လွိုင်ကော်ရှိ ဌာနဆိုင်ရာရုံးအချို့တွင် ကွန်ပျူတာနှင့်တန်ဖိုးကြီးပစ္စည်းများ ပျောက်ဆုံးနေ၍ နိုင်ငံပိုင်ငွေများ ဆုံးရှုံးနစ်နာ

 3865

မြူနစ် (NP News) - ဩဂုတ် ၁၄

မြို့သိမ်းတိုက်ပွဲဖော်ဆောင်ခံရသည့် လွိုင်ကော်မြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးအချို့တွင် ကွန်ပျူတာ နှင့်တန်ဖိုးကြီးပစ္စည်းများ ပျောက်ဆုံးနေသည့်အတွက် နိုင်ငံပိုင်ဘဏ္ဍာငွေများ ဆုံးရှုံးနစ်နာနေကြောင်း သိရှိရသည်။

KNDF နှင့် PDF ပူးပေါင်းအဖွဲ့သည် ပြီးခဲ့သော (၂၀၂၃) ခုနှစ် နိုဝင်ဘာလ (၁၁) ရက်တွင် (၁.၁.၁.၁) စစ်ဆင်ရေးအမည်ဖြင့် လွိုင်ကော်မြို့ပေါ်တွင် မြို့သိမ်းတိုက်ပွဲကို ဖော်ဆောင်ခဲ့ကြသည်။

ယင်းကဲ့သို့ ဖော်ဆောင်သည့် တိုက်ပွဲများကြောင့် တပ်မတော်နှင့် KNDF ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့သကဲ့သို့ ပြည်နယ်အစိုးရအဖွဲ့၏ ဌာနဆိုင်ရာရုံးများတွင် တာဝန် ထမ်းဆောင်နေသည့်ဝန်ထမ်းများသည်လည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်မှုများရှိခဲ့သည်။

ယင်းကဲ့သို့ တိုက်ပွဲဖြစ်ပွားပြီး လပိုင်းအကြာတွင် တပ်မတော်ဘက်က လွိုင်ကော်မြို့ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီး ကယားပြည် နယ်အစိုးရအဖွဲ့၏ အုပ်ချုပ်ရေးယန္တရားများသည်လည်း လက်ရှိတွင် ပြန်လည်လည်ပတ်နေလျက်ရှိကြောင်း သိရသည်။

သို့သော် လွိုင်ကော်မြို့ပေါ်ရှိ ဌာနဆိုင်ရာ ရုံးအချို့တွင် တန်ဖိုးကြီး ကွန်ပျူတာ၊ လက်ပ်တော့၊ မိတ္တူကူးစက်၊ ကား၊ ဆိုင်ကယ် အပါအဝင် ဌာနဆိုင်ရာပိုင်ရုံးပစ္စည်းများမှာ ပျောက်ဆုံးမှုများဖြစ်ပေါ်နေ ကြောင်း ကယားပြည်နယ်အစိုးရအဖွဲ့၏ ဌာနဆိုင်ရာ ရုံးများနှင့်နီးစပ်သူက NP News ကို ပြောသည်။

“ ပြည်နယ်အစိုးရအဖွဲ့ရုံးမှာလည်း ပစ္စည်းတွေ ပျောက်တယ်။ ဥပဒေချုပ်ရုံးတို့၊ ခရိုင်ထွေအုပ် ရုံးမှာလည်း ပစ္စည်းတွေပျောက်တာရှိတယ်။ ဝန်ထမ်းတွေက ပြီးစလွယ်ထွက်ပြေးကြတော့ အဲဒါတွေ လည်း ပါတာပေါ့။ အဲဒီရုံးတွေက တိုက်ပွဲကျသွားတဲ့အထဲမှာ မပါဘူးလေ။ ရုံးပစ္စည်းတွေ မိတ္တူကူးစက် တွေဆိုရင် သိန်း (၁၅၀)၊ (၂၀ဝ)တန်တဲ့ဟာတွေ၊ လက်ပ်တော့တွေ ပျောက်နေတာရှိတယ်။ နိုင်ငံတော်ပိုင် ပိုက်ဆံတွေ အလဟဿဆုံးရှုံးတာပေါ့။ ပျောက်ဆုံးနေတဲ့ ပစ္စည်းတွေ တော်တော်များများရှိတယ်။ အဓိကတော့ ကွန်ပျူတာတွေ၊ လက်ပ်တော့တွေ၊ ဆိုင်ကယ်တွေ၊ အဲဒီရုံးတွေမှာရှိတဲ့ ကားတွေပါ ပျောက် ကုန်တာ။ (၁.၁.၁.၁) ကာလအတွင်းမှာ ဖြစ်သွားတာ။ အဲဒီ ရုံးတွေကို သူပုန်မသိမ်းနိုင်လိုက်ဘူး။ သူပုန် မသိမ်းနိုင်တဲ့ နေရာတွေမှာပါ အဲဒီလိုတွေဖြစ်တာ။ သူပုန်သိမ်းသွားတဲ့ဟာတွေ ဆိုရင်တော့ ပြောမနေ နဲ့တော့။ ပြီးတော့ သူနာပြုကျောင်းထဲမှာရှိတဲ့ ကွန်ပျူတာတွေ အကုန် အခိုးခံရတယ်လို့ ကြားတယ်။ သတင်းကြားတာဆိုရင် ကွန်ပျူတာတက္ကသိုလ်ဆိုရင် အလုံးရေ (၅၀ဝ)ကျော် ပျောက်နေတယ်လို့ ကြားတယ်” ဟု လွိုင်ကော်မြို့ပေါ်ရှိ ဌာနဆိုင်ရာ ရုံးများနှင့်နီးစပ်သူက ပြော သည်။

လွိုင်ကော်တွင်အခြေစိုက်သော ပြန်ကြားရေး ဝန်ကြီးဌာနရုံး၌ ရုံးသုံးပစ္စည်းမျိုးစုံအပြင် အဆိုးရွား ဆုံးခိုးယူခံရမှုအဖြစ် ရွေ့လျားစာကြည့်တိုက်ကား၏ အင်ဂျင်တုံးကိုပါ စနစ်တကျဖြုတ်ယူခံရခြင်းမျိုး ဖြစ်သည်။ ဌာနအကြီးအကဲတစ်ဦးက ထုတ်ပြလာသော ဓာတ်ပုံမှတ်တမ်းအရ အများပြည်သူဝန်ဆောင်မှုပေး သော မိုဘိုင်းကား၏အင်ဂျင်ခန်းသည် မည်သည့်ပစ္စည်းမှ မရှိတော့သည့်အပြင် ပြန်လည်သုံးစွဲရသော ကားအစိတ်အပိုင်းကောင်းကောင်းတစ်ခုမှ ကျန်ရှိတော့ခြင်းမရှိသည်ကို တွေ့ရသည်။

အလားတူ လွိုင်ကော်မြို့တောင်ဘက်ခြမ်း၊ အရပ်သားပြည်သူပိုင်နေအိမ်များရှိ အိမ်တွင်းပစ္စည်းများသည်လည်း ခိုးယူခံရမှုများရှိနေကြောင်း သိရသည်။ “လွိုင်ကော်တောင်ဘက်ခြမ်းက တိုက်ပွဲကျ မသွားဘူးလေ။ မကျသွားတဲ့ ကပ်လျက်ကအိမ်တွေ ကို သွားကြည့်လိုက် ဘာမှမရှိတော့ဘူးလေ။ မီးဖိုချောင် သုံးပစ္စည်းတွေ၊ အဝတ်အစားတွေ၊ ကားတွေ၊ ဆိုင်ကယ်တွေဆိုရင် အရင်ဆုံးခိုး၊ ရေခဲသေတ္တာတွေ၊ တီဗီတွေကိုပါ ခိုးတာ။ နောက်ပိုင်းကျ ခိုးစရာမရှိရင် အိမ်ထဲမှာရှိတဲ့ ပရိဘောဂတွေကိုပါ ခိုးပြီးရောင်းတာ။ အဲဒီအိမ်တွေထဲမှာလည်း ပစ္စည်းတွေက ဘာမှကို မကျန်တော့ဘူး။ ပြည်သူလူထုက ပြန်လာရင် ငိုမှာ”ဟု ၎င်း က ဆက်လက်ပြောသည်။

လွိုင်ကော်မြို့တွင် KNDF ပူးပေါင်းအဖွဲ့ ဖော်ဆောင်သည့် မြို့သိမ်းတိုက်ပွဲကြောင့် အရပ်သား ပြည်သူလူထု၏ နေအိမ်များစွာအပါအဝင် ဌာနဆိုင်ရာရုံးအချို့သည်လည်း ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရသည်။ (၁.၁.၁.၁)စစ်ဆင်ရေးကာလအတွင်း လွိုင်ကော်မြို့၏ (၇၀)ရာခိုင်နှုန်းခန့်သည် တိုက်ပွဲများ ကြောင့် ပျက်စီးထိခိုက်ခဲ့ရပြီး ဒေသခံစစ်ဘေးရှောင် ပြည်သူလူထုသည်လည်း လက်ရှိအချိန်အထိ နေရပ်သို့ အလုံးစုံပြန်လည်အခြေချနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

zawgyi version
လြိဳင္ေကာ္ရွိ ဌာနဆိုင္ရာ႐ုံးအခ်ိဳ႕တြင္ ကြန္ပ်ဴတာႏွင့္တန္ဖိုးႀကီးပစၥည္းမ်ား ေပ်ာက္ဆုံးေန၍ ႏိုင္ငံပိုင္ေငြမ်ား ဆုံးရႈံးနစ္နာ
ျမဴနစ္ (NP News) - ဩဂုတ္ ၁၄

ၿမိဳ႕သိမ္းတိုက္ပြဲေဖာ္ေဆာင္ခံရသည့္ လြိဳင္ေကာ္ၿမိဳ႕ေပၚရွိ ဌာနဆိုင္ရာ႐ုံးအခ်ိဳ႕တြင္ ကြန္ပ်ဴတာ ႏွင့္တန္ဖိုးႀကီးပစၥည္းမ်ား ေပ်ာက္ဆုံးေနသည့္အတြက္ ႏိုင္ငံပိုင္ဘ႑ာေငြမ်ား ဆုံးရႈံးနစ္နာေနေၾကာင္း သိရွိရသည္။

KNDF ႏွင့္ PDF ပူးေပါင္းအဖြဲ႕သည္ ၿပီးခဲ့ေသာ (၂၀၂၃) ခုႏွစ္ ႏိုဝင္ဘာလ (၁၁) ရက္တြင္ (၁.၁.၁.၁) စစ္ဆင္ေရးအမည္ျဖင့္ လြိဳင္ေကာ္ၿမိဳ႕ေပၚတြင္ ၿမိဳ႕သိမ္းတိုက္ပြဲကို ေဖာ္ေဆာင္ခဲ့ၾကသည္။

ယင္းကဲ့သို႔ ေဖာ္ေဆာင္သည့္ တိုက္ပြဲမ်ားေၾကာင့္ တပ္မေတာ္ႏွင့္ KNDF ပူးေပါင္းအဖြဲ႕တို႔ၾကား တိုက္ပြဲ အျပင္းအထန္ျဖစ္ပြားခဲ့သကဲ့သို႔ ျပည္နယ္အစိုးရအဖြဲ႕၏ ဌာနဆိုင္ရာ႐ုံးမ်ားတြင္ တာဝန္ ထမ္းေဆာင္ေနသည့္ဝန္ထမ္းမ်ားသည္လည္း ေဘးလြတ္ရာသို႔ ထြက္ေျပးတိမ္းေရွာင္မႈမ်ားရွိခဲ့သည္။

ယင္းကဲ့သို႔ တိုက္ပြဲျဖစ္ပြားၿပီး လပိုင္းအၾကာတြင္ တပ္မေတာ္ဘက္က လြိဳင္ေကာ္ၿမိဳ႕ကို ျပန္လည္ ထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီး ကယားျပည္ နယ္အစိုးရအဖြဲ႕၏ အုပ္ခ်ဳပ္ေရးယႏၲရားမ်ားသည္လည္း လက္ရွိတြင္ ျပန္လည္လည္ပတ္ေနလ်က္ရွိေၾကာင္း သိရသည္။

သို႔ေသာ္ လြိဳင္ေကာ္ၿမိဳ႕ေပၚရွိ ဌာနဆိုင္ရာ ႐ုံးအခ်ိဳ႕တြင္ တန္ဖိုးႀကီး ကြန္ပ်ဴတာ၊ လက္ပ္ေတာ့၊ မိတၱဴကူးစက္၊ ကား၊ ဆိုင္ကယ္ အပါအဝင္ ဌာနဆိုင္ရာပိုင္႐ုံးပစၥည္းမ်ားမွာ ေပ်ာက္ဆုံးမႈမ်ားျဖစ္ေပၚေန ေၾကာင္း ကယားျပည္နယ္အစိုးရအဖြဲ႕၏ ဌာနဆိုင္ရာ ႐ုံးမ်ားႏွင့္နီးစပ္သူက NP News ကို ေျပာသည္။

“ ျပည္နယ္အစိုးရအဖြဲ႕႐ုံးမွာလည္း ပစၥည္းေတြ ေပ်ာက္တယ္။ ဥပေဒခ်ဳပ္႐ုံးတို႔၊ ခ႐ိုင္ေထြအုပ္ ႐ုံးမွာလည္း ပစၥည္းေတြေပ်ာက္တာရွိတယ္။ ဝန္ထမ္းေတြက ၿပီးစလြယ္ထြက္ေျပးၾကေတာ့ အဲဒါေတြ လည္း ပါတာေပါ့။ အဲဒီ႐ုံးေတြက တိုက္ပြဲက်သြားတဲ့အထဲမွာ မပါဘူးေလ။ ႐ုံးပစၥည္းေတြ မိတၱဴကူးစက္ ေတြဆိုရင္ သိန္း (၁၅၀)၊ (၂၀ဝ)တန္တဲ့ဟာေတြ၊ လက္ပ္ေတာ့ေတြ ေပ်ာက္ေနတာရွိတယ္။ ႏိုင္ငံေတာ္ပိုင္ ပိုက္ဆံေတြ အလဟႆဆုံးရႈံးတာေပါ့။ ေပ်ာက္ဆုံးေနတဲ့ ပစၥည္းေတြ ေတာ္ေတာ္မ်ားမ်ားရွိတယ္။ အဓိကေတာ့ ကြန္ပ်ဴတာေတြ၊ လက္ပ္ေတာ့ေတြ၊ ဆိုင္ကယ္ေတြ၊ အဲဒီ႐ုံးေတြမွာရွိတဲ့ ကားေတြပါ ေပ်ာက္ ကုန္တာ။ (၁.၁.၁.၁) ကာလအတြင္းမွာ ျဖစ္သြားတာ။ အဲဒီ ႐ုံးေတြကို သူပုန္မသိမ္းႏိုင္လိုက္ဘူး။ သူပုန္ မသိမ္းႏိုင္တဲ့ ေနရာေတြမွာပါ အဲဒီလိုေတြျဖစ္တာ။ သူပုန္သိမ္းသြားတဲ့ဟာေတြ ဆိုရင္ေတာ့ ေျပာမေန နဲ႔ေတာ့။ ၿပီးေတာ့ သူနာျပဳေက်ာင္းထဲမွာရွိတဲ့ ကြန္ပ်ဴတာေတြ အကုန္ အခိုးခံရတယ္လို႔ ၾကားတယ္။ သတင္းၾကားတာဆိုရင္ ကြန္ပ်ဴတာတကၠသိုလ္ဆိုရင္ အလုံးေရ (၅၀ဝ)ေက်ာ္ ေပ်ာက္ေနတယ္လို႔ ၾကားတယ္” ဟု လြိဳင္ေကာ္ၿမိဳ႕ေပၚရွိ ဌာနဆိုင္ရာ ႐ုံးမ်ားႏွင့္နီးစပ္သူက ေျပာ သည္။

လြိဳင္ေကာ္တြင္အေျခစိုက္ေသာ ျပန္ၾကားေရး ဝန္ႀကီးဌာန႐ုံး၌ ႐ုံးသုံးပစၥည္းမ်ိဳးစုံအျပင္ အဆိုး႐ြား ဆုံးခိုးယူခံရမႈအျဖစ္ ေ႐ြ႕လ်ားစာၾကည့္တိုက္ကား၏ အင္ဂ်င္တုံးကိုပါ စနစ္တက်ျဖဳတ္ယူခံရျခင္းမ်ိဳး ျဖစ္သည္။ ဌာနအႀကီးအကဲတစ္ဦးက ထုတ္ျပလာေသာ ဓာတ္ပုံမွတ္တမ္းအရ အမ်ားျပည္သူဝန္ေဆာင္မႈေပး ေသာ မိုဘိုင္းကား၏အင္ဂ်င္ခန္းသည္ မည္သည့္ပစၥည္းမွ မရွိေတာ့သည့္အျပင္ ျပန္လည္သုံးစြဲရေသာ ကားအစိတ္အပိုင္းေကာင္းေကာင္းတစ္ခုမွ က်န္ရွိေတာ့ျခင္းမရွိသည္ကို ေတြ႕ရသည္။

အလားတူ လြိဳင္ေကာ္ၿမိဳ႕ေတာင္ဘက္ျခမ္း၊ အရပ္သားျပည္သူပိုင္ေနအိမ္မ်ားရွိ အိမ္တြင္းပစၥည္းမ်ားသည္လည္း ခိုးယူခံရမႈမ်ားရွိေနေၾကာင္း သိရသည္။ “လြိဳင္ေကာ္ေတာင္ဘက္ျခမ္းက တိုက္ပြဲက် မသြားဘူးေလ။ မက်သြားတဲ့ ကပ္လ်က္ကအိမ္ေတြ ကို သြားၾကည့္လိုက္ ဘာမွမရွိေတာ့ဘူးေလ။ မီးဖိုေခ်ာင္ သုံးပစၥည္းေတြ၊ အဝတ္အစားေတြ၊ ကားေတြ၊ ဆိုင္ကယ္ေတြဆိုရင္ အရင္ဆုံးခိုး၊ ေရခဲေသတၱာေတြ၊ တီဗီေတြကိုပါ ခိုးတာ။ ေနာက္ပိုင္းက် ခိုးစရာမရွိရင္ အိမ္ထဲမွာရွိတဲ့ ပရိေဘာဂေတြကိုပါ ခိုးၿပီးေရာင္းတာ။ အဲဒီအိမ္ေတြထဲမွာလည္း ပစၥည္းေတြက ဘာမွကို မက်န္ေတာ့ဘူး။ ျပည္သူလူထုက ျပန္လာရင္ ငိုမွာ”ဟု ၎ က ဆက္လက္ေျပာသည္။

လြိဳင္ေကာ္ၿမိဳ႕တြင္ KNDF ပူးေပါင္းအဖြဲ႕ ေဖာ္ေဆာင္သည့္ ၿမိဳ႕သိမ္းတိုက္ပြဲေၾကာင့္ အရပ္သား ျပည္သူလူထု၏ ေနအိမ္မ်ားစြာအပါအဝင္ ဌာနဆိုင္ရာ႐ုံးအခ်ိဳ႕သည္လည္း ထိခိုက္ပ်က္စီးမႈမ်ား ျဖစ္ေပၚခဲ့ရသည္။ (၁.၁.၁.၁)စစ္ဆင္ေရးကာလအတြင္း လြိဳင္ေကာ္ၿမိဳ႕၏ (၇၀)ရာခိုင္ႏႈန္းခန႔္သည္ တိုက္ပြဲမ်ား ေၾကာင့္ ပ်က္စီးထိခိုက္ခဲ့ရၿပီး ေဒသခံစစ္ေဘးေရွာင္ ျပည္သူလူထုသည္လည္း လက္ရွိအခ်ိန္အထိ ေနရပ္သို႔ အလုံးစုံျပန္လည္အေျခခ်ႏိုင္ျခင္းမရွိေသးေၾကာင္း သိရွိရသည္။

Related news

© 2021. All rights reserved.