ထိုင်းဝန်ကြီးချုပ် ရာထူးမှ ဖယ်ရှားခံရဖွယ်ရှိနေ

 1602

ALynn (NP News) - ဩဂုတ် ၁၃

ထိုင်းဝန်ကြီးချုပ် ဆရတ်သာထာဝီဆင်းသည် ၀န်ကြီးတစ်ဦးကို ခန့်အပ်ခြင်းနှင့်ပတ်သက်သည့် ရာဇ၀တ်မှုဖြင့် နိုင်ငံ၏ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးက ယခုသီတင်းပတ်အတွင်း ၎င်းအား ရာထူးမှ ဖယ်ရှားခံရဖွယ်ရှိသည်။ နိုင်ငံတော်၏ အဓိက အတိုက်အခံ နိုင်ငံရေးပါတီကို ဖျက်သိမ်းပြီး ၎င်း၏ ခေါင်းဆောင်ဟောင်း Pita Limjaroenrat အား နိုင်ငံရေးမှ ဆယ်စုနှစ် တစ်ခုကြာ ပိတ်ပင်ခဲ့ပြီးနောက် တစ်ပတ်အကြာတွင် အဆိုပါ အမှု ထွက်ပေါ်လာခြင်းဖြစ်သည်။

ဆရတ်သာသည် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ၏ မိသားစုနှင့် နီးစပ်သော ရှေ့နေ တစ်ဦးဖြစ်သည့် Pichit Chuenban ကို ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ခြင်းကြောင့် ကျင့်ဝတ်စည်းကမ်း များကို ဖောက်ဖျက်သည်ဟု စွပ်စွဲခံထားရသည်။ Pichit သည် အကျင့်ပျက်ခြစားမှုဖြင့် ၂၀၀၈ ခုနှစ်တွင် ထောင်ဒဏ်ခြောက်လ ချမှတ်ခံခဲ့ရသည်။ Pichit က ၎င်းအနေဖြင့် ရာထူးမှ နုတ်ထွက် ပြီး ဆရတ်သာအား ကာကွယ်ရန် ကြိုးပမ်းခဲ့သော်လည်း စစ်တပ်မှ ခန့်အပ်ထားသော အထက်လွှတ်တော်အမတ်များ၏ တိုင်ကြားချက်ဖြင့် စတင်ခဲ့သော ယင်းအမှုကို ဖွဲ့စည်းပုံအခြေခံ ဥပဒေတရားရုံးမှ ကြားနာရန် သဘောတူထားဆဲ ဖြစ်သည်။ ဆရတ်သာက Pichit သည် လိုအပ်သော စစ်ဆေးမှုများကို ခံယူခဲ့သည်ဟု ဆိုသည်။

ဝန်ကြီးချုပ်ရာထူးကို ဆက်လက်ထမ်းဆောင်ခွင့်ရပါက အစိုးရအဖွဲ့တွင် အပြောင်းအလဲဖြစ်နိုင်ခြေရှိကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့ဖူးသည်ဟု ပြည်တွင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ အကယ်၍ ၎င်းရာထူးမှဖယ်ရှားခံရပါက ဖွေထိုင်းပါတီသည် ဝန်ကြီးချုပ်သစ်အတွက် ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းရမည်ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးသည် ယခင်က ၀န်ကြီးချုပ်များကို ထုတ်ပယ်ခဲ့သော်လည်း နိုင်ငံရေးသုံးသပ်သူ Thitinan Pongsudhirak က ဝန်ကြီးချုပ်အား ထုတ်ပယ်လိမ့်မည်ဟု မမျှော်လင့်ထားကြောင်း သုံးသပ်ပြောဆိုခဲ့သည်။ “အစားထိုးဖို့ ခက်တဲ့အတွက် သူ ဆက်လက်အာဏာရှိနေမယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု ၎င်းက AFP သို့ ပြောကြားခဲ့သည်။

ယမန်နှစ်တွင် နိုင်ငံရေးလောကသို့ ဝင်ရောက်လာခဲ့သည့် ဆရတ်သာသည် အာဏာရလာ ကတည်းက ၎င်း၏မူဝါဒများကို သိသိသာသာဆန့်ကျင်မှုများနှင့် ရင်ဆိုင်ခဲ့ရကြောင်း ဇွန်လ စစ်တမ်းတစ်ခုတွင် ထိုင်းလူမျိုးအများစုက ၎င်း၏ အစီအစဉ်ကို ပယ်ချခဲ့ခြင်းက သက်သေပြ နေသည်။ ဇွန်လတွင် ကျားမ မရွေးတန်းတူအိမ်ထောင်ပြုခွင့် ဥပဒေကို အတည်ပြုပြဋ္ဌာန်းခဲ့ခြင်းဖြင့် LGBTQ အသိုင်းအဝိုင်းအား ထောက်ခံကြောင်း ပြသခဲ့သည်။

ဥရောပသမဂ္ဂ၊ အမေရိကန်၊ ကုလသမဂ္ဂနှင့် လူ့အခွင့်အရေးအဖွဲ့များက Move Forward Party (MFP) ကို ဖျက်သိမ်းရန် တရားရုံး၏ ဆုံးဖြတ်ချက်သည် ထိုင်းနိုင်ငံတွင် ဒီမိုကရေစီ ပွင့်လင်း မြင်သာမှုကို ထိခိုက်စေသည်ဟု ဝေဖန်ခဲ့သည်။ MFP ၏ ကျန်အဖွဲ့ဝင်များသည် ၂၀၂၇ ခုနှစ်တွင် ပြုလုပ်ရန်စီစဉ်ထားသည့် နောက်လာမည့် အမျိုးသားရွေးကောက်ပွဲတွင် အပြောင်းအလဲများဖော်ဆောင်ရန်ရည်မှန်းချက်နှင့်အတူ "ပြည်သူ့ ပါတီ" ဟုအမည်ပြောင်းပြီး လှုပ်ရှားမှုများကို သောကြာနေ့တွင်စတင်ခဲ့သည်။ ထိုင်းနိုင်ငံသည် ၁၉၃၂ ခုနှစ် သက်ဦးဆံပိုင်ဘုရင်စနစ် အဆုံးသတ်ချိန်မှစ၍ ဆယ်စုနှစ်များစွာကြာ နိုင်ငံရေး မတည်ငြိမ်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။

zawgyi version
ထိုင္းဝန္ႀကီးခ်ဳပ္ ရာထူးမွ ဖယ္ရွားခံရဖြယ္ရွိေန
ALynn (NP News) - ဩဂုတ္ ၁၃

ထိုင္းဝန္ႀကီးခ်ဳပ္ ဆရတ္သာထာဝီဆင္းသည္ ၀န္ႀကီးတစ္ဦးကို ခန႔္အပ္ျခင္းႏွင့္ပတ္သက္သည့္ ရာဇ၀တ္မႈျဖင့္ ႏိုင္ငံ၏ဖြဲ႕စည္းပုံ အေျခခံဥပေဒခုံ႐ုံးက ယခုသီတင္းပတ္အတြင္း ၎အား ရာထူးမွ ဖယ္ရွားခံရဖြယ္ရွိသည္။ ႏိုင္ငံေတာ္၏ အဓိက အတိုက္အခံ ႏိုင္ငံေရးပါတီကို ဖ်က္သိမ္းၿပီး ၎၏ ေခါင္းေဆာင္ေဟာင္း Pita Limjaroenrat အား ႏိုင္ငံေရးမွ ဆယ္စုႏွစ္ တစ္ခုၾကာ ပိတ္ပင္ခဲ့ၿပီးေနာက္ တစ္ပတ္အၾကာတြင္ အဆိုပါ အမႈ ထြက္ေပၚလာျခင္းျဖစ္သည္။

ဆရတ္သာသည္ ဝန္ႀကီးခ်ဳပ္ေဟာင္း သက္ဆင္ရွင္နာဝပ္ထရာ၏ မိသားစုႏွင့္ နီးစပ္ေသာ ေရွ႕ေန တစ္ဦးျဖစ္သည့္ Pichit Chuenban ကို ဝန္ႀကီးအျဖစ္ ခန႔္အပ္ခဲ့ျခင္းေၾကာင့္ က်င့္ဝတ္စည္းကမ္း မ်ားကို ေဖာက္ဖ်က္သည္ဟု စြပ္စြဲခံထားရသည္။ Pichit သည္ အက်င့္ပ်က္ျခစားမႈျဖင့္ ၂၀၀၈ ခုႏွစ္တြင္ ေထာင္ဒဏ္ေျခာက္လ ခ်မွတ္ခံခဲ့ရသည္။ Pichit က ၎အေနျဖင့္ ရာထူးမွ ႏုတ္ထြက္ ၿပီး ဆရတ္သာအား ကာကြယ္ရန္ ႀကိဳးပမ္းခဲ့ေသာ္လည္း စစ္တပ္မွ ခန႔္အပ္ထားေသာ အထက္လႊတ္ေတာ္အမတ္မ်ား၏ တိုင္ၾကားခ်က္ျဖင့္ စတင္ခဲ့ေသာ ယင္းအမႈကို ဖြဲ႕စည္းပုံအေျခခံ ဥပေဒတရား႐ုံးမွ ၾကားနာရန္ သေဘာတူထားဆဲ ျဖစ္သည္။ ဆရတ္သာက Pichit သည္ လိုအပ္ေသာ စစ္ေဆးမႈမ်ားကို ခံယူခဲ့သည္ဟု ဆိုသည္။

ဝန္ႀကီးခ်ဳပ္ရာထူးကို ဆက္လက္ထမ္းေဆာင္ခြင့္ရပါက အစိုးရအဖြဲ႕တြင္ အေျပာင္းအလဲျဖစ္ႏိုင္ေျခရွိေၾကာင္း ဝန္ႀကီးခ်ဳပ္က ေျပာၾကားခဲ့ဖူးသည္ဟု ျပည္တြင္းမီဒီယာမ်ား၏ ေဖာ္ျပခ်က္အရ သိရသည္။ အကယ္၍ ၎ရာထူးမွဖယ္ရွားခံရပါက ေဖြထိုင္းပါတီသည္ ဝန္ႀကီးခ်ဳပ္သစ္အတြက္ ကိုယ္စားလွယ္ေလာင္းအမည္စာရင္း တင္သြင္းရမည္ျဖစ္သည္။ ဖြဲ႕စည္းပုံအေျခခံဥပေဒခုံ႐ုံးသည္ ယခင္က ၀န္ႀကီးခ်ဳပ္မ်ားကို ထုတ္ပယ္ခဲ့ေသာ္လည္း ႏိုင္ငံေရးသုံးသပ္သူ Thitinan Pongsudhirak က ဝန္ႀကီးခ်ဳပ္အား ထုတ္ပယ္လိမ့္မည္ဟု မေမွ်ာ္လင့္ထားေၾကာင္း သုံးသပ္ေျပာဆိုခဲ့သည္။ “အစားထိုးဖို႔ ခက္တဲ့အတြက္ သူ ဆက္လက္အာဏာရွိေနမယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္” ဟု ၎က AFP သို႔ ေျပာၾကားခဲ့သည္။

ယမန္ႏွစ္တြင္ ႏိုင္ငံေရးေလာကသို႔ ဝင္ေရာက္လာခဲ့သည့္ ဆရတ္သာသည္ အာဏာရလာ ကတည္းက ၎၏မူဝါဒမ်ားကို သိသိသာသာဆန႔္က်င္မႈမ်ားႏွင့္ ရင္ဆိုင္ခဲ့ရေၾကာင္း ဇြန္လ စစ္တမ္းတစ္ခုတြင္ ထိုင္းလူမ်ိဳးအမ်ားစုက ၎၏ အစီအစဥ္ကို ပယ္ခ်ခဲ့ျခင္းက သက္ေသျပ ေနသည္။ ဇြန္လတြင္ က်ားမ မေ႐ြးတန္းတူအိမ္ေထာင္ျပဳခြင့္ ဥပေဒကို အတည္ျပဳျပ႒ာန္းခဲ့ျခင္းျဖင့္ LGBTQ အသိုင္းအဝိုင္းအား ေထာက္ခံေၾကာင္း ျပသခဲ့သည္။

ဥေရာပသမဂၢ၊ အေမရိကန္၊ ကုလသမဂၢႏွင့္ လူ႔အခြင့္အေရးအဖြဲ႕မ်ားက Move Forward Party (MFP) ကို ဖ်က္သိမ္းရန္ တရား႐ုံး၏ ဆုံးျဖတ္ခ်က္သည္ ထိုင္းႏိုင္ငံတြင္ ဒီမိုကေရစီ ပြင့္လင္း ျမင္သာမႈကို ထိခိုက္ေစသည္ဟု ေဝဖန္ခဲ့သည္။ MFP ၏ က်န္အဖြဲ႕ဝင္မ်ားသည္ ၂၀၂၇ ခုႏွစ္တြင္ ျပဳလုပ္ရန္စီစဥ္ထားသည့္ ေနာက္လာမည့္ အမ်ိဳးသားေ႐ြးေကာက္ပြဲတြင္ အေျပာင္းအလဲမ်ားေဖာ္ေဆာင္ရန္ရည္မွန္းခ်က္ႏွင့္အတူ "ျပည္သူ႔ ပါတီ" ဟုအမည္ေျပာင္းၿပီး လႈပ္ရွားမႈမ်ားကို ေသာၾကာေန႔တြင္စတင္ခဲ့သည္။ ထိုင္းႏိုင္ငံသည္ ၁၉၃၂ ခုႏွစ္ သက္ဦးဆံပိုင္ဘုရင္စနစ္ အဆုံးသတ္ခ်ိန္မွစ၍ ဆယ္စုႏွစ္မ်ားစြာၾကာ ႏိုင္ငံေရး မတည္ၿငိမ္မႈမ်ားႏွင့္ ႀကဳံေတြ႕ခဲ့ရသည္။

Related news

© 2021. All rights reserved.