အမေရိကန်၊ ကယ်လီဖိုးနီးယား၊ Joshua Tree National Park မှာ အဆောက်အဦးတွေကို ရောင်စုံဆေးရောင်ဘောလုံးတွေနဲ့ပစ်ပေါက်ဖျက်ဆီးခဲ့တဲ့ ဂျာမန်ခရီးသွား ၃ ဦး ဒေါ်လာ ၅ဝဝဝ ဒဏ်ရိုက်ခံရဖွယ်ရှိ

 541

ရောင်နီ (NP News) - သြဂုတ် ၁၁

တောင်ကိုရီးယားနိုင်ငံ၊ ကယ်လီဖိုးနီးယားတောင်ပိုင်းရှိ Joshua Tree အမျိုးသားဥယျာဉ်မှာ ဆိုင်းဘုတ်၊ ရေချိုးခန်း နဲ့ အမှိုက်ပုံးတွေကို ဆေးရောင်စုံ ရေဘောလုံးတွေနဲ့ ပစ်ပေါက် ဖျက်ဆီးခဲ့တဲ့ ဂျာမနီခရီးသွား သုံးဦးကို ပိုင်ဆိုင်မှု အလွဲသုံးစားလုပ်မှုနဲ့ စွပ်စွဲထားတယ်လို့ ပန်းခြံတာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

အဆောက်အအုံနဲ့ ဆိုင်းဘုတ်တွေပေါ်မှာ အဝါရောင်ရည်တွေနဲ့ပတ်ထားတာကို သြဂုတ် ၄ ရက်က တွေ့ရှိခဲ့တယ်၊ ပန်းခြံအတွင်းရှိ ဆိုင်းဘုတ် ၁၁ ခုထက်မနည်း ဆေးရည်တွေ အပက်ခံထားရတာဖြစ်တယ်လို့ အမျိုးသားဥယျာဉ် ဝန်ဆောင်မှုက သြဂုတ် ၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ တရားခံဟာ ဘယ်သူဘယ်ဝါရယ်တော့ ပန်းခြံ ဝန်ဆောင်မှု က မဖော်ပြထားပေမယ့် ၎င်းတို့ဟာ ဂျာမနီခရီးသွားတွေဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒါဟာ အမျိုးသားဥယျာဉ်ဝန်ဆောင်မှုက စီမံခန့်ခွဲတဲ့မြေပေါ်မှာ ပစ္စည်းတွေကို ဖျက်ဆီးခြင်း၊ အသရေဖျက်ခြင်းဖြစ် တဲ့အတွက် ဖက်ဒရယ် သတိပေးချက်ကို ချိုးဖောက်ခဲ့ခြင်းဖြစ်တယ်လို့ ပန်းခြံဝန်ဆောင်မှုက ပြောကြားခဲ့ပါတာ်။ သတိပေးချက်ကို ချိုးဖောက်သူဟာ ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၅၀၀၀ အထိ နဲ့ ထောင်ဒဏ် ခြောက်လအထိ ချမှတ်ခံရနိုင်တယ်လို့ သိရပါတယ်။

Zawgyi Version;
အေမရိကန္၊ ကယ္လီဖိုးနီးယား၊ Joshua Tree National Park မွာ အေဆာက္အဦးေတြကို ေရာင္စုံေဆးေရာင္ေဘာလုံးေတြနဲ႔ပစ္ေပါက္ဖ်က္ဆီးခဲ့တဲ့ ဂ်ာမန္ခရီးသြား ၃ ဦး ေဒၚလာ ၅ဝဝဝ ဒဏ္႐ိုက္ခံရဖြယ္ရွိ
ေရာင္နီ (NP News) - ၾသဂုတ္ ၁၁

ေတာင္ကိုရီးယားႏိုင္ငံ၊ ကယ္လီဖိုးနီးယားေတာင္ပိုင္းရွိ Joshua Tree အမ်ိဳးသားဥယ်ာဥ္မွာ ဆိုင္းဘုတ္၊ ေရခ်ိဳးခန္း နဲ႔ အမႈိက္ပုံးေတြကို ေဆးေရာင္စုံ ေရေဘာလုံးေတြနဲ႔ ပစ္ေပါက္ ဖ်က္ဆီးခဲ့တဲ့ ဂ်ာမနီခရီးသြား သုံးဦးကို ပိုင္ဆိုင္မႈ အလြဲသုံးစားလုပ္မႈနဲ႔ စြပ္စြဲထားတယ္လို႔ ပန္းၿခံတာဝန္ရွိသူေတြက ေျပာၾကားခဲ့ပါတယ္။

အေဆာက္အအုံနဲ႔ ဆိုင္းဘုတ္ေတြေပၚမွာ အဝါေရာင္ရည္ေတြနဲ႔ပတ္ထားတာကို ၾသဂုတ္ ၄ ရက္က ေတြ႕ရွိခဲ့တယ္၊ ပန္းၿခံအတြင္းရွိ ဆိုင္းဘုတ္ ၁၁ ခုထက္မနည္း ေဆးရည္ေတြ အပက္ခံထားရတာျဖစ္တယ္လို႔ အမ်ိဳးသားဥယ်ာဥ္ ဝန္ေဆာင္မႈက ၾသဂုတ္ ၈ ရက္မွာ ထုတ္ျပန္ခဲ့ပါတယ္။ တရားခံဟာ ဘယ္သူဘယ္ဝါရယ္ေတာ့ ပန္းၿခံ ဝန္ေဆာင္မႈ က မေဖာ္ျပထားေပမယ့္ ၎တို႔ဟာ ဂ်ာမနီခရီးသြားေတြျဖစ္တယ္လို႔ ဆိုထားပါတယ္။

ဒါဟာ အမ်ိဳးသားဥယ်ာဥ္ဝန္ေဆာင္မႈက စီမံခန႔္ခြဲတဲ့ေျမေပၚမွာ ပစၥည္းေတြကို ဖ်က္ဆီးျခင္း၊ အသေရဖ်က္ျခင္းျဖစ္ တဲ့အတြက္ ဖက္ဒရယ္ သတိေပးခ်က္ကို ခ်ိဳးေဖာက္ခဲ့ျခင္းျဖစ္တယ္လို႔ ပန္းၿခံဝန္ေဆာင္မႈက ေျပာၾကားခဲ့ပါတာ္။ သတိေပးခ်က္ကို ခ်ိဳးေဖာက္သူဟာ ဒဏ္ေငြ အေမရိကန္ေဒၚလာ ၅၀၀၀ အထိ နဲ႔ ေထာင္ဒဏ္ ေျခာက္လအထိ ခ်မွတ္ခံရႏိုင္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.