ကန်ဒေါ်လာ ၂ သန်းနီးပါးတန်ဖိုးရှိ ကြက်တောင်ပံတွေ အလွဲသုံးစားပြုမှုနဲ့ အမေရိကန် ကျောင်းဝန်ထမ်းတစ်ဦးကို ထောင်ဒဏ် ၉ နှစ် ချမှတ်ခံရ
4110
ရောင်နီ (NP News) - သြဂုတ် ၁၄
အမေရိကန်မှာ ကျောင်းဝန်ထမ်းဟောင်းတစ်ဦးက အမေရိကန်ဒေါ်လာ ၁.၅ သန်း (စင်ကာပူဒေါ်လာ ၁.၉၈ သန်း) တန်ဖိုးရှိ ကြက်တောင်ပံတွေကို အလွဲသုံးစားပြုခဲ့ခြင်းကြောင့် ထောင်ဒဏ် ၉ နှစ် ချမှတ်ခံခဲ့ရပါတယ်။
အမေရိကန်နိုင်ငံ၊ ချီကာဂိုရှိ Harvey School District 152 အတွက် အစားအသောက်ဝန်ဆောင်မှုဒါရိုက်တာအဖြစ် လုပ်ကိုင်နေတဲ့ ဗီရာလီဒယ်လ်အမည်ရှိ ဝန်ထမ်းဟာ ၂၀၂၀ ခုနှစ် ဇူလိုင်လမှ ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း ကျောင်းကို ထောက်ပံ့တဲ့ ကြက်အတောင်ပံတွေကို အလွဲသုံးစားလုပ်ခဲ့တယ်လို့ မီဒီယာတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။
အဲဒီအချိန်တုန်းက ကိုဗစ်ကူးစက်မှုတွေ မြင့်တက်နေချိန်ဖြစ်ပြီးကြက်အတောင်ပံတွေကို အွန်လိုင်းမှ ပညာသင်ကြားနေတဲ့ခရိုင်ရှိ ကျောင်းသားတွေရဲ့နေအိမ်တွေကို ပို့ပေးဖို့ အဆိုပါဝန်ထမ်းကို ခိုင်းစေခဲ့တာ ဖြစ်ပေ မယ့် အဲဒီအစားအသောက်တွေ ကျောင်းသားတွေဆီ မရောက်ခဲ့ဘူးလို့ ဆိုပါတယ်။ တရားရုံးမှတ်တမ်းတွေမှာတော့ အဲဒီအတောင်ပံတွေကို ဝန်ထမ်းက ဘယ်လို အလွဲသုံးစားလုပ်ခဲ့တယ်ဆိုတာ မဖော်ပြထားပါဘူး။
ဝန်ထမ်းဟောင်းဖြစ်သူ လီဒယ်လ်က သြဂုတ်လ ၉ ရက်မှာ အဆိုပါကြက်တောင်ပံ့တွေကို ခိုးမှုနဲ့ ရာဇဝတ်မှုဆိုင်ရာ လုပ်ငန်းလုပ်ကိုင်ခြင်းအတွက် အပြစ်ရှိကြောင်း ဝန်ခံခဲ့ပြီး ၎င်းကို ထောင်ဒဏ် ၉ နှစ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်
Zawgyi Version;
ကန္ေဒၚလာ ၂ သန္းနီးပါးတန္ဖိုးရွိ ၾကက္ေတာင္ပံေတြ အလြဲသုံးစားျပဳမႈနဲ႔ အေမရိကန္ ေက်ာင္းဝန္ထမ္းတစ္ဦးကို ေထာင္ဒဏ္ ၉ ႏွစ္ ခ်မွတ္ခံရ
ေရာင္နီ (NP News) - ၾသဂုတ္ ၁၄
အေမရိကန္မွာ ေက်ာင္းဝန္ထမ္းေဟာင္းတစ္ဦးက အေမရိကန္ေဒၚလာ ၁.၅ သန္း (စင္ကာပူေဒၚလာ ၁.၉၈ သန္း) တန္ဖိုးရွိ ၾကက္ေတာင္ပံေတြကို အလြဲသုံးစားျပဳခဲ့ျခင္းေၾကာင့္ ေထာင္ဒဏ္ ၉ ႏွစ္ ခ်မွတ္ခံခဲ့ရပါတယ္။
အေမရိကန္ႏိုင္ငံ၊ ခ်ီကာဂိုရွိ Harvey School District 152 အတြက္ အစားအေသာက္ဝန္ေဆာင္မႈဒါ႐ိုက္တာအျဖစ္ လုပ္ကိုင္ေနတဲ့ ဗီရာလီဒယ္လ္အမည္ရွိ ဝန္ထမ္းဟာ ၂၀၂၀ ခုႏွစ္ ဇူလိုင္လမွ ၂ဝ၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလအတြင္း ေက်ာင္းကို ေထာက္ပံ့တဲ့ ၾကက္အေတာင္ပံေတြကို အလြဲသုံးစားလုပ္ခဲ့တယ္လို႔ မီဒီယာေတြရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။
အဲဒီအခ်ိန္တုန္းက ကိုဗစ္ကူးစက္မႈေတြ ျမင့္တက္ေနခ်ိန္ျဖစ္ၿပီးၾကက္အေတာင္ပံေတြကို အြန္လိုင္းမွ ပညာသင္ၾကားေနတဲ့ခ႐ိုင္ရွိ ေက်ာင္းသားေတြရဲ႕ေနအိမ္ေတြကို ပို႔ေပးဖို႔ အဆိုပါဝန္ထမ္းကို ခိုင္းေစခဲ့တာ ျဖစ္ေပ မယ့္ အဲဒီအစားအေသာက္ေတြ ေက်ာင္းသားေတြဆီ မေရာက္ခဲ့ဘူးလို႔ ဆိုပါတယ္။ တရား႐ုံးမွတ္တမ္းေတြမွာေတာ့ အဲဒီအေတာင္ပံေတြကို ဝန္ထမ္းက ဘယ္လို အလြဲသုံးစားလုပ္ခဲ့တယ္ဆိုတာ မေဖာ္ျပထားပါဘူး။
ဝန္ထမ္းေဟာင္းျဖစ္သူ လီဒယ္လ္က ၾသဂုတ္လ ၉ ရက္မွာ အဆိုပါၾကက္ေတာင္ပံ့ေတြကို ခိုးမႈနဲ႔ ရာဇဝတ္မႈဆိုင္ရာ လုပ္ငန္းလုပ္ကိုင္ျခင္းအတြက္ အျပစ္ရွိေၾကာင္း ဝန္ခံခဲ့ၿပီး ၎ကို ေထာင္ဒဏ္ ၉ ႏွစ္ခ်မွတ္ခဲ့တယ္လို႔ သိရပါတယ္