူမ်ိဳး (၄)ေသာင္းနီးပါးေသဆုံးထားေၾကာင္း ထုတ္ျပန္ထားသည့္ ေဒတာအခ်က္အလက္မ်ားအရသိရသည္။

Related news

© 2021. All rights reserved.