ယူဂန်ဒါနိုင်ငံရဲ့မြို့တော်ကမ်ပါလာမှာ အမှိုက်ပုံပြိုကျမှုကြောင့် လူ ၈ ဦး သေဆုံး
425
ရောင်နီ (NP News) - သြဂုတ် ၁၁
ယူဂန်ဒါနိုင်ငံ မြို့တော် ကမ်ပါလာရှိ ကာလရှည်ကြာ အမှိုက်ပုံကြီးတစ်ခု ပြိုကျမှုဖြစ်ပွားခဲ့ခြင်းကြောင့် လူရှစ်ဦး သေဆုံးခဲ့တယ်လို့ မြို့တော်အာဏာပိုင်များက စနေနေ့(ဩဂုတ်လ ၁၀ ရက်) မှာ ပြောကြားခဲ့ပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် သောကြာနေ့(ဩဂုတ်လ ၉ ရက်) က Kiteezi လို့ခေါ်တဲ့ အမှိုက်ပုံရဲ့ တစိတ်တပိုင်းပြိုကျခဲ့တာဖြစ်ပြီး နေအိမ်အချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ အစိုးရနဲ့ ကြက်ခြေနီ တပ်ဖွဲ့ဝင်တွေက အဆိုပါနေရာကို ရှာဖွေနေဆဲဖြစ်ပြီး လူ ၁၄ ဦးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ကမ်ပါလာမြို့တော် အာဏာပိုင်က ပြောပါတယ်။
ဒါပေမယ့် သေဆုံးသူကတော့ ကလေး ၂ ဦး အပါအဝင် လူ ၈ ဦး ထိ ရှိတယ်လို့ သိရပါတယ်။ Kiteezi လို့ ခေါ်တဲ့ အဆိုပါအမှိုက်ပုံဟာ ကမ်ပါလာမှာ ဆယ်စုနှစ်များစွာကြာပြီဖြစ်တဲ့ အမှိုက်ပုံကြီးဖြစ်ပြီး ကာလကြာရှည်ခြင်း ကြောင့် တောင်ကုန်းကြီးတစ်ခုလိုတောင် ဖြစ်နေတဲ့နေရာပါ။ NTV Uganda ရုပ်မြင်သံကြားမှ ပြသတဲ့ ဗီဒီယိုဖိုင် တွေမှာတော့ အမှိုက်ပုံပြိုကျမှုကြောင့် အိမ်တစ်အိမ် ပျက်စီးသွားတဲ့အစိတ်အပိုင်းတွေနဲ့ အမှိုက်ပုံအပျက်အစီးတွေ ပေါ်မှာ လမ်းလျှောက်နေသူတွေကို မြင်တွေ့ရပါတယ်။
ယူဂန်ဒါနိုင်ငံရဲ့အစိတ်အပိုင်းတော်တော်များများမှာ မကြာသေးမီ ရက်သတ္တပတ်တွေအတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့ခြင်းကြောင့် ရေကြီးမှုနဲ့ မြေပြိုမှုတွေဖြစ်ပွားလျက်ရှိနေတယ်လို့ သိရပါတယ်။
Zawgyi Version;
ယူဂန္ဒါႏိုင္ငံရဲ႕ၿမိဳ႕ေတာ္ကမ္ပါလာမွာ အမႈိက္ပုံၿပိဳက်မႈေၾကာင့္ လူ ၈ ဦး ေသဆုံး
ေရာင္နီ (NP News) - ၾသဂုတ္ ၁၁
ယူဂန္ဒါႏိုင္ငံ ၿမိဳ႕ေတာ္ ကမ္ပါလာရွိ ကာလရွည္ၾကာ အမႈိက္ပုံႀကီးတစ္ခု ၿပိဳက်မႈျဖစ္ပြားခဲ့ျခင္းေၾကာင့္ လူရွစ္ဦး ေသဆုံးခဲ့တယ္လို႔ ၿမိဳ႕ေတာ္အာဏာပိုင္မ်ားက စေနေန႔(ဩဂုတ္လ ၁၀ ရက္) မွာ ေျပာၾကားခဲ့ပါတယ္။
မိုးသည္းထန္စြာ ႐ြာသြန္းမႈေတြေၾကာင့္ ေသာၾကာေန႔(ဩဂုတ္လ ၉ ရက္) က Kiteezi လို႔ေခၚတဲ့ အမႈိက္ပုံရဲ႕ တစိတ္တပိုင္းၿပိဳက်ခဲ့တာျဖစ္ၿပီး ေနအိမ္အခ်ိဳ႕လည္း ထိခိုက္ပ်က္စီးခဲ့တယ္လို႔ သိရပါတယ္။ အစိုးရနဲ႔ ၾကက္ေျခနီ တပ္ဖြဲ႕ဝင္ေတြက အဆိုပါေနရာကို ရွာေဖြေနဆဲျဖစ္ၿပီး လူ ၁၄ ဦးကို ကယ္ဆယ္ႏိုင္ခဲ့တယ္လို႔ ကမ္ပါလာၿမိဳ႕ေတာ္ အာဏာပိုင္က ေျပာပါတယ္။
ဒါေပမယ့္ ေသဆုံးသူကေတာ့ ကေလး ၂ ဦး အပါအဝင္ လူ ၈ ဦး ထိ ရွိတယ္လို႔ သိရပါတယ္။ Kiteezi လို႔ ေခၚတဲ့ အဆိုပါအမႈိက္ပုံဟာ ကမ္ပါလာမွာ ဆယ္စုႏွစ္မ်ားစြာၾကာၿပီျဖစ္တဲ့ အမႈိက္ပုံႀကီးျဖစ္ၿပီး ကာလၾကာရွည္ျခင္း ေၾကာင့္ ေတာင္ကုန္းႀကီးတစ္ခုလိုေတာင္ ျဖစ္ေနတဲ့ေနရာပါ။ NTV Uganda ႐ုပ္ျမင္သံၾကားမွ ျပသတဲ့ ဗီဒီယိုဖိုင္ ေတြမွာေတာ့ အမႈိက္ပုံၿပိဳက်မႈေၾကာင့္ အိမ္တစ္အိမ္ ပ်က္စီးသြားတဲ့အစိတ္အပိုင္းေတြနဲ႔ အမႈိက္ပုံအပ်က္အစီးေတြ ေပၚမွာ လမ္းေလွ်ာက္ေနသူေတြကို ျမင္ေတြ႕ရပါတယ္။
ယူဂန္ဒါႏိုင္ငံရဲ႕အစိတ္အပိုင္းေတာ္ေတာ္မ်ားမ်ားမွာ မၾကာေသးမီ ရက္သတၱပတ္ေတြအတြင္း မိုးသည္းထန္စြာ႐ြာသြန္းခဲ့ျခင္းေၾကာင့္ ေရႀကီးမႈနဲ႔ ေျမၿပိဳမႈေတြျဖစ္ပြားလ်က္ရွိေနတယ္လို႔ သိရပါတယ္။