တောင်ကိုရီးယား အိုလံပစ် ငွေတံဆိပ်ဆုရှင် သေနတ်ပစ် အားကစားမယ် ကင်ရီဂျင် သတင်းစာရှင်းလင်းပွဲတစ်ခုမှာ မူးလဲ

 199

ရောင်နီ (NP News) - သြဂုတ် ၁ဝ

ပြင်သစ်နိုင်ငံ၊ ပါရီအိုလံပစ်ပြိုင်ပွဲ၊ သေနတ်ပစ် အားကစားမှာ ငွေတံဆိပ်ဆုရှင်ဖြစ်တဲ့ ပစ္စတိုသေနတ်ပစ် အားကစားမယ် ကင်ရီဂျီဟာ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ မူးလဲသွားခဲ့ခြင်းကြောင့် ဆေးရုံပို့ဆောင်ခဲ့ရတယ်လို့ တာဝန်ရှိသူတွေက သြဂုတ် ၉ ရက်မှာ ပြောကြားခဲ့ပါတယ်။

အသက် ၃၁ နှစ် အရွယ်ရှိပြီဖြစ်တဲ့ အဆိုပါအမျိုးသမီးဟာ ပြီးခဲ့တဲ့သီတင်းပတ်က ပါရီမှာ ကျင်းပတဲ့ အမျိုးသမီး ၁၀ မီတာ လေပစ္စတိုပြိုင်ပွဲမှာ ငွေတံဆိပ် ရရှိခဲ့ပြီး သူ့ရဲ့အလွန်တည်ငြိမ်အေးဆေးတဲ့အမူအရာနဲ့ ဘေ့စ်ဘောဦးထုပ် ဆောင်းထားတဲ့ သူမရဲ့စတိုင်က ကမ္ဘာတစ်ဝှမ်းအွန်လိုင်မှာ စွဲဆောင်မှုဖြစ်စေခဲ့ပါတယ်။ သူမဟာ သောကြာနေ့ (ဩဂုတ်လ ၉ ရက်) က တောင်ကိုရီးယားနိုင်ငံ၊ တောင်ပိုင်းမြို့တစ်မြို့မှာ သတင်းထောက်တွေနဲ့စကားပြောနေစဉ် ရုတ်တရက် လဲကျခဲ့ပြီး ဆေးရုံကို အမြန်ပို့ဆောင်ခဲ့ရပါတယ်။

ပြောရေးဆိုခွင့်ရှိသူတစ်ဦးရဲ့ပြောကြားချက်အရ ကင်ဟာ လက်ရှိ အချိန်အတွင်းမှာတော့ ကျန်းမာရေးအခြေအနေ ပြန်လည်ကောင်းမွန်လာပြီဖြစ်တယ်လို့ သိရပါတယ်။
သူမရဲ့နည်းပြ ကွာမင်ဆုရဲ့ပြောကြားချက်အရတော့ ကင်ဟာ အခြား ကျန်းမာရေးပြဿနာတွေ မရှိပေမယ့် ဇူလိုင်လလယ်ကတည်းက အလွန်ရှုပ်ထွေးများပြားတဲ့အချိန်ဇယားတွေကြောင့် ပင်ပန်းနွမ်းနယ်မှုကို ခံစားနေရတာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

Zawgyi Version;
ေတာင္ကိုရီးယား အိုလံပစ္ ေငြတံဆိပ္ဆုရွင္ ေသနတ္ပစ္ အားကစားမယ္ ကင္ရီဂ်င္ သတင္းစာရွင္းလင္းပြဲတစ္ခုမွာ မူးလဲ
ေရာင္နီ (NP News) - ၾသဂုတ္ ၁ဝ

ျပင္သစ္ႏိုင္ငံ၊ ပါရီအိုလံပစ္ၿပိဳင္ပြဲ၊ ေသနတ္ပစ္ အားကစားမွာ ေငြတံဆိပ္ဆုရွင္ျဖစ္တဲ့ ပစၥတိုေသနတ္ပစ္ အားကစားမယ္ ကင္ရီဂ်ီဟာ သတင္းစာရွင္းလင္းပြဲတစ္ခုမွာ မူးလဲသြားခဲ့ျခင္းေၾကာင့္ ေဆး႐ုံပို႔ေဆာင္ခဲ့ရတယ္လို႔ တာဝန္ရွိသူေတြက ၾသဂုတ္ ၉ ရက္မွာ ေျပာၾကားခဲ့ပါတယ္။

အသက္ ၃၁ ႏွစ္ အ႐ြယ္ရွိၿပီျဖစ္တဲ့ အဆိုပါအမ်ိဳးသမီးဟာ ၿပီးခဲ့တဲ့သီတင္းပတ္က ပါရီမွာ က်င္းပတဲ့ အမ်ိဳးသမီး ၁၀ မီတာ ေလပစၥတိုၿပိဳင္ပြဲမွာ ေငြတံဆိပ္ ရရွိခဲ့ၿပီး သူ႔ရဲ႕အလြန္တည္ၿငိမ္ေအးေဆးတဲ့အမူအရာနဲ႔ ေဘ့စ္ေဘာဦးထုပ္ ေဆာင္းထားတဲ့ သူမရဲ႕စတိုင္က ကမာၻတစ္ဝွမ္းအြန္လိုင္မွာ စြဲေဆာင္မႈျဖစ္ေစခဲ့ပါတယ္။ သူမဟာ ေသာၾကာေန႔ (ဩဂုတ္လ ၉ ရက္) က ေတာင္ကိုရီးယားႏိုင္ငံ၊ ေတာင္ပိုင္းၿမိဳ႕တစ္ၿမိဳ႕မွာ သတင္းေထာက္ေတြနဲ႔စကားေျပာေနစဥ္ ႐ုတ္တရက္ လဲက်ခဲ့ၿပီး ေဆး႐ုံကို အျမန္ပို႔ေဆာင္ခဲ့ရပါတယ္။

ေျပာေရးဆိုခြင့္ရွိသူတစ္ဦးရဲ႕ေျပာၾကားခ်က္အရ ကင္ဟာ လက္ရွိ အခ်ိန္အတြင္းမွာေတာ့ က်န္းမာေရးအေျခအေန ျပန္လည္ေကာင္းမြန္လာၿပီျဖစ္တယ္လို႔ သိရပါတယ္။
သူမရဲ႕နည္းျပ ကြာမင္ဆုရဲ႕ေျပာၾကားခ်က္အရေတာ့ ကင္ဟာ အျခား က်န္းမာေရးျပႆနာေတြ မရွိေပမယ့္ ဇူလိုင္လလယ္ကတည္းက အလြန္ရႈပ္ေထြးမ်ားျပားတဲ့အခ်ိန္ဇယားေတြေၾကာင့္ ပင္ပန္းႏြမ္းနယ္မႈကို ခံစားေနရတာျဖစ္တယ္လို႔ ဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.