အမေရိကန်နိုင်ငံ၊ အရီဇိုးနားမှာ မွေးမြူရေးခြံထဲက လွတ်ထွက်သွားတဲ့ ရှားပါးလိပ်တစ်ကောင် ခြံနဲ့ မိုင်ပေါင်းများစွာ ကွာဝေးတဲ့အဝေးပြေးလမ်းမှာ ပြန်တွေ့ရှိ
1026
ရောင်နီ (NP News) - သြဂုတ် ၁၄
အမေရိကန်နိုင်ငံ၊ အရီဇိုးနားပြည်နယ်၊ ဖိုးနစ်နဲ့ ကျူဆန်ကြား အဝေးပြေးလမ်းမကြီးတစ်ခုမှာ ရှားပါးလိပ်တစ်ကောင်ကို ရဲတပ်ဖွဲ့က ဩဂုတ်လ ၁ဝ ရက်မှာ တွေ့ရှိ ဖမ်းဆီးနိုင်ခဲ့ပါတယ်။
အဲဒီလိပ်ဟာ သူ့ရဲ့မွေးမြူရေးကန်နေရာကနေ မိုင်ပေါင်းများစွာ ကွာဝေးသော လေးလမ်းသွား အဝေးပြေး လမ်းမကြီး လမ်းလည်ခေါင်ထိ ရောက်ရှိနေခဲ့တာဖြစ်ပြီး ပြည်နယ်ရဲတပ်ဖွဲ့က ယာဉ်အသွားအလာကို ခဏရပ်တန့်စေကာ အဝါနုရောင် အခွံနဲ့ ဧရာမဆာလ်ကာတာလိပ် (အမည် - Stitch) ကို ဖမ်းဆီးကယ်တင်ခဲ့ရပါတယ်။ အသက် ၁၄ နှစ်အရွယ်ရှိ အဆိုပါ လိပ်ဟာ အများပြည်သူဆိုင်ရာ လမ်းဘေးတိရစ္ဆာန်ဥယျာဉ်တစ်ခုဖြစ်တဲ့ Rooster Cogburn Ostrich Ranch မှာ မွေးမြူထားတဲ့လိပ်တွေထဲက တစ်ကောင်ဖြစ်ပြီး ဇူလိုင် ၃ဝ ရက်က မုန်တိုင်းကြောင့် ခြံစည်းရိုးအကာအရံတစ်ခု ကျိုးပဲ့သွားချိန်မှာ ခြံထဲက ထွက်လာခဲ့ခြင်းဖြစ်ပါတယ်။ ၎င်းပျောက်ဆုံးနေတဲ့ ၃ နာရီအချိန်အတွင်း "အရီဇိုးနားပြည်နယ်၊ ပီကာချိုအနီးမှာ လိပ်တစ်ကောင် အရှေ့ဘက်နယ်စပ် Interstate 10 ကို ဖြတ်ကူးဖို့ ကြိုးပမ်းနေတယ်" ဆိုတဲ့ ယာဉ်မောင်းတွရဲ့ အရေးပေါ်သတင်းပို့ ဖုန်းခေါ်ဆိုမှုတွေ ရရှိခဲ့ပြီး ရဲတပ်ဖွဲ့က သွားရောက်ကြည့်ရှုခဲ့ချိန်မှာ အဆိုပါလိပ်ကို ဖမ်းမိခဲ့ခြင်း ဖြစ်ပါတယ်။
"ဘဲ၊ ကျွဲ၊ နွား၊ ကြောင်နဲ့ပတ်သက်တဲ့ဖုန်းခေါ်ဆိုမှုတွေ ရရှိဖူးပေမယ့် လိပ်နဲ့ပတ်သက်ပြီး ဖုန်းခေါ်ဆိုခြင်း ခံရတာကတော့ ဒါပထမဆုံးပါပဲ" လို့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုပါတယ်။ Stitch ဟာ မျိုးသုန်းဖို့ အန္တရာယ်ရှိတဲ့ အာဖရိက လိပ်တစ်မျိုးဖြစ်တယ်လို့ သိရပါတယ်။
Zawgyi Version;
အေမရိကန္ႏိုင္ငံ၊ အရီဇိုးနားမွာ ေမြးျမဴေရးၿခံထဲက လြတ္ထြက္သြားတဲ့ ရွားပါးလိပ္တစ္ေကာင္ ၿခံနဲ႔ မိုင္ေပါင္းမ်ားစြာ ကြာေဝးတဲ့အေဝးေျပးလမ္းမွာ ျပန္ေတြ႕ရွိ
ေရာင္နီ (NP News) - ၾသဂုတ္ ၁၄
အေမရိကန္ႏိုင္ငံ၊ အရီဇိုးနားျပည္နယ္၊ ဖိုးနစ္နဲ႔ က်ဴဆန္ၾကား အေဝးေျပးလမ္းမႀကီးတစ္ခုမွာ ရွားပါးလိပ္တစ္ေကာင္ကို ရဲတပ္ဖြဲ႕က ဩဂုတ္လ ၁ဝ ရက္မွာ ေတြ႕ရွိ ဖမ္းဆီးႏိုင္ခဲ့ပါတယ္။
အဲဒီလိပ္ဟာ သူ႔ရဲ႕ေမြးျမဴေရးကန္ေနရာကေန မိုင္ေပါင္းမ်ားစြာ ကြာေဝးေသာ ေလးလမ္းသြား အေဝးေျပး လမ္းမႀကီး လမ္းလည္ေခါင္ထိ ေရာက္ရွိေနခဲ့တာျဖစ္ၿပီး ျပည္နယ္ရဲတပ္ဖြဲ႕က ယာဥ္အသြားအလာကို ခဏရပ္တန႔္ေစကာ အဝါႏုေရာင္ အခြံနဲ႔ ဧရာမဆာလ္ကာတာလိပ္ (အမည္ - Stitch) ကို ဖမ္းဆီးကယ္တင္ခဲ့ရပါတယ္။ အသက္ ၁၄ ႏွစ္အ႐ြယ္ရွိ အဆိုပါ လိပ္ဟာ အမ်ားျပည္သူဆိုင္ရာ လမ္းေဘးတိရစာၦန္ဥယ်ာဥ္တစ္ခုျဖစ္တဲ့ Rooster Cogburn Ostrich Ranch မွာ ေမြးျမဴထားတဲ့လိပ္ေတြထဲက တစ္ေကာင္ျဖစ္ၿပီး ဇူလိုင္ ၃ဝ ရက္က မုန္တိုင္းေၾကာင့္ ၿခံစည္း႐ိုးအကာအရံတစ္ခု က်ိဳးပဲ့သြားခ်ိန္မွာ ၿခံထဲက ထြက္လာခဲ့ျခင္းျဖစ္ပါတယ္။ ၎ေပ်ာက္ဆုံးေနတဲ့ ၃ နာရီအခ်ိန္အတြင္း "အရီဇိုးနားျပည္နယ္၊ ပီကာခ်ိဳအနီးမွာ လိပ္တစ္ေကာင္ အေရွ႕ဘက္နယ္စပ္ Interstate 10 ကို ျဖတ္ကူးဖို႔ ႀကိဳးပမ္းေနတယ္" ဆိုတဲ့ ယာဥ္ေမာင္းတြရဲ႕ အေရးေပၚသတင္းပို႔ ဖုန္းေခၚဆိုမႈေတြ ရရွိခဲ့ၿပီး ရဲတပ္ဖြဲ႕က သြားေရာက္ၾကည့္ရႈခဲ့ခ်ိန္မွာ အဆိုပါလိပ္ကို ဖမ္းမိခဲ့ျခင္း ျဖစ္ပါတယ္။
"ဘဲ၊ ကြၽဲ၊ ႏြား၊ ေၾကာင္နဲ႔ပတ္သက္တဲ့ဖုန္းေခၚဆိုမႈေတြ ရရွိဖူးေပမယ့္ လိပ္နဲ႔ပတ္သက္ၿပီး ဖုန္းေခၚဆိုျခင္း ခံရတာကေတာ့ ဒါပထမဆုံးပါပဲ" လို႔ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ဆိုပါတယ္။ Stitch ဟာ မ်ိဳးသုန္းဖို႔ အႏၲရာယ္ရွိတဲ့ အာဖရိက လိပ္တစ္မ်ိဳးျဖစ္တယ္လို႔ သိရပါတယ္။