တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ မနက်ဖြန် မြန်မာနိုင်ငံသို့လာမည်
3169
သုတကျော်၊ Pika (NP News) – ဩဂုတ် ၁၃
တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီသည် ဩဂုတ်လ ၁၄ ရက်တွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ နှင့် မေးမြန်းထားသည့်အချက်အလက်များအရ သိရသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီသည် ဩဂုတ်လ(၁၄)ရက်ကနေ (၁၇)ရက် အထိ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ကို သွားရောက်မည်ဖြစ်ကာ ထိုင်းနိုင်ငံသို့ ခရီးစဉ်မှာမူ ကိုးကြိမ်မြောက် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအတွက်ဖြစ်ပြီး မြန်မာခရီးစဉ်နှင့်ပတ်သက်၍ အသေးစိတ် အချက်အလက် များကိုမူ ထုတ်ပြန်ချက်အတွင်း ထည့်သွင်းရေးသားထားခြင်း မရှိပေ။
ထို့အပြင် ဝမ်ယီသည် လာအို၊မြန်မာ နှင့် ထိုင်းနိုင်ငံတို့က နိုင်ငံခြားရေးဝန်ကြီးများအကြား လုပ်ဆောင်မယ့် အလွတ် သဘောဆွေးနွေးပွဲကိုလည်း တက်ရောက်မည်ဖြစ်ကြောင်း သိရကာ မြန်မာခရီးစဉ်အတွင်း နိုင်ငံတော် စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နှင့် တွေ့ဆုံဖွယ်ရှိကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။
“Horizon Lake View Resort Hotel မှာ တည်းမှာပါ။ လုံခြုံရေးကိုလည်း အပြည့်အဝ ပြင်ဆင်ပြီးပါပြီ။ ၁၄ ရက် ည တည်းမယ်။ ၁၅ ရက်မှာ ထွက်ခွာမှာဖြစ်ပါတယ်” ဟု ယုံကြည်ရသော သတင်းရင်းမြစ်တစ်ဦးက NP News ကို ပြောသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ၏ ယခုအကြိမ်ခရီးစဉ်သည် တရုတ်-မြန်မာကဏ္ဍအသီးသီးတွင် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေပြီး နှစ်နိုင်ငံပြည်သူများ၏ ချစ်ကြည်ရင်းနှီးသောသံယောဇဉ်ကို ခိုင်ခံ့စေကာ တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်မှု နက်ရှိုင်းခိုင်မာစေရေးကို မြှင့်တင်ရန်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုသည့်အခြေခံမူကို အမြဲတစေလိုက်နာကာ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းမှုထိန်းသိမ်းရေး၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ အာမခံရေးတို့ကို အစဉ်အမြဲထောက်ခံသွား၍ မြန်မာနိုင်ငံဘက် အသီးသီးက အခြေခံဥပဒေနှင့် တရားဥပဒေမူဘောင်အတွင်း၌ နိုင်ငံရေးဆွေးနွေးခြင်းဖြင့် သဘောထားကွဲလွဲမှု များကို ကောင်းမွန်စွာဖြေရှင်းရေးအတွက် အပြုသဘောဆောင်သောကူညီမှုများ ပေးအပ်သွားမည်ဖြစ်ကြောင်း လည်း ပြောထားသည်။
Zawgyi Version;
တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ယီ မနက္ျဖန္ ျမန္မာႏိုင္ငံသို႔လာမည္
သုတေက်ာ္၊ Pika (NP News) – ဩဂုတ္ ၁၃
တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဝမ္ယီသည္ ဩဂုတ္လ ၁၄ ရက္တြင္ ျမန္မာႏိုင္ငံသို႔ လာေရာက္မည္ျဖစ္ေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရ ႏွင့္ ေမးျမန္းထားသည့္အခ်က္အလက္မ်ားအရ သိရသည္။
တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဝမ္ယီသည္ ဩဂုတ္လ(၁၄)ရက္ကေန (၁၇)ရက္ အထိ ျမန္မာႏိုင္ငံႏွင့္ ထိုင္းႏိုင္ငံတို႔ကို သြားေရာက္မည္ျဖစ္ကာ ထိုင္းႏိုင္ငံသို႔ ခရီးစဥ္မွာမူ ကိုးႀကိမ္ေျမာက္ မဲေခါင္-လန္ခ်န္းပူးေပါင္းေဆာင္႐ြက္ေရး ႏိုင္ငံျခားေရးဝန္ႀကီးမ်ားအစည္းအေဝးအတြက္ျဖစ္ၿပီး ျမန္မာခရီးစဥ္ႏွင့္ပတ္သက္၍ အေသးစိတ္ အခ်က္အလက္ မ်ားကိုမူ ထုတ္ျပန္ခ်က္အတြင္း ထည့္သြင္းေရးသားထားျခင္း မရွိေပ။
ထို႔အျပင္ ဝမ္ယီသည္ လာအို၊ျမန္မာ ႏွင့္ ထိုင္းႏိုင္ငံတို႔က ႏိုင္ငံျခားေရးဝန္ႀကီးမ်ားအၾကား လုပ္ေဆာင္မယ့္ အလြတ္ သေဘာေဆြးေႏြးပြဲကိုလည္း တက္ေရာက္မည္ျဖစ္ေၾကာင္း သိရကာ ျမန္မာခရီးစဥ္အတြင္း ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ ေရးေကာင္စီဥကၠ႒ ႏွင့္ ေတြ႕ဆုံဖြယ္ရွိေၾကာင္း သတင္းမ်ားလည္း ထြက္ေပၚေနသည္။
“Horizon Lake View Resort Hotel မွာ တည္းမွာပါ။ လုံၿခဳံေရးကိုလည္း အျပည့္အဝ ျပင္ဆင္ၿပီးပါၿပီ။ ၁၄ ရက္ ည တည္းမယ္။ ၁၅ ရက္မွာ ထြက္ခြာမွာျဖစ္ပါတယ္” ဟု ယုံၾကည္ရေသာ သတင္းရင္းျမစ္တစ္ဦးက NP News ကို ေျပာသည္။
တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ယီ၏ ယခုအႀကိမ္ခရီးစဥ္သည္ တ႐ုတ္-ျမန္မာက႑အသီးသီးတြင္ အက်ိဳးတူ ပူးေပါင္းေဆာင္႐ြက္မႈကို နက္ရႈိင္းေစၿပီး ႏွစ္ႏိုင္ငံျပည္သူမ်ား၏ ခ်စ္ၾကည္ရင္းႏွီးေသာသံေယာဇဥ္ကို ခိုင္ခံ့ေစကာ တ႐ုတ္-ျမန္မာ ေအးအတူပူအမွ်အသိုက္အဝန္း တည္ေဆာက္မႈ နက္ရႈိင္းခိုင္မာေစေရးကို ျမႇင့္တင္ရန္ျဖစ္ေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ခ်စ္ၾကည္ရင္းႏွီးေသာ အိမ္နီးခ်င္းႏိုင္ငံအေနျဖင့္ တ႐ုတ္ႏိုင္ငံသည္ ျပည္တြင္းေရးကို ဝင္ေရာက္စြက္ဖက္ျခင္း မျပဳသည့္အေျခခံမူကို အၿမဲတေစလိုက္နာကာ ျမန္မာႏိုင္ငံ တည္ၿငိမ္ေအးခ်မ္းမႈထိန္းသိမ္းေရး၊ စီးပြားေရးဖြံ႕ၿဖိဳး တိုးတက္ေရး၊ ျပည္သူ႔အက်ိဳးျပဳလုပ္ငန္းမ်ား အာမခံေရးတို႔ကို အစဥ္အၿမဲေထာက္ခံသြား၍ ျမန္မာႏိုင္ငံဘက္ အသီးသီးက အေျခခံဥပေဒႏွင့္ တရားဥပေဒမူေဘာင္အတြင္း၌ ႏိုင္ငံေရးေဆြးေႏြးျခင္းျဖင့္ သေဘာထားကြဲလြဲမႈ မ်ားကို ေကာင္းမြန္စြာေျဖရွင္းေရးအတြက္ အျပဳသေဘာေဆာင္ေသာကူညီမႈမ်ား ေပးအပ္သြားမည္ျဖစ္ေၾကာင္း လည္း ေျပာထားသည္။