နိုင်ငံရေးအပါအဝင် နယ်ပယ်အသီးသီးတွင် ပြည်ပဩဇာခံများ ဝင်ရောက်ဆောင်ရွက်မှုကို ကာကွယ်ရန် ဥပဒေပြဋ္ဌာန်းမည်

 3353

မြူနစ်(NP News) - ဩဂုတ် ၁၄

နိုင်ငံရေးအပါအဝင် နယ်ပယ် အသီးသီးတွင် ပြည်ပဩဇာခံများ ဝင်ရောက်ဆောင်ရွက်မှုကို ကာကွယ်ရန် ဥပဒေတစ်ရပ် ပြဋ္ဌာန်းသွားရန်စီစဉ်နေကြောင်း နစက၏ သတင်းအချက် အလက်များအရ သိရသည်။

လက်ရှိတွင် ပြည်ပအဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာဥပဒေ(မူကြမ်း) ရေးဆွဲရေးကော်မတီကို ဖွဲ့စည်းထားကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အကျိုးစီးပွားနှင့်လုံခြုံရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှု၊ နိုင်ငံသား များ၏အခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို အကောင်အထည်ဖော်ရာတွင် ပြည်ပဩဇာလွှမ်းမိုးမှု ခံရ သော ကိုယ်စားလှယ်များက ပြည်ပနိုင်ငံများထံမှ အဆက်အသွယ်ရယူပြီး နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွား ရေး၊ ယဉ်ကျေးမှုစသည့် နယ်ပယ်အသီးသီးတွင် ဝင်ရောက်ဆောင်ရွက်မှုများမှ ကာကွယ်ထိန်းချုပ်ရန်အတွက် ဥပဒေ(မူကြမ်း)ရေးဆွဲရေးကော်မတီကို ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အခြားနိုင်ငံများ နှင့် အာဆီယံနိုင်ငံများတွင် လိုက်နာကျင့်သုံး ဆောင် ရွက်နေသည့် ဥပဒေမူဘောင်များကို လေ့လာသုံးသပ်ကာ မြန်မာနိုင်ငံ၏ အခြေအနေနှင့်ကိုက်ညီရန် ဥပဒေ(မူကြမ်း)ရေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

“တခြားနိုင်ငံတွေက အဖွဲ့အစည်းတွေက ကိုယ့်ပြည်တွင်းမှာ ဝင်ရောက်စွက်ဖက်တဲ့ဟာကို တစ်စုံတစ်ရာဟန့်တားနိုင်အောင် ဥပဒေရေးဆွဲမယ်ဆိုရင် ဒီဟာက လက်ခံကြိုဆိုရမှာပဲ။ အလားတူ ဥပဒေ မျိုးတွေက တခြားနိုင်ငံတွေမှာလည်း နမူနာရှိတယ်လေ။ ဥပမာ ရုရှားမှာ အဲဒီလိုဥပဒေမျိုး ရှိတယ်လို့ ကြားဖူးတယ်။ INGO တွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ သူတို့ လုပ်ချင်တာ လုပ်လို့မရ အောင်လို့ ဥပဒေ တစ်ခုပြဋ္ဌာန်းထားပြီးတော့ ကန့်သတ်ထားတာတွေ ရှိတယ်။ ဆိုတော့ ကျွန်တော် တို့နိုင်ငံမှာလည်း ဒီလို ဥပဒေမျိုး ပြဋ္ဌာန်းသင့်တယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေအရ ပြီးခဲ့တဲ့ (၂၀၁၅)နဲ့ (၂၀၂၀) ကြားအစိုးရလက်ထက်မှာ ပြည်ပက INGO တွေ၊ NGO တွေ လုပ်ချင်တာတွေ လုပ်သွားကြတာ အများကြီးပဲလေ။ ဒါတွေက ဥပမာတွေလည်း ရှိခဲ့ပြီးသားပဲ။ ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုဥပဒေတစ်ရပ်ထွက်လာမယ်ဆိုရင်တော့ ကြိုဆိုရမှာပဲ” ဟု အမျိုးသားဒီမိုကရေစီပါတီသစ်မှ ဒုဥက္ကဋ္ဌ ဦးခိုင်မင်းက NP News ကို သုံးသပ်ပြောကြားသည်။

အဆိုပါဥပဒေ(မူကြမ်း)ကို ရရှိပါက သက်ဆိုင်ရာဝန်ကြီးဌာန/အဖွဲ့အစည်းများနှင့် ဥပဒေရေးရာ ဝန်ကြီးဌာနတို့၏ အကြံပြုချက်များအပေါ် စိစစ် သုံးသပ်ကာ လိုအပ်ပါက ဥပဒေ (မူကြမ်း) ၏အမည် အပါအဝင် အချက်အလက်များကို ပြင်ဆင်၊ ဖြည့်စွက်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နစက၏ သတင်းအချက်အလက်များတွင် ဖော်ပြထားသည်။

zawgyi version
ႏိုင္ငံေရးအပါအဝင္ နယ္ပယ္အသီးသီးတြင္ ျပည္ပဩဇာခံမ်ား ဝင္ေရာက္ ေဆာင္႐ြက္မႈကို ကာကြယ္ရန္ ဥပေဒျပ႒ာန္းမည္
ျမဴနစ္(NP News) - ဩဂုတ္ ၁၄

ႏိုင္ငံေရးအပါအဝင္ နယ္ပယ္ အသီးသီးတြင္ ျပည္ပဩဇာခံမ်ား ဝင္ေရာက္ေဆာင္႐ြက္မႈကို ကာကြယ္ရန္ ဥပေဒတစ္ရပ္ ျပ႒ာန္းသြားရန္စီစဥ္ေနေၾကာင္း နစက၏ သတင္းအခ်က္ အလက္မ်ားအရ သိရသည္။

လက္ရွိတြင္ ျပည္ပအဖြဲ႕အစည္းမ်ားႏွင့္ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားဆိုင္ရာဥပေဒ(မူၾကမ္း) ေရးဆြဲေရးေကာ္မတီကို ဖြဲ႕စည္းထားေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံ၏ အက်ိဳးစီးပြားႏွင့္လုံၿခဳံေရး၊ အခ်ဳပ္အျခာအာဏာႏွင့္ နယ္ေျမပိုင္ဆိုင္မႈ၊ ႏိုင္ငံသား မ်ား၏အခြင့္အေရးႏွင့္ လြတ္လပ္ခြင့္မ်ားကို အေကာင္အထည္ေဖာ္ရာတြင္ ျပည္ပဩဇာလႊမ္းမိုးမႈ ခံရ ေသာ ကိုယ္စားလွယ္မ်ားက ျပည္ပႏိုင္ငံမ်ားထံမွ အဆက္အသြယ္ရယူၿပီး ႏိုင္ငံေရး၊ လုံၿခဳံေရး၊ စီးပြား ေရး၊ ယဥ္ေက်းမႈစသည့္ နယ္ပယ္အသီးသီးတြင္ ဝင္ေရာက္ေဆာင္႐ြက္မႈမ်ားမွ ကာကြယ္ထိန္းခ်ဳပ္ရန္အတြက္ ဥပေဒ(မူၾကမ္း)ေရးဆြဲေရးေကာ္မတီကို ဖြဲ႕စည္းလိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ေဆာင္႐ြက္ရာတြင္ အျခားႏိုင္ငံမ်ား ႏွင့္ အာဆီယံႏိုင္ငံမ်ားတြင္ လိုက္နာက်င့္သုံး ေဆာင္ ႐ြက္ေနသည့္ ဥပေဒမူေဘာင္မ်ားကို ေလ့လာသုံးသပ္ကာ ျမန္မာႏိုင္ငံ၏ အေျခအေနႏွင့္ကိုက္ညီရန္ ဥပေဒ(မူၾကမ္း)ေရးဆြဲသြားမည္ျဖစ္ေၾကာင္း သိရသည္။

“တျခားႏိုင္ငံေတြက အဖြဲ႕အစည္းေတြက ကိုယ့္ျပည္တြင္းမွာ ဝင္ေရာက္စြက္ဖက္တဲ့ဟာကို တစ္စုံတစ္ရာဟန႔္တားႏိုင္ေအာင္ ဥပေဒေရးဆြဲမယ္ဆိုရင္ ဒီဟာက လက္ခံႀကိဳဆိုရမွာပဲ။ အလားတူ ဥပေဒ မ်ိဳးေတြက တျခားႏိုင္ငံေတြမွာလည္း နမူနာရွိတယ္ေလ။ ဥပမာ ႐ုရွားမွာ အဲဒီလိုဥပေဒမ်ိဳး ရွိတယ္လို႔ ၾကားဖူးတယ္။ INGO ေတြ၊ ႏိုင္ငံတကာ အဖြဲ႕အစည္းေတြ သူတို႔ လုပ္ခ်င္တာ လုပ္လို႔မရ ေအာင္လို႔ ဥပေဒ တစ္ခုျပ႒ာန္းထားၿပီးေတာ့ ကန႔္သတ္ထားတာေတြ ရွိတယ္။ ဆိုေတာ့ ကြၽန္ေတာ္ တို႔ႏိုင္ငံမွာလည္း ဒီလို ဥပေဒမ်ိဳး ျပ႒ာန္းသင့္တယ္။ လက္ရွိျဖစ္ေပၚေနတဲ့ ႏိုင္ငံေရးအေျခအေနေတြအရ ၿပီးခဲ့တဲ့ (၂၀၁၅)နဲ႔ (၂၀၂၀) ၾကားအစိုးရလက္ထက္မွာ ျပည္ပက INGO ေတြ၊ NGO ေတြ လုပ္ခ်င္တာေတြ လုပ္သြားၾကတာ အမ်ားႀကီးပဲေလ။ ဒါေတြက ဥပမာေတြလည္း ရွိခဲ့ၿပီးသားပဲ။ ဆိုေတာ့ ဘယ္လိုပဲျဖစ္ျဖစ္ ဒီလိုဥပေဒတစ္ရပ္ထြက္လာမယ္ဆိုရင္ေတာ့ ႀကိဳဆိုရမွာပဲ” ဟု အမ်ိဳးသားဒီမိုကေရစီပါတီသစ္မွ ဒုဥကၠ႒ ဦးခိုင္မင္းက NP News ကို သုံးသပ္ေျပာၾကားသည္။

အဆိုပါဥပေဒ(မူၾကမ္း)ကို ရရွိပါက သက္ဆိုင္ရာဝန္ႀကီးဌာန/အဖြဲ႕အစည္းမ်ားႏွင့္ ဥပေဒေရးရာ ဝန္ႀကီးဌာနတို႔၏ အႀကံျပဳခ်က္မ်ားအေပၚ စိစစ္ သုံးသပ္ကာ လိုအပ္ပါက ဥပေဒ (မူၾကမ္း) ၏အမည္ အပါအဝင္ အခ်က္အလက္မ်ားကို ျပင္ဆင္၊ ျဖည့္စြက္ျခင္းတို႔ကို ဆက္လက္ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း နစက၏ သတင္းအခ်က္အလက္မ်ားတြင္ ေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.