မိတ္တီလာမြို့တွင် (၇)လအရွယ် ကလေးငယ် အပါအဝင် လူ(၄)ဦး ‌ရေနစ်သေဆုံး

 1673

စော (NP News) - ဩဂုတ် ၁၁

မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်၊ ရှမ်းမငယ်ဂွေ့အိုင်အုပ်စု၊ မြေခြားကျေးရွာတွင် (၇)လအရွယ် ကလေးငယ် အပါအဝင် လူ (၄)ဦး ရေနစ်သေဆုံးခဲ့ကြောင်း မေတ္တာပါရမီလူမှုကူညီရေးအသင်းထံမှ သိရသည်။

အဆိုပါရေနစ်သေဆုံးသူ (၄)ဦး အနက် ကလေးငယ်(၃)ဦးမှာ ယမန်နေ့ (ဩဂုတ်လ ၁ဝ ရက်)၊ နံနက် (၈)နာရီ ၃ဝ မိနစ်အချိန်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ရောက်တဲ့အချိန်က အလောင်းက သူ့အိမ်မှာရောက်နေပြီ။ သူတို့ပြောနေတာတော့ မနက်ခင်း ၈ ခွဲ လောက်တွေ့တာလို့ ပြောတယ်။ လေးယောက်ဆိုပြီးတော့ တစ်ယောက်က မတွေ့သေးဘူး။ ရှာနေရင်း ကျွန်တော် တို့ကို လှမ်းခေါ်တဲ့အချိန်က နေ့လည် ၁၂ နာရီလောက်လှမ်းခေါ်တာ။ ဒီကနေသွားရင် နှစ်နာရီလောက် ရောက်သွား တာပေ့ါ။ အလောင်းကကျတော့ အိမ်ထဲထည့်ထားပြီ။ အဲဒီမှာ စခန်းမှူးက ခဏစောင့်ပေးပါဦး။ အမေကို ရှာနေတုန်း ရှိသေးတယ်။ ကျွန်တော်တို့ကလည်း နောက်ကအလုပ်တွေနဲ့ဆိုတော့ မိတ္တီလာကနေ နှစ်နာရီတောင် မောင်းရတာဆိုတော့ ကျွန်တော်တို့ကလည်း စောင့်လို့မရဘူး။ တွေ့တဲ့အချိန် ကျွန်တော်တို့ ပြန်လာခေါ်ပေးမယ် ဆိုပြီး အဲဒီကလေး ၃ ယောက်ကို သူ့အဖေနဲ့ မိတ္တီလာရင်ခွဲရုံမှာပဲ ပို့ခဲ့တာပေ့ါ။ အဲဒါပဲ သိပါတယ်” ဟု မေတ္တာ ပါရမီလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

အဆိုပါရေနစ်သေဆုံးသူ (၃)ဦးမှာ အသက် (၇)လအရွယ် မိန်းကလေးငယ်တစ်ဦး၊ အသက် (၃)နှစ်အရွယ် ယောကျ်ားလေးတစ်ဦး နှင့် အသက် (၄)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးတို့ဖြစ်ပြီး ၎င်းတို့ကို မိတ္တီလာပြည်သူ့ ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
“အခုချိန်ထိတော့ တွေ့သံ၊ ပြောသံတော့ (အမေဖြစ်သူ အလောင်း) မကြားဘူး။ အလောင်းကို ပြန်ပို့ဖို့ကတော့ ၁၁ နာရီ ၃ဝ မိနစ်တော့ အလောင်းပြန်ရပြီးရင်တော့ ကျွန်တော်တို့အသင်းက ပြန်ပို့ပေးရဦးမှာ” ဟု ၎င်းက ဆက်လက် ပြောသည်။
လတ်တလောသတင်းများအရ ကလေးများ၏ အမေဖြစ်သူ ရေနစ်သေဆုံးခြင်းအတွက် ရုပ်အလောင်းကို လက်ရှိ အချိန်အထိ ရှာမတွေ့သေးကြောင်း သိရသည်။

Zawgyi Version;
မိတၱီလာၿမိဳ႕တြင္ (၇)လအ႐ြယ္ ကေလးငယ္ အပါအဝင္ လူ(၄)ဦး ‌ေရနစ္ေသဆုံး
ေစာ (NP News) - ဩဂုတ္ ၁၁

မႏၲေလးတိုင္း၊ မိတၱီလာၿမိဳ႕နယ္၊ ရွမ္းမငယ္ေဂြ႕အိုင္အုပ္စု၊ ေျမျခားေက်း႐ြာတြင္ (၇)လအ႐ြယ္ ကေလးငယ္ အပါအဝင္ လူ (၄)ဦး ေရနစ္ေသဆုံးခဲ့ေၾကာင္း ေမတၱာပါရမီလူမႈကူညီေရးအသင္းထံမွ သိရသည္။

အဆိုပါေရနစ္ေသဆုံးသူ (၄)ဦး အနက္ ကေလးငယ္(၃)ဦးမွာ ယမန္ေန႔ (ဩဂုတ္လ ၁ဝ ရက္)၊ နံနက္ (၈)နာရီ ၃ဝ မိနစ္အခ်ိန္တြင္ ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ကြၽန္ေတာ္တို႔ေရာက္တဲ့အခ်ိန္က အေလာင္းက သူ႔အိမ္မွာေရာက္ေနၿပီ။ သူတို႔ေျပာေနတာေတာ့ မနက္ခင္း ၈ ခြဲ ေလာက္ေတြ႕တာလို႔ ေျပာတယ္။ ေလးေယာက္ဆိုၿပီးေတာ့ တစ္ေယာက္က မေတြ႕ေသးဘူး။ ရွာေနရင္း ကြၽန္ေတာ္ တို႔ကို လွမ္းေခၚတဲ့အခ်ိန္က ေန႔လည္ ၁၂ နာရီေလာက္လွမ္းေခၚတာ။ ဒီကေနသြားရင္ ႏွစ္နာရီေလာက္ ေရာက္သြား တာေပ့ါ။ အေလာင္းကက်ေတာ့ အိမ္ထဲထည့္ထားၿပီ။ အဲဒီမွာ စခန္းမႉးက ခဏေစာင့္ေပးပါဦး။ အေမကို ရွာေနတုန္း ရွိေသးတယ္။ ကြၽန္ေတာ္တို႔ကလည္း ေနာက္ကအလုပ္ေတြနဲ႔ဆိုေတာ့ မိတၱီလာကေန ႏွစ္နာရီေတာင္ ေမာင္းရတာဆိုေတာ့ ကြၽန္ေတာ္တို႔ကလည္း ေစာင့္လို႔မရဘူး။ ေတြ႕တဲ့အခ်ိန္ ကြၽန္ေတာ္တို႔ ျပန္လာေခၚေပးမယ္ ဆိုၿပီး အဲဒီကေလး ၃ ေယာက္ကို သူ႔အေဖနဲ႔ မိတၱီလာရင္ခြဲ႐ုံမွာပဲ ပို႔ခဲ့တာေပ့ါ။ အဲဒါပဲ သိပါတယ္” ဟု ေမတၱာ ပါရမီလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါေရနစ္ေသဆုံးသူ (၃)ဦးမွာ အသက္ (၇)လအ႐ြယ္ မိန္းကေလးငယ္တစ္ဦး၊ အသက္ (၃)ႏွစ္အ႐ြယ္ ေယာက်္ားေလးတစ္ဦး ႏွင့္ အသက္ (၄)ႏွစ္အ႐ြယ္ မိန္းကေလးငယ္တစ္ဦးတို႔ျဖစ္ၿပီး ၎တို႔ကို မိတၱီလာျပည္သူ႔ ေဆး႐ုံ ရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။
“အခုခ်ိန္ထိေတာ့ ေတြ႕သံ၊ ေျပာသံေတာ့ (အေမျဖစ္သူ အေလာင္း) မၾကားဘူး။ အေလာင္းကို ျပန္ပို႔ဖို႔ကေတာ့ ၁၁ နာရီ ၃ဝ မိနစ္ေတာ့ အေလာင္းျပန္ရၿပီးရင္ေတာ့ ကြၽန္ေတာ္တို႔အသင္းက ျပန္ပို႔ေပးရဦးမွာ” ဟု ၎က ဆက္လက္ ေျပာသည္။
လတ္တေလာသတင္းမ်ားအရ ကေလးမ်ား၏ အေမျဖစ္သူ ေရနစ္ေသဆုံးျခင္းအတြက္ ႐ုပ္အေလာင္းကို လက္ရွိ အခ်ိန္အထိ ရွာမေတြ႕ေသးေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.