အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် ဂါဇာဒေသမှာ လူပေါင်း ၁ဝဝ သေဆုံး
503
ဂျန်ဇက် (NP News) - သြဂုတ် ၁ဝ
အစ္စရေးနိုင်ငံရဲ့တိုက်ခိုက်မှုတွေကြောင့် ဂါဇာဒေသကိုတိုက်ခိုက်ရာမှာ လူပေါင်း ၁ဝဝ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။ အစ္စရေးဟာ ပါလက်စတိုင်းလူမျိုးများ စစ်ဘေးရှောင်နေတဲ့ဒုက္ခသည်စခန်းကို လေကြောင်းက တိုက်ခိုက်ခဲ့ရာ လူပေါင်းရာချီ သေဆုံးခဲ့ပြီး ဒါဇင်နဲ့ချီပြီး ဒဏ်ရာရခဲ့ကြောင်း ပါလက်စတိုင်း သတင်းဌာနက ဖော်ပြထားပါတယ်။
အစ္စရေးစစ်တပ်ကတော့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ရဲ့ဌာနချုပ်ကို ထိမှန်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါ တယ်။ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ထိန်းချုပ်ထားတဲ့ ဂါဇာဒေသရှိ သတင်းမီဒီယာတွေက "အစ္စရေးဟာ နေရပ် စွန့်ခွာနေထိုင်သူတွေရှိနေတဲ့နေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်။ အဲဒီတိုက်ခိုက်မှုတွေက ထိခိုက် သေဆုံးသူအရေအတွက်မြင့်တက်လာစေခဲ့တယ်။ အချို့ခန္ဓာကိုယ်တွေဆိုရင် မီးလောင်သေဆုံးခဲ့ရတယ်" လို့ ပြောပါတယ်။
အစ္စရေးစစ်တပ်က "လေကြောင်းကနေ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ဝင်တွေနဲ တပ်မှူးတွေ ပုန်းအောင်းနေတဲ့ အမိန့်ပေးစင်တာ်ကို တိုက်ခိုက်ခဲ့တယ်။ ကျွန်တော်တို့ရဲ့တိုက်ခိုက်မှုတွေဟာ ရန်သူတွေကိုထိမှန်သေဆုံးစေခဲ့ တယ်။ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ဟာ ဗလီနဲ့ စာသင်ကျောင်းတွေကို တွဲထားပြီး အမိန့်ပေးစင်တာ အဖြစ် တည်ဆောက်ထားတယ်" လို့ ပြောပါတယ်။
အစ္စရေးဟာ ဂါဇာဒေသရှိ စာသင်ကျောင်းနှစ်ကျောင်းကို တိုက်ခိုက်ခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာပဲ ထပ်မံ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့စစ်ပွဲက အချိန် ၁ဝ လ နီးပါးကြာမြင့်နေပေမယ့် လက်ရှိအချိန်အထိ အပစ်ခတ်ရပ်စဲရေး ရယူနိုင်ခြင်းမျိုးမရှိသေးဘဲ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရပါတယ်။
Zawgyi Version;
အစၥေရးရဲ႕တိုက္ခိုက္မႈေတြေၾကာင့္ ဂါဇာေဒသမွာ လူေပါင္း ၁ဝဝ ေသဆုံး
ဂ်န္ဇက္ (NP News) - ၾသဂုတ္ ၁ဝ
အစၥေရးႏိုင္ငံရဲ႕တိုက္ခိုက္မႈေတြေၾကာင့္ ဂါဇာေဒသကိုတိုက္ခိုက္ရာမွာ လူေပါင္း ၁ဝဝ ေက်ာ္ ေသဆုံးခဲ့ေၾကာင္း သိရပါတယ္။ အစၥေရးဟာ ပါလက္စတိုင္းလူမ်ိဳးမ်ား စစ္ေဘးေရွာင္ေနတဲ့ဒုကၡသည္စခန္းကို ေလေၾကာင္းက တိုက္ခိုက္ခဲ့ရာ လူေပါင္းရာခ်ီ ေသဆုံးခဲ့ၿပီး ဒါဇင္နဲ႔ခ်ီၿပီး ဒဏ္ရာရခဲ့ေၾကာင္း ပါလက္စတိုင္း သတင္းဌာနက ေဖာ္ျပထားပါတယ္။
အစၥေရးစစ္တပ္ကေတာ့ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ရဲ႕ဌာနခ်ဳပ္ကို ထိမွန္ခဲ့ေၾကာင္း သတင္းထုတ္ျပန္ထားပါ တယ္။ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ထိန္းခ်ဳပ္ထားတဲ့ ဂါဇာေဒသရွိ သတင္းမီဒီယာေတြက "အစၥေရးဟာ ေနရပ္ စြန႔္ခြာေနထိုင္သူေတြရွိေနတဲ့ေနရာေတြကို ပစ္မွတ္ထားတိုက္ခိုက္ခဲ့တယ္။ အဲဒီတိုက္ခိုက္မႈေတြက ထိခိုက္ ေသဆုံးသူအေရအတြက္ျမင့္တက္လာေစခဲ့တယ္။ အခ်ိဳ႕ခႏၶာကိုယ္ေတြဆိုရင္ မီးေလာင္ေသဆုံးခဲ့ရတယ္" လို႔ ေျပာပါတယ္။
အစၥေရးစစ္တပ္က "ေလေၾကာင္းကေန ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ဝင္ေတြနဲ တပ္မႉးေတြ ပုန္းေအာင္းေနတဲ့ အမိန႔္ေပးစင္တာ္ကို တိုက္ခိုက္ခဲ့တယ္။ ကြၽန္ေတာ္တို႔ရဲ႕တိုက္ခိုက္မႈေတြဟာ ရန္သူေတြကိုထိမွန္ေသဆုံးေစခဲ့ တယ္။ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ဟာ ဗလီနဲ႔ စာသင္ေက်ာင္းေတြကို တြဲထားၿပီး အမိန႔္ေပးစင္တာ အျဖစ္ တည္ေဆာက္ထားတယ္" လို႔ ေျပာပါတယ္။
အစၥေရးဟာ ဂါဇာေဒသရွိ စာသင္ေက်ာင္းႏွစ္ေက်ာင္းကို တိုက္ခိုက္ခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာပဲ ထပ္မံ တိုက္ခိုက္ခဲ့ျခင္းျဖစ္ပါတယ္။ အစၥေရးနဲ႔ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ၾကားျဖစ္ပြားေနတဲ့စစ္ပြဲက အခ်ိန္ ၁ဝ လ နီးပါးၾကာျမင့္ေနေပမယ့္ လက္ရွိအခ်ိန္အထိ အပစ္ခတ္ရပ္စဲေရး ရယူႏိုင္ျခင္းမ်ိဳးမရွိေသးဘဲ တိုက္ပြဲမ်ား ဆက္လက္ျဖစ္ပြားေနဆဲျဖစ္ေၾကာင္း သိရပါတယ္။