ထွက်ပေါ်နေသော သတင်းများမှာ မဟုတ်မှန်ပဲ နိုင်ငံတော်အကြီးအကဲနှင့်တာဝန်ရှိသူများအနေဖြင့် နိုင်ငံ့တာဝန်များကို တက်ညီလက်ညီ ကျေပွန်စွာထမ်းဆောင်လျက်ရှိဟု နစက တုံ့ပြန်

 7445

သုတကျော် (NP News) - ဩဂုတ် ၁၄

နိုင်ငံတော်အကြီးအကဲနှင့်တာဝန်ရှိသူများအနေဖြင့် နိုင်ငံ့တာဝန်များကို တက်ညီလက်ညီ ကျေပွန်စွာထမ်းဆောင်လျက် ရှိကြောင်း ဩဂုတ်လ ၁၃ ရက် ညပိုင်းက ထွက်ပေါ်နေသော သတင်းများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းမှန်ပြန်ကြားရေး အဖွဲ့က ပြောကြားထားသည်။

အာဏာသိမ်းလိုက်ပြီဆိုသော ကောလာဟလသတင်းများ လူမှုကွန်ယက်ဖေ့စ်ဘွတ်ခ် စာမျက်နှာထက်တွင် ဩဂုတ်လ ၁၃ ရက် ညပိုင်းမှ စတင်ထွက်ပေါ်ခဲ့ခြင်းဖြစ်ကာ အင်တာနက် အသုံးပြုသူများအကြား ဆက်လက် ပြန့်နှံ့သွားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ကိစ္စနှင့်ပတ် သက်၍ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် မဟုတ်မမှန် ကောလာဟလများကို အကောင့်တုများ၊ ပြည်ဖျက်မီဒီယာများနှင့်ပေါင်းကာ ဝါဒဖြန့်ထုတ်လွှင့်ခြင်းသာဖြစ်ကြောင်း ရေးသားထားသည်။

“လက်ရှိ လူမှုကွန်ရက်ပေါ်တွင် ထွက်ပေါ်နေသည့်သတင်းများနှင့်ပတ်သက်၍ Captain Seagull facebook အကောင့်ကနေစပြီး ဩဂုတ်လ ၁၂ ရက်နေ့ ည ၈ နာရီခွဲဝန်းကျင်ကတည်းက စတင်ဖြန့်ဝေခဲ့တာ တွေ့ရပါတယ်။ အဲဒီကနေတစ်ဆင့် ပြည်တွင်း၊ပြည်ပလောက်ကောင်များရဲ့ facebook အကောင့်အတု တွေအပြင် ပြည်ဖျက်မီဒီယာအချို့ကနေ ပြည်သူလူထုစိုးရိမ်မှုရှိအောင် အင်တိုက်အားတိုက် ဖြန့်ဝေခဲ့ ကြပါတယ်။ နိုင်ငံတော်အကြီးအကဲနှင့်တာဝန်ရှိသူများအနေဖြင့် နိုင်ငံ့တာဝန်များကို တက်ညီလက်ညီ ကျေပွန်စွာထမ်းဆောင်လျက်ရှိပါကြောင်း အသိပေးပြောကြားလိုပါတယ်” ဟု ရှင်းလင်းရေးသားထားသည်။

zawgyi version
ထြက္ေပၚေနေသာ သတင္းမ်ားမွာ မဟုတ္မွန္ပဲ ႏိုင္ငံေတာ္အႀကီးအကဲႏွင့္တာဝန္ရွိသူမ်ားအေနျဖင့္ ႏိုင္ငံ့တာဝန္မ်ားကို တက္ညီလက္ညီ ေက်ပြန္စြာထမ္းေဆာင္လ်က္ရွိဟု နစက တုံ႔ျပန္
သုတေက်ာ္ (NP News) - ဩဂုတ္ ၁၄

ႏိုင္ငံေတာ္အႀကီးအကဲႏွင့္တာဝန္ရွိသူမ်ားအေနျဖင့္ ႏိုင္ငံ့တာဝန္မ်ားကို တက္ညီလက္ညီ ေက်ပြန္စြာထမ္းေဆာင္လ်က္ ရွိေၾကာင္း ဩဂုတ္လ ၁၃ ရက္ ညပိုင္းက ထြက္ေပၚေနေသာ သတင္းမ်ားႏွင့္ပတ္သက္၍ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ သတင္းမွန္ျပန္ၾကားေရး အဖြဲ႕က ေျပာၾကားထားသည္။

အာဏာသိမ္းလိုက္ၿပီဆိုေသာ ေကာလာဟလသတင္းမ်ား လူမႈကြန္ယက္ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာထက္တြင္ ဩဂုတ္လ ၁၃ ရက္ ညပိုင္းမွ စတင္ထြက္ေပၚခဲ့ျခင္းျဖစ္ကာ အင္တာနက္ အသုံးျပဳသူမ်ားအၾကား ဆက္လက္ ျပန႔္ႏွံ႔သြားခဲ့ျခင္း ျဖစ္သည္။ အဆိုပါ ကိစၥႏွင့္ပတ္ သက္၍ တိုင္းျပည္တည္ၿငိမ္ေအးခ်မ္းေရးကို ပ်က္ျပားေစရန္ရည္႐ြယ္ခ်က္ျဖင့္ မဟုတ္မမွန္ ေကာလာဟလမ်ားကို အေကာင့္တုမ်ား၊ ျပည္ဖ်က္မီဒီယာမ်ားႏွင့္ေပါင္းကာ ဝါဒျဖန႔္ထုတ္လႊင့္ျခင္းသာျဖစ္ေၾကာင္း ေရးသားထားသည္။

“လက္ရွိ လူမႈကြန္ရက္ေပၚတြင္ ထြက္ေပၚေနသည့္သတင္းမ်ားႏွင့္ပတ္သက္၍ Captain Seagull facebook အေကာင့္ကေနစၿပီး ဩဂုတ္လ ၁၂ ရက္ေန႔ ည ၈ နာရီခြဲဝန္းက်င္ကတည္းက စတင္ျဖန႔္ေဝခဲ့တာ ေတြ႕ရပါတယ္။ အဲဒီကေနတစ္ဆင့္ ျပည္တြင္း၊ျပည္ပေလာက္ေကာင္မ်ားရဲ႕ facebook အေကာင့္အတု ေတြအျပင္ ျပည္ဖ်က္မီဒီယာအခ်ိဳ႕ကေန ျပည္သူလူထုစိုးရိမ္မႈရွိေအာင္ အင္တိုက္အားတိုက္ ျဖန႔္ေဝခဲ့ ၾကပါတယ္။ ႏိုင္ငံေတာ္အႀကီးအကဲႏွင့္တာဝန္ရွိသူမ်ားအေနျဖင့္ ႏိုင္ငံ့တာဝန္မ်ားကို တက္ညီလက္ညီ ေက်ပြန္စြာထမ္းေဆာင္လ်က္ရွိပါေၾကာင္း အသိေပးေျပာၾကားလိုပါတယ္” ဟု ရွင္းလင္းေရးသားထားသည္။

Related news

© 2021. All rights reserved.