နစက၏ (၂၀၂၅)ရွေးကောက်ပွဲကို ကူညီပေးလိုကြောင်း ကမ်းလှမ်းထားသော နိုင်ငံ(၃)ခုထက်မနည်းရှိ
730
မြူနစ် (NP News) - ဩဂုတ် ၁၃
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင် သော နစကမှ ပြန်လည်ကျင်းပပေးမည့် ရွေးကောက်ပွဲကို ကူညီပေးလိုကြောင်း ကမ်းလှမ်းထားသော နိုင်ငံ(၃)ခုထက်မနည်းရှိလာကြောင်း တွေ့ရသည်။
လာမည့် (၂၀၂၅) ခုနှစ်အတွင်း၌ အထွေ ထွေရွေးကောက်ပွဲတစ်ရပ် ကျင်းပပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုထားသည်။
နေပြည်တော်တွင် ယခုရက်ပိုင်းအတွင်း၌ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုနှင့် မြန်မာ နိုင်ငံဆိုင်ရာထိုင်းနိုင်ငံသံအမတ်ကြီး H. E. Mr. Mongkol Visitstump တို့ တွေ့ဆုံခဲ့ပြီး ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။ ထိုသို့တွေ့ဆုံစဉ် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ထိုင်းနိုင်ငံအနေဖြင့် ကူညီဆောင် ရွက်ပေးနိုင်မည့်အခြေအနေများကိုလည်း ကမ်းလှမ်းပြောဆိုကာ ထည့်သွင်းဆွေးနွေးခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အလားတူ ပြီးခဲ့သောကာလများတွင်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မြန်မာ နိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံသံအမတ်ကြီးတို့ တွေ့ ဆုံဆွေးနွေးခဲ့ရာတွင်လည်း အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံရွေးကောက်ပွဲကော်မရှင်နှင့် ပူးပေါင်း ဆောင်ရွက်မှုများ၊ အကူအညီပေးမှုများကို ဆက် လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်ကို နစက၏ သတင်းအချက်အလက် များအရ တွေ့ရှိရသည်။
ထို့ပြင် ရုရှားနိုင်ငံ၊ဒူးမားလွှတ်တော်ဒုဥက္ကဋ္ဌ H.E. Mr. Sholban Kara-Ool ဦးဆောင်သောအဖွဲ့သည်လည်း မြန်မာနိုင်ငံသို့လာရောက်စဉ် နစကဥက္ကဋ္ဌနှင့်တွေ့ဆုံရာ၌ ရုရှားနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံတွင်ကျင်းပမည့် ရွေးကောက်ပွဲကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။
လက်ရှိတွင် နစက၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ရုရှားနိုင်ငံ၊ ဗဟိုရွေးကောက် ပွဲကော်မရှင်တို့အကြား ရွေးကောက်ပွဲကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရန်အတွက် နားလည်မှုစာချွန်လွှာကို နှစ်ဖက်လက်မှတ်ရေးထိုးထားကြသည်။ 'သူတို့လဲ welcome ပေါ့။ ဘာကြောင့် welcome လည်းဆိုတော့ ကျွန်တော်တို့နိုင်ငံက ရွေးကောက်ပွဲလုပ်ပြီးတော့ ဒီမိုကရေစီစနစ်နဲ့ သွားမယ်။ ဖက်ဒရယ်ပြည်ထောင်စုကို အခြေခံပြီး တည် ဆောက်မယ်လို့ တရားဝင်လည်း ကြေညာထားပြီးသားဖြစ်တယ်။ ရွေးကောက်ပွဲကို တရားဝင်လုပ်ပေးမယ်လို့ ကြေညာတဲ့အတွက်ကြောင့် ရွေးကောက် ပွဲနဲ့တက်လာတဲ့ နိုင်ငံတွေအကုန်လုံးကတော့ ရွေး ကောက်ပွဲကို သူတို့လည်း ဒီလိုပဲဆိုကြမှာဖြစ်ပါတယ်။ အပြုသဘောဆောင်တဲ့ကမ်းလှမ်းမှုလို့လည်း ပြော လို့ရတယ်။ ကျွန်တော်တို့ကတော့ အဲဒီလိုပဲ သုံးသပ် ပါတယ်'ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူဦးလှသိန်းက NP News ကို သုံးသပ်ပြောကြားသည်။
မြန်မာနိုင်ငံတွင် ကျင်းပမည့်ရွေး ကောက်ပွဲကို တရုတ်နိုင်ငံအနေဖြင့် အကူအညီများ ပေးသွားရန် နစကဘက်က တောင်းဆိုခဲ့ဖူးသည်။ လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိ သည့် ပဋိပက္ခအကျပ်အတည်းများကို ကျော်လွှားနိုင်ရန်အတွက် ရွေးကောက်ပွဲသည် နိုင်ငံရေးထွက် ပေါက်တစ်ခုအဖြစ် ရှိနေကြောင်းလည်း နိုင်ငံရေး ပါတီများက သုံးသပ်ထားကြသည်။
ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေးအတွက် နစကအစိုးရအနေဖြင့် (၂၀၂၄ ) အောက်တိုဘာတွင် တစ်နိုင်ငံလုံး၌ ပြည်လုံးကျွတ် သန်းခေါင် စာရင်းကောက်ယူနိုင်ရေး ပြင်ဆင်နေလျက်ရှိပြီး ゞင်းမှတစ်ဆင့် ရရှိလာမည့်အချက်အလက်များကို အခြေခံကာ ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကဘက်က ဆိုသည်။
သို့သော် လတ်တလောတွင် မြန်မာနိုင်ငံ အတွင်းရှိ နေရာဒေသအချို့တွင် စစ်ရေးပဋိပက္ခများ ဖြစ်ပွားနေလျက်ရှိပြီး နယ်မြေမတည်ငြိမ်မှုများလည်း ဖြစ်ပွားနေလျက်ရှိသည်။ယင်းကဲ့သို့ နယ်မြေမတည်ငြိမ်မှုများ ကြောင့်ရွေးကောက်ပွဲ ပြန်လည်ကျင်းပရာတွင် တည် ငြိမ်အေးချမ်းသည့်ဒေသများ၌ အရင်ဆုံး ကျင်းပပေးသွားမည်ဖြစ်ကြောင်းလည်း နစကဘက်က ထုတ်ဖော် ပြောဆိုထားသည်။
zawgyi version
နစက၏ (၂၀၂၅)ေ႐ြးေကာက္ပြဲကို ကူညီေပးလိုေၾကာင္း ကမ္းလွမ္းထားေသာ ႏိုင္ငံ(၃)ခုထက္မနည္းရွိ
ျမဴနစ္ (NP News) - ဩဂုတ္ ၁၃
ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ဦးေဆာင္ ေသာ နစကမွ ျပန္လည္က်င္းပေပးမည့္ ေ႐ြးေကာက္ပြဲကို ကူညီေပးလိုေၾကာင္း ကမ္းလွမ္းထားေသာ ႏိုင္ငံ(၃)ခုထက္မနည္းရွိလာေၾကာင္း ေတြ႕ရသည္။
လာမည့္ (၂၀၂၅) ခုႏွစ္အတြင္း၌ အေထြ ေထြေ႐ြးေကာက္ပြဲတစ္ရပ္ က်င္းပေပးႏိုင္ေရးအတြက္ ႀကိဳတင္ျပင္ဆင္လ်က္ရွိေၾကာင္း နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ထုတ္ေဖာ္ေျပာဆိုထားသည္။
ေနျပည္ေတာ္တြင္ ယခုရက္ပိုင္းအတြင္း၌ ေ႐ြးေကာက္ပြဲေကာ္မရွင္ဥကၠ႒ ဦးကိုကိုႏွင့္ ျမန္မာ ႏိုင္ငံဆိုင္ရာထိုင္းႏိုင္ငံသံအမတ္ႀကီး H. E. Mr. Mongkol Visitstump တို႔ ေတြ႕ဆုံခဲ့ၿပီး ေ႐ြးေကာက္ပြဲဆိုင္ရာကိစၥရပ္မ်ားကို ထည့္သြင္းေဆြးေႏြးခဲ့ေၾကာင္း သိရသည္။ ထိုသို႔ေတြ႕ဆုံစဥ္ ေ႐ြးေကာက္ပြဲ က်င္းပႏိုင္ေရးအတြက္ ထိုင္းႏိုင္ငံအေနျဖင့္ ကူညီေဆာင္ ႐ြက္ေပးႏိုင္မည့္အေျခအေနမ်ားကိုလည္း ကမ္းလွမ္းေျပာဆိုကာ ထည့္သြင္းေဆြးေႏြးခဲ့ေၾကာင္း နစက၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
အလားတူ ၿပီးခဲ့ေသာကာလမ်ားတြင္လည္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ႏွင့္ ျမန္မာ ႏိုင္ငံဆိုင္ရာအိႏၵိယႏိုင္ငံသံအမတ္ႀကီးတို႔ ေတြ႕ ဆုံေဆြးေႏြးခဲ့ရာတြင္လည္း အိႏၵိယႏိုင္ငံအေနျဖင့္ ျမန္မာႏိုင္ငံေ႐ြးေကာက္ပြဲေကာ္မရွင္ႏွင့္ ပူးေပါင္း ေဆာင္႐ြက္မႈမ်ား၊ အကူအညီေပးမႈမ်ားကို ဆက္ လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ထုတ္ေဖာ္ ေျပာဆိုခဲ့သည္ကို နစက၏ သတင္းအခ်က္အလက္ မ်ားအရ ေတြ႕ရွိရသည္။
ထို႔ျပင္ ႐ုရွားႏိုင္ငံ၊ဒူးမားလႊတ္ေတာ္ဒုဥကၠ႒ H.E. Mr. Sholban Kara-Ool ဦးေဆာင္ေသာအဖြဲ႕သည္လည္း ျမန္မာႏိုင္ငံသို႔လာေရာက္စဥ္ နစကဥကၠ႒ႏွင့္ေတြ႕ဆုံရာ၌ ႐ုရွားႏိုင္ငံ အေနျဖင့္ ျမန္မာႏိုင္ငံတြင္က်င္းပမည့္ ေ႐ြးေကာက္ပြဲကို ကူညီေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့ဖူးသည္။
လက္ရွိတြင္ နစက၏ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ႏွင့္ ႐ုရွားႏိုင္ငံ၊ ဗဟိုေ႐ြးေကာက္ ပြဲေကာ္မရွင္တို႔အၾကား ေ႐ြးေကာက္ပြဲကိစၥရပ္မ်ားတြင္ ပူးေပါင္းေဆာင္႐ြက္ရန္အတြက္ နားလည္မႈစာခြၽန္လႊာကို ႏွစ္ဖက္လက္မွတ္ေရးထိုးထားၾကသည္။ 'သူတို႔လဲ welcome ေပါ့။ ဘာေၾကာင့္ welcome လည္းဆိုေတာ့ ကြၽန္ေတာ္တို႔ႏိုင္ငံက ေ႐ြးေကာက္ပြဲလုပ္ၿပီးေတာ့ ဒီမိုကေရစီစနစ္နဲ႔ သြားမယ္။ ဖက္ဒရယ္ျပည္ေထာင္စုကို အေျခခံၿပီး တည္ ေဆာက္မယ္လို႔ တရားဝင္လည္း ေၾကညာထားၿပီးသားျဖစ္တယ္။ ေ႐ြးေကာက္ပြဲကို တရားဝင္လုပ္ေပးမယ္လို႔ ေၾကညာတဲ့အတြက္ေၾကာင့္ ေ႐ြးေကာက္ ပြဲနဲ႔တက္လာတဲ့ ႏိုင္ငံေတြအကုန္လုံးကေတာ့ ေ႐ြး ေကာက္ပြဲကို သူတို႔လည္း ဒီလိုပဲဆိုၾကမွာျဖစ္ပါတယ္။ အျပဳသေဘာေဆာင္တဲ့ကမ္းလွမ္းမႈလို႔လည္း ေျပာ လို႔ရတယ္။ ကြၽန္ေတာ္တို႔ကေတာ့ အဲဒီလိုပဲ သုံးသပ္ ပါတယ္'ဟု ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီမွ ေျပာေရးဆိုခြင့္ရွိသူဦးလွသိန္းက NP News ကို သုံးသပ္ေျပာၾကားသည္။
ျမန္မာႏိုင္ငံတြင္ က်င္းပမည့္ေ႐ြး ေကာက္ပြဲကို တ႐ုတ္ႏိုင္ငံအေနျဖင့္ အကူအညီမ်ား ေပးသြားရန္ နစကဘက္က ေတာင္းဆိုခဲ့ဖူးသည္။ လက္ရွိျမန္မာႏိုင္ငံတြင္ ျဖစ္ပြားလ်က္ရွိ သည့္ ပဋိပကၡအက်ပ္အတည္းမ်ားကို ေက်ာ္လႊားႏိုင္ရန္အတြက္ ေ႐ြးေကာက္ပြဲသည္ ႏိုင္ငံေရးထြက္ ေပါက္တစ္ခုအျဖစ္ ရွိေနေၾကာင္းလည္း ႏိုင္ငံေရး ပါတီမ်ားက သုံးသပ္ထားၾကသည္။
ေ႐ြးေကာက္ပြဲ ျပန္လည္က်င္းပႏိုင္ေရးအတြက္ နစကအစိုးရအေနျဖင့္ (၂၀၂၄ ) ေအာက္တိုဘာတြင္ တစ္ႏိုင္ငံလုံး၌ ျပည္လုံးကြၽတ္ သန္းေခါင္ စာရင္းေကာက္ယူႏိုင္ေရး ျပင္ဆင္ေနလ်က္ရွိၿပီး ゞင္းမွတစ္ဆင့္ ရရွိလာမည့္အခ်က္အလက္မ်ားကို အေျခခံကာ ေ႐ြးေကာက္ပြဲအတြက္ မဲစာရင္းျပဳစုျခင္းမ်ားကို ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း နစကဘက္က ဆိုသည္။
သို႔ေသာ္ လတ္တေလာတြင္ ျမန္မာႏိုင္ငံ အတြင္းရွိ ေနရာေဒသအခ်ိဳ႕တြင္ စစ္ေရးပဋိပကၡမ်ား ျဖစ္ပြားေနလ်က္ရွိၿပီး နယ္ေျမမတည္ၿငိမ္မႈမ်ားလည္း ျဖစ္ပြားေနလ်က္ရွိသည္။ယင္းကဲ့သို႔ နယ္ေျမမတည္ၿငိမ္မႈမ်ား ေၾကာင့္ေ႐ြးေကာက္ပြဲ ျပန္လည္က်င္းပရာတြင္ တည္ ၿငိမ္ေအးခ်မ္းသည့္ေဒသမ်ား၌ အရင္ဆုံး က်င္းပေပးသြားမည္ျဖစ္ေၾကာင္းလည္း နစကဘက္က ထုတ္ေဖာ္ ေျပာဆိုထားသည္။