အိန္ဒိယနိုင်ငံ ကက်ရှ်မီးယားပြည်နယ်မှာ တိုက်ပွဲတွေ ထပ်မံဖြစ်ပွားလာ
1977
ဂျန်ဇက် (NP News) - သြဂုတ် ၁၁
အိန္ဒိယနိုင်ငံ ကက်ရှ်မီးယားပြည်နယ်မှာ တိုက်ပွဲတွေဖြစ်ပွားလာခဲ့ပြီးနောက် အိန္ဒိယစစ်သားနှစ်ဦး သေဆုံးခဲ့ ကြောင်း အိန္ဒိယစစ်တပ်က ပြောပါတယ်။ အိန္ဒိယလုံခြုံရေးတပ်ဖွဲ့တွေနဲ့ ခွဲထွက်ရေးလက်နက်ကိုင်အုပ်စုတွေဟာ အငြင်းပွားမှုတွေဖြစ်ပွားနေတဲ့ ကက်ရှ်မီးယားပြည်နယ် နယ်စပ်နားမှာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပါ တယ်။
ကက်ရှ်မီးယားပြည်နယ်မှာ ပြီးခဲ့တဲ့လအတွင်း လက်နက်ကိုင်အုပ်စုတွေနဲ့ တိုက်ပွဲတွေဖြစ်လာခဲ့ကြောင်း သိရပါတယ်။ အိန္ဒိယစစ်တပ်က Anantnag ပြည်နယ်မှာ စစ်သားနှစ်ဦးဟာ တာဝန်ထမ်းဆောင်နေချိန်အတွင်း လက်နက်ကိုင်အဖွဲ့ရဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဖော်ပြထားပါတယ်။
အဆိုပါအရပ်ဒေသအတွင်း အိန္ဒိယစစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေဟာ စစ်သွေးကြွအုပ်စုတွေနဲ့ ထိပ်တိုက်တွေ့ဆုံခြင်းများ ဖြစ်လာခဲ့ကြောင်း သိရပါတယ်။ လက်နက်ကိုင်အဖွဲ့တွေက အဆင်ခြင်မဲ့ ပစ်ခတ်မှုများကြောင့် အရပ်သားနှစ်ဦး လည်း ဒဏ်ရာရသွားခဲ့ကြောင်း အိန္ဒိယစစ်တပ်က ပြောပါတယ်။ ကက်ရှ်မီးယားပြည်နယ်မှာ မွတ်စလင်အများစု နေထိုင်နေပြီး အိန္ဒိယနဲ့ပါကစ္စတန်နိုင်ငံနယ်စပ်ဒေသ ပြည်နယ်ဖြစ်ပြီး ပိုင်နက်နယ်မြေအငြင်းပွားနေကြောင်း သိရပါတယ်။
နှစ်နိုင်ငံစလုံးက ၎င်းတို့ဟာ အဆိုပါကက်ရှ်မီးယားပြည်နယ်ကို ပိုင်ဆိုင်ကြောင်း ပြောဆိုထားပါတယ်။ အဆိုပါ ပြည်နယ်မှာ ၁၉၈၉ ခုနှစ် နောက်ပိုင်းကတည်းက လက်နက်ကိုင်ပုန်ကန်မှုများဖြစ်ပွားခဲ့ပြီး ပါကစ္စတန်နိုင်ငံနဲ့ ပူးပေါင်းဖို့ (သို့မဟုတ်) ကိုယ်ပိုင်လွတ်လပ်ရေးရယူဖို့ တောင်းဆိုခဲ့ကြောင်း သိရပါတယ်။
Zawgyi Version;
အိႏၵိယႏိုင္ငံ ကက္ရွ္မီးယားျပည္နယ္မွာ တိုက္ပြဲေတြ ထပ္မံျဖစ္ပြားလာ
ဂ်န္ဇက္ (NP News) - ၾသဂုတ္ ၁၁
အိႏၵိယႏိုင္ငံ ကက္ရွ္မီးယားျပည္နယ္မွာ တိုက္ပြဲေတြျဖစ္ပြားလာခဲ့ၿပီးေနာက္ အိႏၵိယစစ္သားႏွစ္ဦး ေသဆုံးခဲ့ ေၾကာင္း အိႏၵိယစစ္တပ္က ေျပာပါတယ္။ အိႏၵိယလုံၿခဳံေရးတပ္ဖြဲ႕ေတြနဲ႔ ခြဲထြက္ေရးလက္နက္ကိုင္အုပ္စုေတြဟာ အျငင္းပြားမႈေတြျဖစ္ပြားေနတဲ့ ကက္ရွ္မီးယားျပည္နယ္ နယ္စပ္နားမွာ အျပန္အလွန္ပစ္ခတ္မႈျဖစ္ပြားခဲ့တာျဖစ္ပါ တယ္။
ကက္ရွ္မီးယားျပည္နယ္မွာ ၿပီးခဲ့တဲ့လအတြင္း လက္နက္ကိုင္အုပ္စုေတြနဲ႔ တိုက္ပြဲေတြျဖစ္လာခဲ့ေၾကာင္း သိရပါတယ္။ အိႏၵိယစစ္တပ္က Anantnag ျပည္နယ္မွာ စစ္သားႏွစ္ဦးဟာ တာဝန္ထမ္းေဆာင္ေနခ်ိန္အတြင္း လက္နက္ကိုင္အဖြဲ႕ရဲ႕ပစ္ခတ္ခံရၿပီး ေသဆုံးခဲ့ေၾကာင္း ေဖာ္ျပထားပါတယ္။
အဆိုပါအရပ္ေဒသအတြင္း အိႏၵိယစစ္တပ္နဲ႔ ရဲတပ္ဖြဲ႕ေတြဟာ စစ္ေသြးႂကြအုပ္စုေတြနဲ႔ ထိပ္တိုက္ေတြ႕ဆုံျခင္းမ်ား ျဖစ္လာခဲ့ေၾကာင္း သိရပါတယ္။ လက္နက္ကိုင္အဖြဲ႕ေတြက အဆင္ျခင္မဲ့ ပစ္ခတ္မႈမ်ားေၾကာင့္ အရပ္သားႏွစ္ဦး လည္း ဒဏ္ရာရသြားခဲ့ေၾကာင္း အိႏၵိယစစ္တပ္က ေျပာပါတယ္။ ကက္ရွ္မီးယားျပည္နယ္မွာ မြတ္စလင္အမ်ားစု ေနထိုင္ေနၿပီး အိႏၵိယနဲ႔ပါကစၥတန္ႏိုင္ငံနယ္စပ္ေဒသ ျပည္နယ္ျဖစ္ၿပီး ပိုင္နက္နယ္ေျမအျငင္းပြားေနေၾကာင္း သိရပါတယ္။
ႏွစ္ႏိုင္ငံစလုံးက ၎တို႔ဟာ အဆိုပါကက္ရွ္မီးယားျပည္နယ္ကို ပိုင္ဆိုင္ေၾကာင္း ေျပာဆိုထားပါတယ္။ အဆိုပါ ျပည္နယ္မွာ ၁၉၈၉ ခုႏွစ္ ေနာက္ပိုင္းကတည္းက လက္နက္ကိုင္ပုန္ကန္မႈမ်ားျဖစ္ပြားခဲ့ၿပီး ပါကစၥတန္ႏိုင္ငံနဲ႔ ပူးေပါင္းဖို႔ (သို႔မဟုတ္) ကိုယ္ပိုင္လြတ္လပ္ေရးရယူဖို႔ ေတာင္းဆိုခဲ့ေၾကာင္း သိရပါတယ္။