ဆားဘီးယားသည် အီးယူထက် BRICS ကို ရွေးချယ်သင့်ကြောင်း ဒုတိယ၀န်ကြီးချုပ်ပြော

 535

ALynn (NP News) - ဩဂုတ် ၁၃

ဆားဘီးယားသည် အီးယူထက် BRICS ကို ရွေးချယ်သင့်သည်ဟု ဒုတိယ၀န်ကြီးချုပ် Aleksandar Vulin က ရုရှားမီဒီယာများနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။ ယခင် ယူဂိုဆလားဗီးယားနိုင်ငံမှခွဲထွက်ခဲ့သော အကြီးဆုံးသမ္မတနိုင်ငံဖြစ်သည့် ဆားဘီးယားသည် အီးယူအဖွဲ့ဝင်အဖြစ် ၂၀၀၉ ခုနှစ်တွင် လျှောက်ထားခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် အဖွဲ့ဝင်ဖြစ်လာခဲ့သည်။ မကြာသေးမီက အဆိုပါအဖွဲ့သည် ဆားဘီးယား၏ ခွဲထွက်ပြည်နယ် ကိုဆိုဗိုပြည်နယ်အား အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုရန် စဉ်းစားခဲ့သည်။

“BRICS က ဆားဘီးယားကို ဘာတစ်ခုမှ မတောင်းဆိုဘဲ ကျွန်တော်တို့ လိုချင်တာထက် ပိုပေးတယ်။ အီးယူကတော့ ကျွန်တော်တို့ဆီက အရာအားလုံးကို တောင်းဆိုနေပြီး ဘာတွေ ကမ်းလှမ်းပေးမယ်ဆိုတာ မသေချာဘူး” ဟု Vulin က တနင်္လာနေ့ (ဩဂုတ်လ ၁၂ ရက်) တွင် RIA Novosti သို့ ပြောကြားခဲ့သည်။ Vulin ၏အဆိုအရ ဆားဘီးယားနိုင်ငံသည် ရုရှားနိုင်ငံ Kazan ၌ အောက်တိုဘာလ နှောင်းပိုင်းတွင် ပြုလုပ်ရန်စီစဉ်ထားသည့် BRICS ထိပ်သီးအစည်းအဝေးသို့ တရားဝင်ဖိတ်ကြားမှုကို မျှော်လင့်နေသည်။

အီးယူမှ ကြီးမားသောဖိအားပေးမှုများရှိသော်လည်း ဆားဘီးယားသည် မော်စကိုအား အမေရိကန် နှင့် အီးယူ၏ပိတ်ဆို့အရေးယူမှုတွင်မပါဝင်ဘဲ ယူကရိန်းပဋိပက္ခတွင်ကြားနေရေး မူဝါဒကိုသာ ကျင့်သုံးကာ ရုရှားနှင့်အနောက်နိုင်ငံများအကြား ကုန်သွယ်မှုဆက်ဆံရေးကို ထိန်းသိမ်းထားသည်။ Vulin ၏ အဆိုအရ ဆားဘီးယားသမ္မတအနေဖြင့် “ရောင်စုံတော်လှန် ရေး” နှင့် လုပ်ကြံသတ်ဖြတ်ခြင်းအထိ အန္တရာယ်ကျရောက်စေခဲ့သည်။ “ယူကရိန်းအရေး ငြိမ်းချမ်းစွာဖြေရှင်းရေး တောင်းဆို တဲ့လူတိုင်း အသက်အန္တရာယ် ခြိမ်းခြောက်ခံလာရတယ်” ဟု စလိုဗက်ကီးယား ၀န်ကြီးချုပ် Robert Fico နှင့် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် တို့အား လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုများကို Vulin က ရည်ညွှန်းပြောဆိုခဲ့သည်။

ဆားဘီးယားသည် ငြိမ်းချမ်းရေးကို လိုလားပြီး ရုရှားကို ချေမှုန်းရန် ကြိုးပမ်းနေသည့် အီးယူနှင့် နေတိုးအဖွဲ့ဝင်များ၏ မဖြစ်နိုင်သော ရည်မှန်းချက်ကို သဘောမတူကြောင်း Vulin က ပြောကြား ခဲ့သည်။ Vulin သည် မေလကတည်းက ဒုတိယ၀န်ကြီးချုပ်ဖြစ်ခဲ့သည်။ ယင်းမတိုင်ခင် ၎င်းသည် လုံခြုံရေးထောက်လှမ်းရေးအေဂျင်စီ (BIA) ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာမှ ၂၀၂၃ ခုနှစ်နိုဝင်ဘာလ အထိ လည်ပတ်ခဲ့သည်။ ဆက်တိုက်ထွက်ပေါ်နေသော ကောလဟာလများအရ အမေရိကန်၏ ဖိအားပေးမှုအောက်တွင် ၎င်းအား အတင်းအကျပ်ထုတ်ပယ်ရန် ခြိမ်းခြောက်ခံနေရသည်။ ယင်းမတိုင်မီက ဆားဘီးယား၏ ကာကွယ်ရေးဝန်ကြီး (၂၀၁၇-၂၀၂၀) နှင့် ပြည်တွင်းရေးရာဝန်ကြီး (၂၀၂၀-၂၀၂၂) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

zawgyi version
ဆားဘီးယားသည္ အီးယူထက္ BRICS ကို ေ႐ြးခ်ယ္သင့္ေၾကာင္း ဒုတိယ၀န္ႀကီးခ်ဳပ္ေျပာ
ALynn (NP News) - ဩဂုတ္ ၁၃

ဆားဘီးယားသည္ အီးယူထက္ BRICS ကို ေ႐ြးခ်ယ္သင့္သည္ဟု ဒုတိယ၀န္ႀကီးခ်ဳပ္ Aleksandar Vulin က ႐ုရွားမီဒီယာမ်ားႏွင့္ ေတြ႕ဆုံေမးျမန္းခန္းတြင္ ေျပာၾကားခဲ့သည္။ ယခင္ ယူဂိုဆလားဗီးယားႏိုင္ငံမွခြဲထြက္ခဲ့ေသာ အႀကီးဆုံးသမၼတႏိုင္ငံျဖစ္သည့္ ဆားဘီးယားသည္ အီးယူအဖြဲ႕ဝင္အျဖစ္ ၂၀၀၉ ခုႏွစ္တြင္ ေလွ်ာက္ထားခဲ့ၿပီး ၂၀၁၂ ခုႏွစ္တြင္ အဖြဲ႕ဝင္ျဖစ္လာခဲ့သည္။ မၾကာေသးမီက အဆိုပါအဖြဲ႕သည္ ဆားဘီးယား၏ ခြဲထြက္ျပည္နယ္ ကိုဆိုဗိုျပည္နယ္အား အဖြဲ႕ဝင္အျဖစ္ အသိအမွတ္ျပဳရန္ စဥ္းစားခဲ့သည္။

“BRICS က ဆားဘီးယားကို ဘာတစ္ခုမွ မေတာင္းဆိုဘဲ ကြၽန္ေတာ္တို႔ လိုခ်င္တာထက္ ပိုေပးတယ္။ အီးယူကေတာ့ ကြၽန္ေတာ္တို႔ဆီက အရာအားလုံးကို ေတာင္းဆိုေနၿပီး ဘာေတြ ကမ္းလွမ္းေပးမယ္ဆိုတာ မေသခ်ာဘူး” ဟု Vulin က တနလၤာေန႔ (ဩဂုတ္လ ၁၂ ရက္) တြင္ RIA Novosti သို႔ ေျပာၾကားခဲ့သည္။ Vulin ၏အဆိုအရ ဆားဘီးယားႏိုင္ငံသည္ ႐ုရွားႏိုင္ငံ Kazan ၌ ေအာက္တိုဘာလ ေႏွာင္းပိုင္းတြင္ ျပဳလုပ္ရန္စီစဥ္ထားသည့္ BRICS ထိပ္သီးအစည္းအေဝးသို႔ တရားဝင္ဖိတ္ၾကားမႈကို ေမွ်ာ္လင့္ေနသည္။

အီးယူမွ ႀကီးမားေသာဖိအားေပးမႈမ်ားရွိေသာ္လည္း ဆားဘီးယားသည္ ေမာ္စကိုအား အေမရိကန္ ႏွင့္ အီးယူ၏ပိတ္ဆို႔အေရးယူမႈတြင္မပါဝင္ဘဲ ယူကရိန္းပဋိပကၡတြင္ၾကားေနေရး မူဝါဒကိုသာ က်င့္သုံးကာ ႐ုရွားႏွင့္အေနာက္ႏိုင္ငံမ်ားအၾကား ကုန္သြယ္မႈဆက္ဆံေရးကို ထိန္းသိမ္းထားသည္။ Vulin ၏ အဆိုအရ ဆားဘီးယားသမၼတအေနျဖင့္ “ေရာင္စုံေတာ္လွန္ ေရး” ႏွင့္ လုပ္ႀကံသတ္ျဖတ္ျခင္းအထိ အႏၲရာယ္က်ေရာက္ေစခဲ့သည္။ “ယူကရိန္းအေရး ၿငိမ္းခ်မ္းစြာေျဖရွင္းေရး ေတာင္းဆို တဲ့လူတိုင္း အသက္အႏၲရာယ္ ၿခိမ္းေျခာက္ခံလာရတယ္” ဟု စလိုဗက္ကီးယား ၀န္ႀကီးခ်ဳပ္ Robert Fico ႏွင့္ အေမရိကန္သမၼတေဟာင္း ေဒၚနယ္ထရမ့္ တို႔အား လုပ္ႀကံသတ္ျဖတ္ရန္ ႀကိဳးပမ္းမႈမ်ားကို Vulin က ရည္ၫႊန္းေျပာဆိုခဲ့သည္။

ဆားဘီးယားသည္ ၿငိမ္းခ်မ္းေရးကို လိုလားၿပီး ႐ုရွားကို ေခ်မႈန္းရန္ ႀကိဳးပမ္းေနသည့္ အီးယူႏွင့္ ေနတိုးအဖြဲ႕ဝင္မ်ား၏ မျဖစ္ႏိုင္ေသာ ရည္မွန္းခ်က္ကို သေဘာမတူေၾကာင္း Vulin က ေျပာၾကား ခဲ့သည္။ Vulin သည္ ေမလကတည္းက ဒုတိယ၀န္ႀကီးခ်ဳပ္ျဖစ္ခဲ့သည္။ ယင္းမတိုင္ခင္ ၎သည္ လုံၿခဳံေရးေထာက္လွမ္းေရးေအဂ်င္စီ (BIA) ကို ၂၀၂၂ ခုႏွစ္၊ ဒီဇင္ဘာမွ ၂၀၂၃ ခုႏွစ္ႏိုဝင္ဘာလ အထိ လည္ပတ္ခဲ့သည္။ ဆက္တိုက္ထြက္ေပၚေနေသာ ေကာလဟာလမ်ားအရ အေမရိကန္၏ ဖိအားေပးမႈေအာက္တြင္ ၎အား အတင္းအက်ပ္ထုတ္ပယ္ရန္ ၿခိမ္းေျခာက္ခံေနရသည္။ ယင္းမတိုင္မီက ဆားဘီးယား၏ ကာကြယ္ေရးဝန္ႀကီး (၂၀၁၇-၂၀၂၀) ႏွင့္ ျပည္တြင္းေရးရာဝန္ႀကီး (၂၀၂၀-၂၀၂၂) အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သည္။

Related news

© 2021. All rights reserved.