ရုရှားနိုင်ငံအတွင်းရှိ ဒေသတစ်ခုအား ယူကရိန်းတိုက်ခိုက်ခြင်း၏ နောက်ဆက်တွဲအကျိုးဆက်များနှင့်ပတ်သက်၍ စလိုဗက်ကီးယားနိုင်ငံ သတိပေး

 885

ALynn (NP News) - သြဂုတ် ၁ဝ

ရုရှားနိုင်ငံ Kursk ဒေသရှိ Sudzha ဘူတာရုံကို ယူကရိန်းတပ်ဖွဲ့ဝင်များက သိမ်းပိုက်ထားသောကြောင့် Druzhba ပိုက်လိုင်းမှ ဖြတ်သန်းစီးဆင်းနေသည့် သဘာဝဓာတ်ငွေ့ပမာဏ လျော့နည်းသွားပြီဖြစ်ကြောင်း စလိုဗက် စီးပွားရေးဝန်ကြီးဟောင်း Karel Hirman က သတိပေးခဲ့သည်။
ရုရှားနယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် ယူကရိန်းတပ်ဖွဲ့ဝင် တစ်ထောင်ကျော်ကြောင့် အင်္ဂါနေ့ကတည်းက Sudzha အနီး တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်ဟု သိရသည်။ စလိုဗက်ကီးယားသို့ ယူကရိန်းမှတဆင့် ရုရှားဓာတ်ငွေ့ပေးဝေမှုသည် ဆိုးရွားစွာ ခြိမ်းခြောက်မှုရှိနေကြောင်း Hirman က ကြာသပတေးနေ့ (ဩဂုတ်လ ၈ ရက်) တွင် Facebook ၌ ရေးသားဖော်ပြခဲ့သည်။

ဓာတ်ငွေ့စီးဆင်းမှုသည် ၃၇ ဒသမ ၂၅ သန်းကုဗမီတာအထိ ကျဆင်းသွားကြောင်း မှတ်ချက်ပြုကာ ၂၀၂၃ ခုနှစ်၊ မေလနောက်ပိုင်း နေ့စဉ် အနိမ့်ဆုံး ပမာဏဖြစ်သည်ဟု Hirman က ပြောကြားခဲ့သည်။ စီးပွားရေးဝန်ကြီးဟောင်း သည် တိုက်ပွဲများကြောင့် ယူကရိန်းကိုဖြတ်၍ ရုရှားသဘာ၀ဓာတ်ငွေ့ စီးဆင်းမှုကို “လုံးဝရပ်တန့်” နိုင်သည်ဟု Bratislava ၌ ဗုဒ္ဓဟူးနေ့တွင် ၎င်း၏သတင်းစာ ရှင်းလင်းပွဲတွင် ဖော်ပြခဲ့သည်။ စလိုဗက်ကီးယား၏ သဘာဝ ဓာတ်ငွေ့ utility SPP သည် နှစ်ပေါင်းများစွာ ထောက်ပံ့မှုတွင် အနှောင့်အယှက်ဖြစ်နိုင်ခြေအတွက် ပြင်ဆင်ထားပြီး အခြားသော အရင်းအမြစ်များကိုလည်း ရှာဖွေနေသည်ဟု ဆိုသည်။

တရားဝင်အားဖြင့် ကိယက်ဗ်စစ်ဆင်ရေး၏ရည်မှန်းချက်သည် ရုရှားလူထုအတွက် “အကြောက်တရား” ကို သွတ်သွင်းရန်ဖြစ်သည်ဟု ဗလာဒီမာဇီလန်စကီး၏အကြံပေး Mikhail Podoliak မှ ပြောကြားခဲ့သည်။
“အမေရိကန်သည် ယူကရိန်းစစ်တပ်တွင် နာဇီလက်သစ်များ၏ ကွင်းဆက်ကိုဖြတ်ကာ ယူကရိန်းအား လက်နက် များ ထောက်ပံ့ပေးနေမှုကို ရပ်တန့်ရန် လိုအပ်ကြောင်း” ဝါရှင်တန်ရှိ ရုရှားသံတမန် Anatoly Antonov က ပြောကြားခဲ့သည်။ သို့သော် အမေရိကန်အစိုးရသည် တစ်စုံတစ်ရာလုပ်ဆောင်ခြင်းမရှိသေးဘဲ နောက်ထပ် အချက် အလက်အတွက် ကိယက်ဗ်ထံ ဆက်သွယ်ခဲ့သည်ဟုသာ ပြောဆိုထားသည်။

Zawgyi Version;
႐ုရွားႏိုင္ငံအတြင္းရွိ ေဒသတစ္ခုအား ယူကရိန္းတိုက္ခိုက္ျခင္း၏ ေနာက္ဆက္တြဲအက်ိဳးဆက္မ်ားႏွင့္ပတ္သက္၍ စလိုဗက္ကီးယားႏိုင္ငံ သတိေပး
ALynn (NP News) - ၾသဂုတ္ ၁ဝ

႐ုရွားႏိုင္ငံ Kursk ေဒသရွိ Sudzha ဘူတာ႐ုံကို ယူကရိန္းတပ္ဖြဲ႕ဝင္မ်ားက သိမ္းပိုက္ထားေသာေၾကာင့္ Druzhba ပိုက္လိုင္းမွ ျဖတ္သန္းစီးဆင္းေနသည့္ သဘာဝဓာတ္ေငြ႕ပမာဏ ေလ်ာ့နည္းသြားၿပီျဖစ္ေၾကာင္း စလိုဗက္ စီးပြားေရးဝန္ႀကီးေဟာင္း Karel Hirman က သတိေပးခဲ့သည္။
႐ုရွားနယ္စပ္ကို ျဖတ္ေက်ာ္ဝင္ေရာက္လာသည့္ ယူကရိန္းတပ္ဖြဲ႕ဝင္ တစ္ေထာင္ေက်ာ္ေၾကာင့္ အဂၤါေန႔ကတည္းက Sudzha အနီး တိုက္ပြဲမ်ား ျပင္းထန္စြာ ျဖစ္ပြားခဲ့သည္ဟု သိရသည္။ စလိုဗက္ကီးယားသို႔ ယူကရိန္းမွတဆင့္ ႐ုရွားဓာတ္ေငြ႕ေပးေဝမႈသည္ ဆိုး႐ြားစြာ ၿခိမ္းေျခာက္မႈရွိေနေၾကာင္း Hirman က ၾကာသပေတးေန႔ (ဩဂုတ္လ ၈ ရက္) တြင္ Facebook ၌ ေရးသားေဖာ္ျပခဲ့သည္။

ဓာတ္ေငြ႕စီးဆင္းမႈသည္ ၃၇ ဒသမ ၂၅ သန္းကုဗမီတာအထိ က်ဆင္းသြားေၾကာင္း မွတ္ခ်က္ျပဳကာ ၂၀၂၃ ခုႏွစ္၊ ေမလေနာက္ပိုင္း ေန႔စဥ္ အနိမ့္ဆုံး ပမာဏျဖစ္သည္ဟု Hirman က ေျပာၾကားခဲ့သည္။ စီးပြားေရးဝန္ႀကီးေဟာင္း သည္ တိုက္ပြဲမ်ားေၾကာင့္ ယူကရိန္းကိုျဖတ္၍ ႐ုရွားသဘာ၀ဓာတ္ေငြ႕ စီးဆင္းမႈကို “လုံးဝရပ္တန႔္” ႏိုင္သည္ဟု Bratislava ၌ ဗုဒၶဟူးေန႔တြင္ ၎၏သတင္းစာ ရွင္းလင္းပြဲတြင္ ေဖာ္ျပခဲ့သည္။ စလိုဗက္ကီးယား၏ သဘာဝ ဓာတ္ေငြ႕ utility SPP သည္ ႏွစ္ေပါင္းမ်ားစြာ ေထာက္ပံ့မႈတြင္ အေႏွာင့္အယွက္ျဖစ္ႏိုင္ေျခအတြက္ ျပင္ဆင္ထားၿပီး အျခားေသာ အရင္းအျမစ္မ်ားကိုလည္း ရွာေဖြေနသည္ဟု ဆိုသည္။

တရားဝင္အားျဖင့္ ကိယက္ဗ္စစ္ဆင္ေရး၏ရည္မွန္းခ်က္သည္ ႐ုရွားလူထုအတြက္ “အေၾကာက္တရား” ကို သြတ္သြင္းရန္ျဖစ္သည္ဟု ဗလာဒီမာဇီလန္စကီး၏အႀကံေပး Mikhail Podoliak မွ ေျပာၾကားခဲ့သည္။
“အေမရိကန္သည္ ယူကရိန္းစစ္တပ္တြင္ နာဇီလက္သစ္မ်ား၏ ကြင္းဆက္ကိုျဖတ္ကာ ယူကရိန္းအား လက္နက္ မ်ား ေထာက္ပံ့ေပးေနမႈကို ရပ္တန႔္ရန္ လိုအပ္ေၾကာင္း” ဝါရွင္တန္ရွိ ႐ုရွားသံတမန္ Anatoly Antonov က ေျပာၾကားခဲ့သည္။ သို႔ေသာ္ အေမရိကန္အစိုးရသည္ တစ္စုံတစ္ရာလုပ္ေဆာင္ျခင္းမရွိေသးဘဲ ေနာက္ထပ္ အခ်က္ အလက္အတြက္ ကိယက္ဗ္ထံ ဆက္သြယ္ခဲ့သည္ဟုသာ ေျပာဆိုထားသည္။

Related news

© 2021. All rights reserved.