ပါရီအိုလံပစ် အားကစားပွဲမှ ကြမ်းပိုးတွေ ပါလာမှာစိုးတာကြောင့် တောင်ကိုရီးယားက လေဆိပ်မှာ ကြမ်းပိုးရှာဖွေရေး ခွေးနဲ့ စစ်ဆေးမှုများပြုလုပ်

 3799

ရောင်နီ (NP News) - ဩဂုတ် ၁၄

တောင်ကိုရီးယားဟာ အိုလံပစ် အားကစားသမားများ၊ တာဝန်ရှိသူများနဲ့ ပရိသတ်များ ပြင်သစ်နိုင်ငံ၊ ပါရီအိုလံပစ်ပွဲမှ ပြန်လာချိန်မှာ ကြမ်းပိုးကဲ့သို့သော အင်းဆက်ပိုးမွှားတွေလည်း သူတို့နဲ့အတူ ကပ်ပါလာမှာ စိုးတာကြောင့် အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ကြမ်းပိုးအနံ့ခံ ခွေးနဲ့အတူ စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

ဒီအစီအစဉ်ကို ဦးဆောင်သူကတော့ ပိုးမွှားထိန်းချုပ်ရေး ကုမ္ပဏီ Ceco ဖြစ်ပါတယ်။ Ceco က အဆိုပါ ခွေးကို ကြမ်းပိုးတွေကနေ ထွက်တဲ့အနံ့တစ်မျိုးဖြစ်တဲ့ ဖီရိုမိုနီ အနံ့ ကောင်းကောင်းသိအောင် လေ့ကျင့်သင်ကြားထားတာ ဖြစ်ပါတယ်။ အဆိုပါ လေ့ကျင့်ထားတဲ့ ခွေးဟာ ဟိုတယ်အခန်းတစ်ခန်းကို နှစ်မိနစ်အတွင်း အင်းစက်ပိုးမွှားတွေ ရှိ၊ မရှိ ရှင်းလင်းနိုင်တယ်လို့ ကုမ္ပဏီတာဝန်ရှိသူ ကင်မင်ဆူက ပြောပါတယ်။ ဒီအစီအစဉ်ကို Ceco က ဦးဆောင်ပြီး တောင်ကိုရီးယားရဲ့ လုံခြုံရေး၊ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနများ၊ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးအေဂျင်စီတွေနဲ့ ပူးပေါင်းကာ ဆိုက်ရောက်ခရီးသည်တွေကို စစ်ဆေးဖို့အတွက် လေကြောင်းလိုင်းတွေနဲ့ အင်ချွန်းလေဆိပ်တို့နဲ့အတူ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဒီအစီအစဉ်ကို အိုလံပစ် အားကစားသမားများနဲ့ တာဝန်ရှိသူများ ပါရီမှ ရောက်ရှိလာချိန် သြဂုတ်လ ၉ ရက် နေ့မှာစတင်ပြီး စက်တင်ဘာလ ၈ ရက်အထိ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ အစိုးရက ပြောကြားပါတယ်။ ပြင်သစ်နိုင်ငံ၊ ပါရီမှ တိုက်ရိုက်ရောက်ရှိလာတဲ့ လေယာဉ်တွေကိုလည်း တစ်ပတ်ကို တစ်ကြိမ်နှုန်း ပုံမှန် ပိုးသတ်ပေးနေပြီး လေယာဉ် သို့မဟုတ် လေဆိပ်စစ်ဆေးမှုမှာ အင်းစက်ပိုးမွှား တွေ့ခဲ့ရင် ကွာရန်တင်း ဝန်ဆောင်မှုကို စတင်လုပ်ဆောင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

zawgyi version
ပါရီအိုလံပစ္ အားကစားပြဲမွ ၾကမ္းပိုးေတြ ပါလာမွာစိုးတာေၾကာင့္ ေတာင္ကိုရီးယားက ေလဆိပ္မွာ ၾကမ္းပိုးရွာေဖြေရး ေခြးနဲ႔ စစ္ေဆးမႈမ်ားျပဳလုပ္

ေရာင္နီ (NP News) - ဩဂုတ္ ၁၄

ေတာင္ကိုရီးယားဟာ အိုလံပစ္ အားကစားသမားမ်ား၊ တာဝန္ရွိသူမ်ားနဲ႔ ပရိသတ္မ်ား ျပင္သစ္ႏိုင္ငံ၊ ပါရီအိုလံပစ္ပြဲမွ ျပန္လာခ်ိန္မွာ ၾကမ္းပိုးကဲ့သို႔ေသာ အင္းဆက္ပိုးမႊားေတြလည္း သူတို႔နဲ႔အတူ ကပ္ပါလာမွာ စိုးတာေၾကာင့္ အင္ခြၽန္းအျပည္ျပည္ဆိုင္ရာ ေလဆိပ္မွာ ၾကမ္းပိုးအနံ႔ခံ ေခြးနဲ႔အတူ စစ္ေဆးမႈေတြ ျပဳလုပ္ေနပါတယ္။

ဒီအစီအစဥ္ကို ဦးေဆာင္သူကေတာ့ ပိုးမႊားထိန္းခ်ဳပ္ေရး ကုမၸဏီ Ceco ျဖစ္ပါတယ္။ Ceco က အဆိုပါ ေခြးကို ၾကမ္းပိုးေတြကေန ထြက္တဲ့အနံ႔တစ္မ်ိဳးျဖစ္တဲ့ ဖီ႐ိုမိုနီ အနံ႔ ေကာင္းေကာင္းသိေအာင္ ေလ့က်င့္သင္ၾကားထားတာ ျဖစ္ပါတယ္။ အဆိုပါ ေလ့က်င့္ထားတဲ့ ေခြးဟာ ဟိုတယ္အခန္းတစ္ခန္းကို ႏွစ္မိနစ္အတြင္း အင္းစက္ပိုးမႊားေတြ ရွိ၊ မရွိ ရွင္းလင္းႏိုင္တယ္လို႔ ကုမၸဏီတာဝန္ရွိသူ ကင္မင္ဆူက ေျပာပါတယ္။ ဒီအစီအစဥ္ကို Ceco က ဦးေဆာင္ၿပီး ေတာင္ကိုရီးယားရဲ႕ လုံၿခဳံေရး၊ သယ္ယူပို႔ေဆာင္ေရးဝန္ႀကီးဌာနမ်ား၊ ေရာဂါထိန္းခ်ဳပ္ေရးနဲ႔ ကာကြယ္ေရးေအဂ်င္စီေတြနဲ႔ ပူးေပါင္းကာ ဆိုက္ေရာက္ခရီးသည္ေတြကို စစ္ေဆးဖို႔အတြက္ ေလေၾကာင္းလိုင္းေတြနဲ႔ အင္ခြၽန္းေလဆိပ္တို႔နဲ႔အတူ လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။

ဒီအစီအစဥ္ကို အိုလံပစ္ အားကစားသမားမ်ားနဲ႔ တာဝန္ရွိသူမ်ား ပါရီမွ ေရာက္ရွိလာခ်ိန္ ၾသဂုတ္လ ၉ ရက္ ေန႔မွာစတင္ၿပီး စက္တင္ဘာလ ၈ ရက္အထိ ဆက္လက္လုပ္ေဆာင္သြားမွာ ျဖစ္တယ္လို႔ အစိုးရက ေျပာၾကားပါတယ္။ ျပင္သစ္ႏိုင္ငံ၊ ပါရီမွ တိုက္႐ိုက္ေရာက္ရွိလာတဲ့ ေလယာဥ္ေတြကိုလည္း တစ္ပတ္ကို တစ္ႀကိမ္ႏႈန္း ပုံမွန္ ပိုးသတ္ေပးေနၿပီး ေလယာဥ္ သို႔မဟုတ္ ေလဆိပ္စစ္ေဆးမႈမွာ အင္းစက္ပိုးမႊား ေတြ႕ခဲ့ရင္ ကြာရန္တင္း ဝန္ေဆာင္မႈကို စတင္လုပ္ေဆာင္ဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.