ပါလက်စတိုင်းအား ဆက်လက်ထောက်ပံ့သွားမည်ဟု ရုရှားသမ္မတ ထပ်လောင်း ကတိပြု
1200
ALynn (NP News) - ဩဂုတ် ၁၄
မော်စကိုသည် အရှေ့အလယ်ပိုင်းရှိ ပဋိပက္ခများအပါအဝင် ပဋိပက္ခအားလုံးကို ငြိမ်းချမ်းစွာဖြေရှင်းရန် ရပ်တည်လျက်ရှိကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က အင်္ဂါနေ့ (ဩဂုတ်လ ၁၃ ရက်)တွင် မော်စကို၌ သုံးရက်ကြာလာရောက်လည်ပတ်နေသော ပါလက်စတိုင်းအာဏာပိုင် သမ္မတ Mahmoud Abbas နှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။
ရုရှား၏ “အာရပ်ကမ္ဘာ အထူးသဖြင့် ပါလက်စတိုင်းနှင့် ကာလကြာရှည်စွာ အမြစ်တွယ်နေသော ဆက်ဆံရေး”ကို ရုရှားသမ္မတပူတင်က ချီးကျူး ပြောဆိုခဲ့ပြီး ပါလက်စတိုင်းတွင် လူသားချင်းစာနာထောက်ထား မှုဆိုင်ရာ ကပ်ဘေးတစ်ခု ဖြစ်ပေါ်နေသည့်အတွက် အလွန်စိုးရိမ်ပူပန်နေပါတယ်”ဟု ပူတင်က ပြောကြားခဲ့သည်။
ရုရှားခေါင်းဆောင်၏ ပြောကြားချက်အရ ဂါဇာကမ်းမြောင်ဒေသ ပဋိပက္ခ၏ အကြောင်းအရင်းခံ သည် လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေးနှင့်ပတ်သက်၍ နိုင်ငံတကာ ဆုံးဖြတ်ချက်များကို လျစ်လျူရှုထားခြင်း၏ အကျိုးဆက် ဖြစ်ကြောင်း သိရသည်။
အရပ်သားအများစုဖြစ်သော အမျိုးသမီးများနှင့် ကလေးသူငယ်များ အစုလိုက်အပြုံလိုက် ဆုံးရှုံးမှုများကြောင့် ဂါဇာရှိအခြေအနေသည် အလွန်စိုးရိမ်စရာဖြစ်ကြောင်း ရုရှားသမ္မတက ပြောကြားခဲ့သည်။ ကုလသမဂ္ဂ၏ အဆိုအရ သေဆုံးသူ ဦးရေသည် လူ ၄၀,၀၀၀ နီးပါး ရှိလာပြီဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုသည်။“ပါလက်စတိုင်းပြည်သူတွေကို ထောက်ပံ့ဖို့ ကျွန်တော်တို့ တတ်နိုင်သမျှ လုပ်နေပါတယ်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတန်ချိန် ၇၀၀ ခန့်ကို ကျွန်ုပ်တို့ ပေးပို့ထားပြီးဖြစ်ပါတယ်”ဟု ပူတင်က ဖော်ပြခဲ့သည်။
Abbas က ရုရှားအစိုးရနဲ့ ပြည်သူတွေကို ကျေးဇူးတင်ကြောင်း ပြောကြားပြီး “ရုရှားဟာ ပါလက်စတိုင်း ပြည်သူတွေရဲ့ အရင်းနှီးဆုံးမိတ်ဆွေတွေထဲက တစ်ယောက်လို့ ခံစားမိပါကြောင်း”ဖော်ပြခဲ့သည်။ ၁၉၄၇ ခုနှစ်မှစ၍ ကုလသမဂ္ဂ အထွေထွေညီလာခံနှင့် လုံခြုံရေးကောင်စီတို့က ဆုံးဖြတ်ချက်ပေါင်း ၁၀၀၀ ကျော်ကို အတည်ပြုခဲ့ကြောင်း ၎င်းက ထောက်ပြသည်။
“တကယ်လို့ ဆုံးဖြတ်ချက်တစ်ခုသာ အကောင်အထည်ဖော်မယ်ဆိုရင် ပါလက်စတိုင်း ပြည်သူတွေရဲ့ အခွင့်အရေးတွေကို သေချာပေါက် ကူညီပေးနိုင်မှာပါ” ဟု Abbas က ပြောကြားပြီး အမေရိကန်၏ ဖိအားပေးမှုကြောင့် ယင်းမစ်ရှင်မှာ မအောင်မြင်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
လက်ရှိတွင် ပါလက်စတိုင်းနိုင်ငံကို ကုလသမဂ္ဂအဖွဲ့ဝင် ၁၄၆ နိုင်ငံက အသိအမှတ်ပြုထားပြီး G20 အဖွဲ့ဝင် ထက်ဝက်ဖြစ်သော တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မက္ကဆီကို၊ ဘရာဇီး၊ တောင်အာဖရိကနှင့် တူကီယဲတို့ပါဝင်သည်။ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက အပြည့်အဝ လည်ပတ်နိုင်သော ပါလက်စတိုင်းနိုင်ငံကို ထူထောင်ခွင့်မပြုဟု ကတိပြုခဲ့သည်။
zawgyi version
ပါလက္စတိုင္းအား ဆက္လက္ေထာက္ပံ့သြားမည္ဟု ႐ုရွားသမၼတ ထပ္ေလာင္း ကတိျပဳ
ALynn (NP News) - ဩဂုတ္ ၁၄
ေမာ္စကိုသည္ အေရွ႕အလယ္ပိုင္းရွိ ပဋိပကၡမ်ားအပါအဝင္ ပဋိပကၡအားလုံးကို ၿငိမ္းခ်မ္းစြာေျဖရွင္းရန္ ရပ္တည္လ်က္ရွိေၾကာင္း ႐ုရွားသမၼတ ဗလာဒီမာပူတင္က အဂၤါေန႔ (ဩဂုတ္လ ၁၃ ရက္)တြင္ ေမာ္စကို၌ သုံးရက္ၾကာလာေရာက္လည္ပတ္ေနေသာ ပါလက္စတိုင္းအာဏာပိုင္ သမၼတ Mahmoud Abbas ႏွင့္ ေတြ႕ဆုံစဥ္ေျပာၾကားခဲ့သည္။
႐ုရွား၏ “အာရပ္ကမာၻ အထူးသျဖင့္ ပါလက္စတိုင္းႏွင့္ ကာလၾကာရွည္စြာ အျမစ္တြယ္ေနေသာ ဆက္ဆံေရး”ကို ႐ုရွားသမၼတပူတင္က ခ်ီးက်ဴး ေျပာဆိုခဲ့ၿပီး ပါလက္စတိုင္းတြင္ လူသားခ်င္းစာနာေထာက္ထား မႈဆိုင္ရာ ကပ္ေဘးတစ္ခု ျဖစ္ေပၚေနသည့္အတြက္ အလြန္စိုးရိမ္ပူပန္ေနပါတယ္”ဟု ပူတင္က ေျပာၾကားခဲ့သည္။
႐ုရွားေခါင္းေဆာင္၏ ေျပာၾကားခ်က္အရ ဂါဇာကမ္းေျမာင္ေဒသ ပဋိပကၡ၏ အေၾကာင္းအရင္းခံ သည္ လြတ္လပ္ေသာ ပါလက္စတိုင္းႏိုင္ငံ ထူေထာင္ေရးႏွင့္ပတ္သက္၍ ႏိုင္ငံတကာ ဆုံးျဖတ္ခ်က္မ်ားကို လ်စ္လ်ဴရႈထားျခင္း၏ အက်ိဳးဆက္ ျဖစ္ေၾကာင္း သိရသည္။
အရပ္သားအမ်ားစုျဖစ္ေသာ အမ်ိဳးသမီးမ်ားႏွင့္ ကေလးသူငယ္မ်ား အစုလိုက္အၿပဳံလိုက္ ဆုံးရႈံးမႈမ်ားေၾကာင့္ ဂါဇာရွိအေျခအေနသည္ အလြန္စိုးရိမ္စရာျဖစ္ေၾကာင္း ႐ုရွားသမၼတက ေျပာၾကားခဲ့သည္။ ကုလသမဂၢ၏ အဆိုအရ ေသဆုံးသူ ဦးေရသည္ လူ ၄၀,၀၀၀ နီးပါး ရွိလာၿပီျဖစ္ေၾကာင္း ၎က မွတ္ခ်က္ျပဳသည္။“ပါလက္စတိုင္းျပည္သူေတြကို ေထာက္ပံ့ဖို႔ ကြၽန္ေတာ္တို႔ တတ္ႏိုင္သမွ် လုပ္ေနပါတယ္။ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အကူအညီတန္ခ်ိန္ ၇၀၀ ခန႔္ကို ကြၽႏ္ုပ္တို႔ ေပးပို႔ထားၿပီးျဖစ္ပါတယ္”ဟု ပူတင္က ေဖာ္ျပခဲ့သည္။
Abbas က ႐ုရွားအစိုးရနဲ႔ ျပည္သူေတြကို ေက်းဇူးတင္ေၾကာင္း ေျပာၾကားၿပီး “႐ုရွားဟာ ပါလက္စတိုင္း ျပည္သူေတြရဲ႕ အရင္းႏွီးဆုံးမိတ္ေဆြေတြထဲက တစ္ေယာက္လို႔ ခံစားမိပါေၾကာင္း”ေဖာ္ျပခဲ့သည္။ ၁၉၄၇ ခုႏွစ္မွစ၍ ကုလသမဂၢ အေထြေထြညီလာခံႏွင့္ လုံၿခဳံေရးေကာင္စီတို႔က ဆုံးျဖတ္ခ်က္ေပါင္း ၁၀၀၀ ေက်ာ္ကို အတည္ျပဳခဲ့ေၾကာင္း ၎က ေထာက္ျပသည္။
“တကယ္လို႔ ဆုံးျဖတ္ခ်က္တစ္ခုသာ အေကာင္အထည္ေဖာ္မယ္ဆိုရင္ ပါလက္စတိုင္း ျပည္သူေတြရဲ႕ အခြင့္အေရးေတြကို ေသခ်ာေပါက္ ကူညီေပးႏိုင္မွာပါ” ဟု Abbas က ေျပာၾကားၿပီး အေမရိကန္၏ ဖိအားေပးမႈေၾကာင့္ ယင္းမစ္ရွင္မွာ မေအာင္ျမင္ခဲ့ေၾကာင္း ၎က ေျပာၾကားခဲ့သည္။
လက္ရွိတြင္ ပါလက္စတိုင္းႏိုင္ငံကို ကုလသမဂၢအဖြဲ႕ဝင္ ၁၄၆ ႏိုင္ငံက အသိအမွတ္ျပဳထားၿပီး G20 အဖြဲ႕ဝင္ ထက္ဝက္ျဖစ္ေသာ တ႐ုတ္၊ အိႏၵိယ၊ အင္ဒိုနီးရွား၊ မကၠဆီကို၊ ဘရာဇီး၊ ေတာင္အာဖရိကႏွင့္ တူကီယဲတို႔ပါဝင္သည္။ အစၥေရးဝန္ႀကီးခ်ဳပ္ ဘန္ဂ်မင္ ေနတန္ယာဟုက အျပည့္အဝ လည္ပတ္ႏိုင္ေသာ ပါလက္စတိုင္းႏိုင္ငံကို ထူေထာင္ခြင့္မျပဳဟု ကတိျပဳခဲ့သည္။