ဘင်္ဂလားဒေ့ရှ်ဆန္ဒပြပွဲများ၏ နောက်ဆက်တွဲဂယက်များကြောင့် တရားသူကြီးချုပ်နှင့် ဗဟိုဘဏ်အကြီးအကဲတို့ ရာထူးမှ နှုတ်ထွက်
2447
ALynn (NP News) - သြဂုတ် ၁၁
ဝန်ကြီးချုပ်ရှိတ်ဟာစီနာ နိုင်ငံအတွင်းမှ ထွက်ပြေးရန် တွန်းအားပေးခဲ့သည့် ကျောင်းသားဆန္ဒပြမှုများသည် ၎င်း၏ ရာထူးသက်တမ်းအတွင်း ခန့်အပ်ထားသည့်အရာရှိများကို ပစ်မှတ်ထားရန် ဦးတည်လာသောကြောင့် ဘင်္ဂလားဒေ့ရှ် တရားရေးချုပ်နှင့် ဗဟိုဘဏ်အုပ်ချုပ်ရေးမှူးတို့ရာထူးမှ နုတ်ထွက်သွားကြောင်း တာဝန်ရှိသူများက စနေနေ့ (သြဂုတ်လ ၁၀ ရက်)တွင် ပြောကြားခဲ့သည်။
ကျောင်းသားများ၏ သတိပေးချက်ထွက်ပေါ်လာပြီးနောက် တရားသူကြီးချုပ် Obaidul Hassan ရာထူးမှ နှုတ်ထွက်ကြောင်း ဥပဒေဝန်ကြီးဌာန၏အကြံပေး Asif Nazrul က ပြောကြားခဲ့သည်။ အိမ်စောင့်အစိုးရသစ်၏ အကြံပေးပုဂ္ဂိုလ် Nazrul က ဆန္ဒပြသူများအား ငြိမ်းချမ်းစွာပြုမူကြရန် တိုက်တွန်းခဲ့သည်။ “ပြည်သူပိုင်ပစ္စည်း မပျက်စီးပါစေနဲ့” ဟု ပို့စ်တွင် ရေးသားဖော်ပြထားသည်။
ဘင်္ဂလားဒေ့ရှ်ဗဟိုဘဏ်အကြီးအကဲ Abdur Rouf Talukder လည်း ရာထူးမှ နှုတ်ထွက်ခဲ့သော်လည်း ၎င်း၏ ရာထူး သည် အရေးပါသည့်နေရာဖြစ်သည့်အတွက် ၎င်း၏ နှုတ်ထွက်မှုအား လက်ခံခဲ့ခြင်းမရှိကြောင်း ဘဏ္ဍာရေးဝန်ကြီး ဌာန အကြံပေး Salehuddin Ahmed က သတင်းထောက်များအား ပြောကြားခဲ့သည်။ အစောပိုင်းရက်များက ဘဏ်ဝန်ထမ်း ၃၀၀ မှ ၄၀၀ ခန့်သည် ထိပ်တန်းအရာရှိများ၏ အဂတိလိုက်စားမှုနှင့်ပတ်သက်၍ ဆန့်ကျင် ကန့်ကွက်ခဲ့ကြပြီးနောက် ဗဟိုဘဏ်လက်ထောက်အုပ်ချုပ်ရေးမှူး ၄ ဦး ရာထူးမှ နှုတ်ထွက်ခဲ့ရသည်။
ဒါကာတက္ကသိုလ်၏ ဒုတိယအဓိပတိ ASM Maksud Kamal လည်း ရာထူးမှ နှုတ်ထွက်ခဲ့ကြောင်း အဆိုပါတက္ကသိုလ်မှ ပြောကြားခဲ့သည်။ ၎င်းတက္ကသိုလ်သည် ပြင်းထန်သော ဆန္ဒပြမှုများ၏ ဗဟိုချက်ဖြစ်ခဲ့သည်။ ဟာစီနာသည် လူ ၃၀၀ ခန့် သေဆုံးခဲ့သည့် လူထုအုံကြွမှုအပြီး တနင်္လာနေ့ကတည်းက နယူးဒေလီတွင် သွားရောက်ခိုလှုံခဲ့ကာ သူမ၏ ၁၅ နှစ်ကြာအုပ်ချုပ်မှုကို အဆုံးသတ်ခဲ့သည်။ သူမ ထွက်ခွာပြီးကတည်းက နည်းပညာဆိုင်ရာထောက်လှမ်းရေးအေဂျင်စီ၏ အကြီးအကဲအသစ်နှင့် ရဲချုပ်အသစ်ကိုလည်း ပြောင်းလဲခန့်အပ်ခဲ့ သလို စစ်တပ်၏ အကြီးတန်းအရာရှိများအကြား အပြောင်းအလဲများကို ပြုလုပ်ခဲ့သည်။
Zawgyi Version;
ဘဂၤလားေဒ့ရွ္ဆႏၵျပပြဲမ်ား၏ ေနာက္ဆက္တြဲဂယက္မ်ားေၾကာင့္ တရားသူႀကီးခ်ဳပ္ႏွင့္ ဗဟိုဘဏ္အႀကီးအကဲတို႔ ရာထူးမွ ႏႈတ္ထြက္
ALynn (NP News) - ၾသဂုတ္ ၁၁
ဝန္ႀကီးခ်ဳပ္ရွိတ္ဟာစီနာ ႏိုင္ငံအတြင္းမွ ထြက္ေျပးရန္ တြန္းအားေပးခဲ့သည့္ ေက်ာင္းသားဆႏၵျပမႈမ်ားသည္ ၎၏ ရာထူးသက္တမ္းအတြင္း ခန႔္အပ္ထားသည့္အရာရွိမ်ားကို ပစ္မွတ္ထားရန္ ဦးတည္လာေသာေၾကာင့္ ဘဂၤလားေဒ့ရွ္ တရားေရးခ်ဳပ္ႏွင့္ ဗဟိုဘဏ္အုပ္ခ်ဳပ္ေရးမႉးတို႔ရာထူးမွ ႏုတ္ထြက္သြားေၾကာင္း တာဝန္ရွိသူမ်ားက စေနေန႔ (ၾသဂုတ္လ ၁၀ ရက္)တြင္ ေျပာၾကားခဲ့သည္။
ေက်ာင္းသားမ်ား၏ သတိေပးခ်က္ထြက္ေပၚလာၿပီးေနာက္ တရားသူႀကီးခ်ဳပ္ Obaidul Hassan ရာထူးမွ ႏႈတ္ထြက္ေၾကာင္း ဥပေဒဝန္ႀကီးဌာန၏အႀကံေပး Asif Nazrul က ေျပာၾကားခဲ့သည္။ အိမ္ေစာင့္အစိုးရသစ္၏ အႀကံေပးပုဂၢိဳလ္ Nazrul က ဆႏၵျပသူမ်ားအား ၿငိမ္းခ်မ္းစြာျပဳမူၾကရန္ တိုက္တြန္းခဲ့သည္။ “ျပည္သူပိုင္ပစၥည္း မပ်က္စီးပါေစနဲ႔” ဟု ပို႔စ္တြင္ ေရးသားေဖာ္ျပထားသည္။
ဘဂၤလားေဒ့ရွ္ဗဟိုဘဏ္အႀကီးအကဲ Abdur Rouf Talukder လည္း ရာထူးမွ ႏႈတ္ထြက္ခဲ့ေသာ္လည္း ၎၏ ရာထူး သည္ အေရးပါသည့္ေနရာျဖစ္သည့္အတြက္ ၎၏ ႏႈတ္ထြက္မႈအား လက္ခံခဲ့ျခင္းမရွိေၾကာင္း ဘ႑ာေရးဝန္ႀကီး ဌာန အႀကံေပး Salehuddin Ahmed က သတင္းေထာက္မ်ားအား ေျပာၾကားခဲ့သည္။ အေစာပိုင္းရက္မ်ားက ဘဏ္ဝန္ထမ္း ၃၀၀ မွ ၄၀၀ ခန႔္သည္ ထိပ္တန္းအရာရွိမ်ား၏ အဂတိလိုက္စားမႈႏွင့္ပတ္သက္၍ ဆန႔္က်င္ ကန႔္ကြက္ခဲ့ၾကၿပီးေနာက္ ဗဟိုဘဏ္လက္ေထာက္အုပ္ခ်ဳပ္ေရးမႉး ၄ ဦး ရာထူးမွ ႏႈတ္ထြက္ခဲ့ရသည္။
ဒါကာတကၠသိုလ္၏ ဒုတိယအဓိပတိ ASM Maksud Kamal လည္း ရာထူးမွ ႏႈတ္ထြက္ခဲ့ေၾကာင္း အဆိုပါတကၠသိုလ္မွ ေျပာၾကားခဲ့သည္။ ၎တကၠသိုလ္သည္ ျပင္းထန္ေသာ ဆႏၵျပမႈမ်ား၏ ဗဟိုခ်က္ျဖစ္ခဲ့သည္။ ဟာစီနာသည္ လူ ၃၀၀ ခန႔္ ေသဆုံးခဲ့သည့္ လူထုအုံႂကြမႈအၿပီး တနလၤာေန႔ကတည္းက နယူးေဒလီတြင္ သြားေရာက္ခိုလႈံခဲ့ကာ သူမ၏ ၁၅ ႏွစ္ၾကာအုပ္ခ်ဳပ္မႈကို အဆုံးသတ္ခဲ့သည္။ သူမ ထြက္ခြာၿပီးကတည္းက နည္းပညာဆိုင္ရာေထာက္လွမ္းေရးေအဂ်င္စီ၏ အႀကီးအကဲအသစ္ႏွင့္ ရဲခ်ဳပ္အသစ္ကိုလည္း ေျပာင္းလဲခန႔္အပ္ခဲ့ သလို စစ္တပ္၏ အႀကီးတန္းအရာရွိမ်ားအၾကား အေျပာင္းအလဲမ်ားကို ျပဳလုပ္ခဲ့သည္။