ထိုင်းတရားရုံးက ဝန်ကြီးချုပ်ဆာရက်တာသာဗီဆင်ကို ရာထူးကနေ ဖယ်ရှား
1481
Pika (NP News) - ဩဂုတ် ၁၄
ယခင်က ထောင်ကျခဲ့ဖူးတဲ့ ရှေ့နေဟောင်းတစ်ဦးကို ၎င်းရဲ့အစိုးရအဖွဲ့မှာ ခန့်အပ်ခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖောက်ခဲ့တဲ့ ဝန်ကြီးချုပ် ဆာရက်တာသာဗီဆင်ကို ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးဟာ ဩဂုတ် လ(၁၄)ရက်နေ့မှာ ရာထူးကနေ ဖယ်ရှားပစ်ခဲ့တယ်လို့ သိရပါတယ်။
ဆာရက်တာသာဗီဆင်ဟာ ကျင့်ဝတ်စံနှုန်းတွေနဲ့ ကိုက်ညီမှုမရှိတဲ့လူတစ်ဦးကို ဝန်ကြီးအဖြစ် ခန့်အပ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ခဲ့ပါတယ်။ ဆာရက်တာသာဗီဆင်ကို ဖယ်ရှားမှုက (၁၆)နှစ်အတွင်းမှာ ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက ဖယ်ရှားပစ်ခဲ့တဲ့ စတုတ္တမြောက်ဝန်ကြီးချုပ်ဖြစ်လာစေခဲ့ပါတယ်။
ဆာရက်တာသာဗီဆင်ကို ရာထူးကနေဖယ်ရှားလိုက်ခြင်းက လွှတ်တော်အနေနဲ့ ဝန်ကြီးချုပ်အသစ်ကို ရွေးချယ်ဖို့အတွက် လုပ်ဆောင်ဖို့လိုအပ်တယ်လို့ ဆိုလိုတာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရွေးကောက်ပွဲကာလအတွင်း ထိုင်းဘုရင်စနစ်ကို စော်ကားတယ်လို့ စွပ်စွဲခံခဲ့ရတဲ့ ရှေ့သို့ချီပါတီကို ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက ပြီးခဲ့တဲ့သီတင်းပတ်မှာ ဖျက်သိမ်းလိုက်ပြီးတဲ့နောက်မှာ ဆာရက်တာသာဗီဆင်ကို ရာထူးကနေဖယ်ရှားမှုထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဩဂုတ်လ(၉)ရက်နေ့မှာ ဖျက်သိမ်းခံလိုက်ရတဲ့ ရှေ့သို့ချီပါတီဟာ အမည်ပြောင်းလဲကာ ထိုင်းပြည်သူ့ပါတီအသစ်အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့တယ်လို့လည်းသိရပါတယ်။
ဆာရက်တာသာဗီဆင်ဟာ တရားရုံးဝန်ထမ်းတွေကို လာဘ်ထိုးဖို့ကြိုးပမ်းမှု စွပ်စွဲချက်နဲ့ ၂၀၀၈ ခုနှစ်မှာ အကျဉ်းချခံခဲ့ရတဲ့ ရှေ့နေဟောင်း Pichit Chuenban ကို ၎င်းရဲ့အစိုးရအဖွဲ့မှာ ခန့်အပ်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဆာရက်တာသာဗီဆင်ကို ရာထူးကနေဖယ်ရှားလိုက်ပြီးနောက် ဒုဝန်ကြီးချုပ် Phumtham Wechayachai ဟာ ယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ယူနိုင်ဖွယ်ရှိနေတယ်လို့လည်း သိရပါတယ်။
zawgyi version
ထိုင္းတရား႐ုံးက ဝန္ႀကီးခ်ဳပ္ဆာရက္တာသာဗီဆင္ကို ရာထူးကေန ဖယ္ရွား
Pika (NP News) - ဩဂုတ္ ၁၄
ယခင္က ေထာင္က်ခဲ့ဖူးတဲ့ ေရွ႕ေနေဟာင္းတစ္ဦးကို ၎ရဲ႕အစိုးရအဖြဲ႕မွာ ခန႔္အပ္ခဲ့ၿပီး ဖြဲ႕စည္းပုံအေျခခံဥပေဒကိုခ်ိဳးေဖာက္ခဲ့တဲ့ ဝန္ႀကီးခ်ဳပ္ ဆာရက္တာသာဗီဆင္ကို ထိုင္းႏိုင္ငံ ဖြဲ႕စည္းပုံအေျခခံဥပေဒတရား႐ုံးဟာ ဩဂုတ္ လ(၁၄)ရက္ေန႔မွာ ရာထူးကေန ဖယ္ရွားပစ္ခဲ့တယ္လို႔ သိရပါတယ္။
ဆာရက္တာသာဗီဆင္ဟာ က်င့္ဝတ္စံႏႈန္းေတြနဲ႔ ကိုက္ညီမႈမရွိတဲ့လူတစ္ဦးကို ဝန္ႀကီးအျဖစ္ ခန႔္အပ္ၿပီး ဖြဲ႕စည္းပုံအေျခခံဥပေဒကို ခ်ိဳးေဖာက္ခဲ့ပါတယ္။ ဆာရက္တာသာဗီဆင္ကို ဖယ္ရွားမႈက (၁၆)ႏွစ္အတြင္းမွာ ထိုင္းဖြဲ႕စည္းပုံအေျခခံဥပေဒတရား႐ုံးက ဖယ္ရွားပစ္ခဲ့တဲ့ စတုတၱေျမာက္ဝန္ႀကီးခ်ဳပ္ျဖစ္လာေစခဲ့ပါတယ္။
ဆာရက္တာသာဗီဆင္ကို ရာထူးကေနဖယ္ရွားလိုက္ျခင္းက လႊတ္ေတာ္အေနနဲ႔ ဝန္ႀကီးခ်ဳပ္အသစ္ကို ေ႐ြးခ်ယ္ဖို႔အတြက္ လုပ္ေဆာင္ဖို႔လိုအပ္တယ္လို႔ ဆိုလိုတာလည္းျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ေ႐ြးေကာက္ပြဲကာလအတြင္း ထိုင္းဘုရင္စနစ္ကို ေစာ္ကားတယ္လို႔ စြပ္စြဲခံခဲ့ရတဲ့ ေရွ႕သို႔ခ်ီပါတီကို ထိုင္းဖြဲ႕စည္းပုံအေျခခံဥပေဒတရား႐ုံးက ၿပီးခဲ့တဲ့သီတင္းပတ္မွာ ဖ်က္သိမ္းလိုက္ၿပီးတဲ့ေနာက္မွာ ဆာရက္တာသာဗီဆင္ကို ရာထူးကေနဖယ္ရွားမႈထြက္ေပၚလာတာျဖစ္ပါတယ္။ ဒါေပမဲ့လည္း ဩဂုတ္လ(၉)ရက္ေန႔မွာ ဖ်က္သိမ္းခံလိုက္ရတဲ့ ေရွ႕သို႔ခ်ီပါတီဟာ အမည္ေျပာင္းလဲကာ ထိုင္းျပည္သူ႔ပါတီအသစ္အျဖစ္ ျပန္လည္ဖြဲ႕စည္းခဲ့တယ္လို႔လည္းသိရပါတယ္။
ဆာရက္တာသာဗီဆင္ဟာ တရား႐ုံးဝန္ထမ္းေတြကို လာဘ္ထိုးဖို႔ႀကိဳးပမ္းမႈ စြပ္စြဲခ်က္နဲ႔ ၂၀၀၈ ခုႏွစ္မွာ အက်ဥ္းခ်ခံခဲ့ရတဲ့ ေရွ႕ေနေဟာင္း Pichit Chuenban ကို ၎ရဲ႕အစိုးရအဖြဲ႕မွာ ခန႔္အပ္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ဆာရက္တာသာဗီဆင္ကို ရာထူးကေနဖယ္ရွားလိုက္ၿပီးေနာက္ ဒုဝန္ႀကီးခ်ဳပ္ Phumtham Wechayachai ဟာ ယာယီဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ယူႏိုင္ဖြယ္ရွိေနတယ္လို႔လည္း သိရပါတယ္။