ရုရှား ကလက်နီကောဗ့်ကုမ္ပဏီက အသစ်ဖန်တီးထားတဲ့လက်နက်အသစ်ကို ထုတ်ဖော်ပြသ
5162
ဂျန်ဇက် (NP News) - သြဂုတ် ၁၁
ရုရှားနိုင်ငံရဲ့စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးကုမ္မဏီတစ်ခုဖြစ်တဲ့ ကလက်နီကောဗ့် ကုမ္မဏီဟာ မော်စကိုမြို့ အပြင်ဘက်မှာ ပြုလုပ်ခဲ့တဲ့ပြပွဲအတွင်း စစ်လက်နက်ပစ္စည်း မော်ဒယ်အသစ်တွေကို ထုတ်ဖော်ပြခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီကုမ္ပဏီဟာ AK အမျိုးအစား တိုက်ခိုက်ရေးသုံးရိုင်ဖယ်နဲ့ ဗုံးပစ်လောင်ချာစနစ်ကို ပူးတွဲတပ်ဆင်အသုံးပြုနိုင် မယ့်လက်နက်စနစ်အပြင် RPL-20 အမည်ရှိ အပေါ့စားစစ်သေနတ်တွေကို ပြသခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ RPL-20 အမည်ရှိ အပေါ့စား စစ်သေနတ်တွေဟာ ကျည်ခါးပတ်အသုံးပြုရပြီး ကျည်ဆံအတောင့် ၂၀၀ ပါတဲ့ ကျည်ခါးပတ်ကို အသုံးပြုရတယ်လို့ ဆိုပါတယ်။
အဲဒီ စက်သေနတ်မှာ ၅ ဒသမ ၄၅ မမကျည်ဆံကို အသုံးပြုပြီး စက်သေနတ်အလေးချိန် ၅ ကီလိုဂရမ်ရှိတယ်လို့ ဆိုပါတယ်။ အဲဒီလက်နက်စနစ်နဲ့ပတ်သက်တဲ့ ဒီဇိုင်းကို Sergey Urzhumtsev က ဖန်တီးထုတ်လုပ်ခဲ့ပြီး အဲဒီအပေါ့စားလက်နက်စနစ်တွေကို ယူကရိန်းနဲ့ ရုရှားနိုင်ငံကြားဖြစ်ပွားနေတဲ့စစ်ပွဲရဲ့ ရှေ့တန်းစစ်မြေပြင်မှာ အသုံးပြုဖွယ်ရှိတယ်လို့ ဆိုပါတယ်။
အဲဒီလက်နက်စနစ်နဲ့ပတ်သက်ပြီး တုံ့ပြန်မှုတွေက အပေါင်းလက္ခဏဆောင်တဲ့တုံ့ပြန်မှုတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
Zawgyi Version;
႐ုရွား ကလက္နီေကာဗ့္ကုမၸဏီက အသစ္ဖန္တီးထားတဲ့လက္နက္အသစ္ကို ထုတ္ေဖာ္ျပသ
ဂ်န္ဇက္ (NP News) - ၾသဂုတ္ ၁၁
႐ုရွားႏိုင္ငံရဲ႕စစ္လက္နက္ပစၥည္းထုတ္လုပ္ေရးကုမၼဏီတစ္ခုျဖစ္တဲ့ ကလက္နီေကာဗ့္ ကုမၼဏီဟာ ေမာ္စကိုၿမိဳ႕ အျပင္ဘက္မွာ ျပဳလုပ္ခဲ့တဲ့ျပပြဲအတြင္း စစ္လက္နက္ပစၥည္း ေမာ္ဒယ္အသစ္ေတြကို ထုတ္ေဖာ္ျပခဲ့တယ္လို႔ ဆိုပါတယ္။
အဲဒီကုမၸဏီဟာ AK အမ်ိဳးအစား တိုက္ခိုက္ေရးသုံး႐ိုင္ဖယ္နဲ႔ ဗုံးပစ္ေလာင္ခ်ာစနစ္ကို ပူးတြဲတပ္ဆင္အသုံးျပဳႏိုင္ မယ့္လက္နက္စနစ္အျပင္ RPL-20 အမည္ရွိ အေပါ့စားစစ္ေသနတ္ေတြကို ျပသခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။ RPL-20 အမည္ရွိ အေပါ့စား စစ္ေသနတ္ေတြဟာ က်ည္ခါးပတ္အသုံးျပဳရၿပီး က်ည္ဆံအေတာင့္ ၂၀၀ ပါတဲ့ က်ည္ခါးပတ္ကို အသုံးျပဳရတယ္လို႔ ဆိုပါတယ္။
အဲဒီ စက္ေသနတ္မွာ ၅ ဒသမ ၄၅ မမက်ည္ဆံကို အသုံးျပဳၿပီး စက္ေသနတ္အေလးခ်ိန္ ၅ ကီလိုဂရမ္ရွိတယ္လို႔ ဆိုပါတယ္။ အဲဒီလက္နက္စနစ္နဲ႔ပတ္သက္တဲ့ ဒီဇိုင္းကို Sergey Urzhumtsev က ဖန္တီးထုတ္လုပ္ခဲ့ၿပီး အဲဒီအေပါ့စားလက္နက္စနစ္ေတြကို ယူကရိန္းနဲ႔ ႐ုရွားႏိုင္ငံၾကားျဖစ္ပြားေနတဲ့စစ္ပြဲရဲ႕ ေရွ႕တန္းစစ္ေျမျပင္မွာ အသုံးျပဳဖြယ္ရွိတယ္လို႔ ဆိုပါတယ္။
အဲဒီလက္နက္စနစ္နဲ႔ပတ္သက္ၿပီး တုံ႔ျပန္မႈေတြက အေပါင္းလကၡဏေဆာင္တဲ့တုံ႔ျပန္မႈေတြ ရရွိခဲ့တယ္လို႔ ဆိုပါတယ္။