အိမ်နီးနားချင်းနိုင်ငံပထမမူဝါဒ
923
Pankaj Saran (NP News) - ဩဂုတ် ၁၅
အိန္ဒိယ၏ အိမ်နီးချင်းနိုင်ငံပထမမူဝါဒသည် မည်သည့်နိုင်ငံအတွက်မဆို အိမ်နီးနားချင်းများသည် နိုင်ငံခြားရေးမူဝါဒအတွက် အဓိကဦးစားပေးဖြစ်သည်ဟူသော အမှန်တရားကို ရောင်ပြန်ဟပ်နေသည်။ အိန္ဒိယသည် ၎င်း၏အိမ်နီးနားချင်းအတွက် အကြီးဆုံးနှင့် အကောင်းဆုံးအရင်းအမြစ်များကို စီးပွားရေး၊ နိုင်ငံရေး သို့မဟုတ် သံတမန်ရေးအရ ကတိကဝတ်ပြုထားသည်။ ယနေ့ အိန္ဒိယ၏ အိမ်နီးနားချင်းနိုင်ငံပထမမူဝါဒသည် ၎င်း၏ ကမ္ဘာလုံးဆိုင်ရာထိတွေ့ဆက်ဆံမှု၏ အခြေခံအုတ်မြစ် ဖြစ်သည်။
နိုင်ငံ၏အတွင်း၌ ဤမူဝါဒသည် အားလုံးထက် အိမ်နီးနားချင်းများ၏ အရေးပါမှုကို ပိုမိုသိလာစေရန် အထူးသဖြင့် အိန္ဒိယအစိုးရအတွက် ကူညီပေးခဲ့သည်။ နိုင်ငံ၏ မတူကွဲပြားသော သဘောသဘာဝ၊ သမိုင်း နှင့် ယဉ်ကျေးမှုတွင် အမြစ်တွယ်နေသည့် နယ်စပ်ဖြတ်ကျော် ချိတ်ဆက်မှုများကြောင့် ဤမူဝါဒသည် ဒေသတွင်း ပေါင်းစည်းမှုကို မြှင့်တင်ရန် နှင့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး မြှင့်တင်ခြင်းဖြင့် ကောင်းမွန်သည်များ ပေးဆောင်လျက်ရှိသည်။
၂၀၁၄ ၊ ၂၀၁၉ နှင့် ၂၀၂၄ ခုနှစ်များတွင် သုံးကြိမ်ဆက်တိုက်ကျမ်းသစ္စာကျိန်ဆိုပွဲသို့ အိမ်နီး ချင်းနိုင်ငံအားလုံး၏ အကြီးအကဲများကို ဖိတ်ကြားရန် အိန္ဒိယဝန်ကြီးချုပ် Narendra Modi ၏ ဆုံးဖြတ်ချက်သည် မကြုံစဖူးဖြစ်ပြီး အိမ်နီးချင်းများအားလုံးနှင့် အတူတကွ ထိတွေ့ဆက်ဆံမှု ပုံစံသစ်ကို ကိုယ်စားပြုပါသည်။ ခေါင်းဆောင်များ စုပေါင်းတက်ရောက်လာခြင်းသည် ဘုံတိုက်ခွဲ တစ်ခု၏ အသိအမှတ်ပြု ဂုဏ်ပြုပွဲတစ်ခုဖြစ်သကဲ့သို့ ဒီမိုကရက်တစ် အခမ်းအနားလည်း ဖြစ်ခဲ့သည်။
နိုင်ငံ၏ အရွယ်အစားနှင့် အရင်းအမြစ် ထောက်ပံ့မှုများကြောင့် အိန္ဒိယသည် ၎င်း၏ အိမ်နီး ချင်းများအတွက် ရွေးချယ်စရာ မိတ်ဖက်ဖြစ်သည်။ အိန္ဒိယ၏ အကူအညီပေးရေး အစီအစဉ်များသည် ဒေါ်လာဘီလီယံပေါင်းများစွာ ပမာဏရှိပြီး လိုက်လျောညီထွေမှုရှိသော စည်းကမ်းချက်များဖြင့် အလွှာပေါင်းစုံနှင့် ကဏ္ဍအားလုံးသို့ ချဲ့ထွင်ပေးအပ်ထားသည်။ ထိုကဏ္ဍများတွင် ခက်ခဲသော အခြေခံအဆောက်အအုံလုပ်ငန်းမှ ကျွမ်းကျင်မှုနှင့် ပညာရေးအထိ အပြင် သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်မှုအထိ ပါဝင်သည်။ ၎င်းတို့သည် သန်းနှင့်ချီသော အကျိုးခံစားခွင့်ရှိသူများအပေါ် သက်ရောက်မှုရှိပြီး ဝေးလံခေါင်သီသောဒေသများကို ရေရှည်တည်တံ့သောပုံစံဖြင့် ပြောင်းလဲခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ အိမ်နီးချင်းနိုင်ငံ ပထမမူဝါဒသည် ကောင်းမွန်စွာ ပေါင်းစပ်တည်ဆောက်ထားသော စနစ်တစ်ခုအဖြစ် တိုးတက်ပြောင်းလဲလာသည်။
ဤမူဝါဒသည် ‘vasudaivkutumbakam’ ၏ ဒဿနတွင် အမြစ်တွယ်နေသည်၊ သို့မဟုတ် လောကသည် မိသားစုတစ်ခုသာဖြစ်ပြီး ‘sabkasaath, sab ka vikas sab ka vishvas’. ဟူသော ဝါဒဖြစ်သည်။ ထို့ကြောင့် ၎င်းသည် မျှဝေခံစားခြင်း၊ သာတူညီမျှမှု နှင့် တရားမျှတမှုတို့၏ အခြေခံမူများကို ပေါင်းစပ်ထားသည်။ ဖွံ့ဖြိုးတိုးတက်ရေးအပြင် ဒေသတွင်း ပေါင်းစည်းရေးသည် အဓိက ရည်မှန်းချက်ဖြစ်သည်။ဤအရာအားပြည်သူမှပြည်သူသို့ ဆက်သွယ်မှု၊ လေကြောင်း မီးရထားနှင့်ကားလမ်းများချိတ်ဆက်မှု၊ စွမ်းအင်ပိုက်လိုင်းများနှင့် ထောက်ပံ့ရေးနှင့် တန်ဖိုးသတ်မှတ် ကွင်းဆက်များ ပါဝင်သောတာရှည်တည်တံ့မည့် ချိတ်ဆက်မှုများကို ထားရှိခြင်းဖြင့် ရရှိနိုင်ပါသည်။ အိမ်နီးချင်းများအား အိန္ဒိယဈေးကွက်၊ အိန္ဒိယပညာရေးအဖွဲ့အစည်းများနှင့် အိန္ဒိယဆေးဘက်ဆိုင်ရာ ဌာနများသို့ ပထမဆုံးရရှိသုံးစွဲခွင့်ကို ပေးထားသည်။
အိန္ဒိယစီးပွားရေး တိုးတက်မှုသည် ဒေသတွင်း တိုးတက်မှု၏ အင်ဂျင်တစ်ခုဖြစ်သည်။ အိန္ဒိယသည် ၎င်း၏စီးပွားရေးအောင်မြင်မှုများကို မျှဝေရန်နှင့် အိမ်နီးချင်းနိုင်ငံများကို အတိုင်းအတာတစ်ခုအထိ စီးပွားရေးအရ အကျိုးခံစား ခွင့်ပေးရန် ကတိပြုထားသည်။ အိမ်နီးနားချင်းပထမမူဝါဒသည် 'သင်၏အိမ်နီးချင်း တိုးတက်ဖွံ့ဖြိုးပါစေ'ဟူသော နိယာမ၏ သင်္ကေတဖြစ်သည်။ ပေါင်းစည်းမှုဖြင့် လျင်မြန်စွာ ရွေ့လျားလာသူများ၏ စီးပွားရေးစွမ်းဆောင်ရည်သည်အခြားသူများထက် ပိုမိုကောင်းမွန် ကြောင်း မှတ်တမ်းက ဖော်ပြသည်။ ဆန့်ကျင်ဘက်အားဖြင့် အိန္ဒိယနှင့် ပိုမိုပေါင်းစည်းထားသော နိုင်ငံများသည် ပြင်ပမှ ထိခိုက်ခံရမှုကို ခံနိုင်ရည်ရှိကြသည်။
အိန္ဒိယနိုင်ငံသည် ကိုဗစ်အကျပ်အတည်း ကာလအတွင်း သို့မဟုတ် ယူကရိန်းပဋိပက္ခအပြီး တွင် စွမ်းအင်နှင့် စားနပ်ရိက္ခာစျေးနှုန်းများ လှုပ်ခတ်မှုကဲ့သို့သော အခက်အခဲကာလများတွင် အိမ်နီး ချင်းနိုင်ငံများအတွက်အကူအညီများ ပေးစွမ်းခဲ့သည်။ မကြာသေးမီက ထင်ရှားသောဥပမာများတွင် အာဖဂန်နစ္စတန်အား အရေးပေါ်လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပံ့ပိုးပေးခြင်း၊ သီရိလင်္ကာမှစီးပွားရေးအာမခံချက်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ကာကွယ်ဆေးများနှင့် မရှိမဖြစ် လိုအပ်သော ကုန်ပစ္စည်းများထောက်ပံ့ခြင်းနှင့် ကပ်ရောဂါဖြစ်ပွားပြီးနောက် မော်လ်ဒိုက်အား ဘတ်ဂျက်ထောက်ပံ့မှုများ ပါဝင်သည်။ ထို့ကြောင့် အိန္ဒိယသည် ပထမဆုံးအကူအညီပေးသူသာမက ၎င်း၏အိမ်နီးချင်းများအတွက် ဘေးကင်းရေးကွန်ယက်တစ်ခုလည်းဖြစ်သည်။
ဤမူဝါဒသည် ချဉ်းကပ်မှုအားလုံးနှင့် ကိုက်ညီသော အရွယ်အစားတစ်ခုတည်းပုံစံမဟုတ်ဘဲ နိုင်ငံအလိုက် သတ်မှတ်ထားသော တိကျသောရည်မှန်းချက်အား ကြားဝင်ဆောင်ရွက်မှုများ ပြုလုပ်သည့်ဝိသေသ လက္ခဏာရပ်ဖြစ်သည်။ မူဝါဒ၏ဗဟိုချက်တွင် နှစ်ဖက်အကျိုးရှိသော နှစ်နိုင်ငံမိတ်ဖက် ဆက်ဆံရေးများတည်ဆောက်ခြင်းအပေါ်အာရုံစိုက်ထားပါသည်။လိုအပ်ပါက ဒေသခွဲပူးပေါင်းဆောင် ရွက်မှုများ မြှင့်တင်ရန် ယန္တရားများ ချမှတ်ဆောင်ရွက်ခဲ့ပါသည်။ အိန္ဒိယပိုင်နက်ကိုဖြတ်၍ နီပေါ၊ ဘူတန်နှင့် ဘင်္ဂလားဒေ့ရှ်တို့ကြားတွင် ဒေသခွဲ မဟာဓာတ်အားလိုင်းတစ်ခု အသွင်သဏ္ဌာန် ဖော်ဆောင်လျက်ရှိသည်။
ငြိမ်းချမ်းရေးနှင့် လုံခြုံရေးသည် တိုးတက်မှုအတွက်မရှိမဖြစ်လိုအပ်သော အခြေအနေဖြစ် ကြောင်းအသိအမှတ်ပြုပါသည်။ဤမူဝါဒသည်တစ်ဦးနှင့်တစ်ဦး၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေး ဆိုင်ရာ ကိစ္စရပ်များကို အလေးဂရုပြုရန်နှင့်လေးစားလိုက်နာရန် ရည်ရွယ်ပါသည်။အတွေးအခေါ် ဒဿနဗေဒအရ လုံခြုံရေးသည် အပြန်အလှန်အားဖြင့် အကြမ်းဖက်မှု သို့မဟုတ် ရာသီဥတုပြောင်းလဲ မှုနှင့်သက်ဆိုင်မှု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သုညအဖြေထွက်ဂိမ်းမဟုတ်ပါ။ စွမ်းရည်မြှင့်တင် ခြင်းသည် အားလုံးအတွက် လုံခြုံရေးရရှိရန် အဓိကနည်းလမ်းဖြစ်သည်။ မကြာသေးမီနှစ်များအတွင်း၊ အိမ်နီးချင်းနိုင်ငံပထမမူဝါဒ၏ရည်မှန်းချက်သည် တိုက်ငယ် အပြင်ဘက်ရှိ ဒေသများသို့ ကျယ်ပြန့်လာခဲ့ပြီး ၎င်းတို့တွင် အိန္ဒိယသမုဒ္ဒရာဒေသ၊ အနောက်အာရှနှင့် ပင်လယ်ကွေ့နိုင်ငံများ၊ အာရှအလယ်ပိုင်းနှင့် အရှေ့အာရှတို့ ပါဝင်သည်။ ကိုလိုနီခေတ်မတိုင်မီက ရှိခဲ့သော ချိတ်ဆက်မှုများကို ပြန်လည်တည်ဆောက်ရန်နှင့် အသစ်များကိုပုံဖော်ရန်အတွက် အရင်း အမြစ်များခွဲဝေခြင်းနှင့် အာရုံစိုက်ခြင်းတွင် အဆိုပါဒေသများကို ဦးစားပေးထားသည်။ ဤကျယ်ပြန့်သော ပထဝီဝင်အနေအထားတွင် အိန္ဒိယ၏ သြဇာလွှမ်းမိုးမှုနှင့် ပုံဖော်မှုသည် လျင်မြန်စွာ ကြီးထွားလာသည်။
၎င်း၏ ကိုယ်ပိုင်ဖန်တီးမှု အကြောင်းပြချက်ကြောင့် ပါကစ္စတန်သည် တိုက်ငယ်၏ ပေါင်းစည်းရေး လုပ်ငန်းစဉ်တွင်ကင်းကွာနေခဲ့သည်။ အိန္ဒိယနှင့် ရှည်လျားသော နယ်နိမိတ်ချင်း ထိစပ်နေသော တရုတ်နိုင်ငံသည် တိုးတက်လာသော အိန္ဒိယနှင့် လိုက်လျောညီထွေရှိရန်လိုအပ်ပြီး ၎င်း၏ အိမ်နီးနား ချင်းနိုင်ငံ အိန္ဒိယကို ထိမ်းချုပ်နိုင်ရန် ကြိုးပမ်းသည့် မူဝါဒကို စွန့်လွှတ်ရန် လိုအပ်သည်။
အိန္ဒိယ၏ အိမ်နီးချင်းနိုင်ငံပထမမူဝါဒသည် ရည်မှန်းချက်ကြီးပြီး ရဲရင့်သည်။ တယူသန် သဘောလည်းမဟုတ်သလိုအယူဝါဒလည်း မဟုတ်ပါ။ ခေတ်၏လိုအပ်ချက်များအား နည်းဗျူဟာ မြောက်တုံ့ပြန်ဆောင်ရွက်ခြင်းဖြစ်သောကြောင့် အောင်မြင်ခြင်းဖြစ်ပါသည်။
zawgyi version
အိမ္နီးနားခ်င္းႏိုင္ငံပထမမူဝါဒ
Pankaj Saran (NP News) - ဩဂုတ္ ၁၅
အိႏၵိယ၏ အိမ္နီးခ်င္းႏိုင္ငံပထမမူဝါဒသည္ မည္သည့္ႏိုင္ငံအတြက္မဆို အိမ္နီးနားခ်င္းမ်ားသည္ ႏိုင္ငံျခားေရးမူဝါဒအတြက္ အဓိကဦးစားေပးျဖစ္သည္ဟူေသာ အမွန္တရားကို ေရာင္ျပန္ဟပ္ေနသည္။ အိႏၵိယသည္ ၎၏အိမ္နီးနားခ်င္းအတြက္ အႀကီးဆုံးႏွင့္ အေကာင္းဆုံးအရင္းအျမစ္မ်ားကို စီးပြားေရး၊ ႏိုင္ငံေရး သို႔မဟုတ္ သံတမန္ေရးအရ ကတိကဝတ္ျပဳထားသည္။ ယေန႔ အိႏၵိယ၏ အိမ္နီးနားခ်င္းႏိုင္ငံပထမမူဝါဒသည္ ၎၏ ကမာၻလုံးဆိုင္ရာထိေတြ႕ဆက္ဆံမႈ၏ အေျခခံအုတ္ျမစ္ ျဖစ္သည္။
ႏိုင္ငံ၏အတြင္း၌ ဤမူဝါဒသည္ အားလုံးထက္ အိမ္နီးနားခ်င္းမ်ား၏ အေရးပါမႈကို ပိုမိုသိလာေစရန္ အထူးသျဖင့္ အိႏၵိယအစိုးရအတြက္ ကူညီေပးခဲ့သည္။ ႏိုင္ငံ၏ မတူကြဲျပားေသာ သေဘာသဘာဝ၊ သမိုင္း ႏွင့္ ယဥ္ေက်းမႈတြင္ အျမစ္တြယ္ေနသည့္ နယ္စပ္ျဖတ္ေက်ာ္ ခ်ိတ္ဆက္မႈမ်ားေၾကာင့္ ဤမူဝါဒသည္ ေဒသတြင္း ေပါင္းစည္းမႈကို ျမႇင့္တင္ရန္ ႏွင့္ ၿငိမ္းခ်မ္းေရးႏွင့္ တည္ၿငိမ္ေရး ျမႇင့္တင္ျခင္းျဖင့္ ေကာင္းမြန္သည္မ်ား ေပးေဆာင္လ်က္ရွိသည္။
၂၀၁၄ ၊ ၂၀၁၉ ႏွင့္ ၂၀၂၄ ခုႏွစ္မ်ားတြင္ သုံးႀကိမ္ဆက္တိုက္က်မ္းသစၥာက်ိန္ဆိုပြဲသို႔ အိမ္နီး ခ်င္းႏိုင္ငံအားလုံး၏ အႀကီးအကဲမ်ားကို ဖိတ္ၾကားရန္ အိႏၵိယဝန္ႀကီးခ်ဳပ္ Narendra Modi ၏ ဆုံးျဖတ္ခ်က္သည္ မႀကဳံစဖူးျဖစ္ၿပီး အိမ္နီးခ်င္းမ်ားအားလုံးႏွင့္ အတူတကြ ထိေတြ႕ဆက္ဆံမႈ ပုံစံသစ္ကို ကိုယ္စားျပဳပါသည္။ ေခါင္းေဆာင္မ်ား စုေပါင္းတက္ေရာက္လာျခင္းသည္ ဘုံတိုက္ခြဲ တစ္ခု၏ အသိအမွတ္ျပဳ ဂုဏ္ျပဳပြဲတစ္ခုျဖစ္သကဲ့သို႔ ဒီမိုကရက္တစ္ အခမ္းအနားလည္း ျဖစ္ခဲ့သည္။
ႏိုင္ငံ၏ အ႐ြယ္အစားႏွင့္ အရင္းအျမစ္ ေထာက္ပံ့မႈမ်ားေၾကာင့္ အိႏၵိယသည္ ၎၏ အိမ္နီး ခ်င္းမ်ားအတြက္ ေ႐ြးခ်ယ္စရာ မိတ္ဖက္ျဖစ္သည္။ အိႏၵိယ၏ အကူအညီေပးေရး အစီအစဥ္မ်ားသည္ ေဒၚလာဘီလီယံေပါင္းမ်ားစြာ ပမာဏရွိၿပီး လိုက္ေလ်ာညီေထြမႈရွိေသာ စည္းကမ္းခ်က္မ်ားျဖင့္ အလႊာေပါင္းစုံႏွင့္ က႑အားလုံးသို႔ ခ်ဲ႕ထြင္ေပးအပ္ထားသည္။ ထိုက႑မ်ားတြင္ ခက္ခဲေသာ အေျခခံအေဆာက္အအုံလုပ္ငန္းမွ ကြၽမ္းက်င္မႈႏွင့္ ပညာေရးအထိ အျပင္ သဘာဝေဘးအႏၲရာယ္ ႀကိဳတင္ျပင္ဆင္မႈအထိ ပါဝင္သည္။ ၎တို႔သည္ သန္းႏွင့္ခ်ီေသာ အက်ိဳးခံစားခြင့္ရွိသူမ်ားအေပၚ သက္ေရာက္မႈရွိၿပီး ေဝးလံေခါင္သီေသာေဒသမ်ားကို ေရရွည္တည္တံ့ေသာပုံစံျဖင့္ ေျပာင္းလဲခဲ့သည္။ အခ်ိန္ၾကာလာသည္ႏွင့္အမွ် အိမ္နီးခ်င္းႏိုင္ငံ ပထမမူဝါဒသည္ ေကာင္းမြန္စြာ ေပါင္းစပ္တည္ေဆာက္ထားေသာ စနစ္တစ္ခုအျဖစ္ တိုးတက္ေျပာင္းလဲလာသည္။
ဤမူဝါဒသည္ ‘vasudaivkutumbakam’ ၏ ဒႆနတြင္ အျမစ္တြယ္ေနသည္၊ သို႔မဟုတ္ ေလာကသည္ မိသားစုတစ္ခုသာျဖစ္ၿပီး ‘sabkasaath, sab ka vikas sab ka vishvas’. ဟူေသာ ဝါဒျဖစ္သည္။ ထို႔ေၾကာင့္ ၎သည္ မွ်ေဝခံစားျခင္း၊ သာတူညီမွ်မႈ ႏွင့္ တရားမွ်တမႈတို႔၏ အေျခခံမူမ်ားကို ေပါင္းစပ္ထားသည္။ ဖြံ႕ၿဖိဳးတိုးတက္ေရးအျပင္ ေဒသတြင္း ေပါင္းစည္းေရးသည္ အဓိက ရည္မွန္းခ်က္ျဖစ္သည္။ဤအရာအားျပည္သူမွျပည္သူသို႔ ဆက္သြယ္မႈ၊ ေလေၾကာင္း မီးရထားႏွင့္ကားလမ္းမ်ားခ်ိတ္ဆက္မႈ၊ စြမ္းအင္ပိုက္လိုင္းမ်ားႏွင့္ ေထာက္ပံ့ေရးႏွင့္ တန္ဖိုးသတ္မွတ္ ကြင္းဆက္မ်ား ပါဝင္ေသာတာရွည္တည္တံ့မည့္ ခ်ိတ္ဆက္မႈမ်ားကို ထားရွိျခင္းျဖင့္ ရရွိႏိုင္ပါသည္။ အိမ္နီးခ်င္းမ်ားအား အိႏၵိယေဈးကြက္၊ အိႏၵိယပညာေရးအဖြဲ႕အစည္းမ်ားႏွင့္ အိႏၵိယေဆးဘက္ဆိုင္ရာ ဌာနမ်ားသို႔ ပထမဆုံးရရွိသုံးစြဲခြင့္ကို ေပးထားသည္။
အိႏၵိယစီးပြားေရး တိုးတက္မႈသည္ ေဒသတြင္း တိုးတက္မႈ၏ အင္ဂ်င္တစ္ခုျဖစ္သည္။ အိႏၵိယသည္ ၎၏စီးပြားေရးေအာင္ျမင္မႈမ်ားကို မွ်ေဝရန္ႏွင့္ အိမ္နီးခ်င္းႏိုင္ငံမ်ားကို အတိုင္းအတာတစ္ခုအထိ စီးပြားေရးအရ အက်ိဳးခံစား ခြင့္ေပးရန္ ကတိျပဳထားသည္။ အိမ္နီးနားခ်င္းပထမမူဝါဒသည္ 'သင္၏အိမ္နီးခ်င္း တိုးတက္ဖြံ႕ၿဖိဳးပါေစ'ဟူေသာ နိယာမ၏ သေကၤတျဖစ္သည္။ ေပါင္းစည္းမႈျဖင့္ လ်င္ျမန္စြာ ေ႐ြ႕လ်ားလာသူမ်ား၏ စီးပြားေရးစြမ္းေဆာင္ရည္သည္အျခားသူမ်ားထက္ ပိုမိုေကာင္းမြန္ ေၾကာင္း မွတ္တမ္းက ေဖာ္ျပသည္။ ဆန႔္က်င္ဘက္အားျဖင့္ အိႏၵိယႏွင့္ ပိုမိုေပါင္းစည္းထားေသာ ႏိုင္ငံမ်ားသည္ ျပင္ပမွ ထိခိုက္ခံရမႈကို ခံႏိုင္ရည္ရွိၾကသည္။
အိႏၵိယႏိုင္ငံသည္ ကိုဗစ္အက်ပ္အတည္း ကာလအတြင္း သို႔မဟုတ္ ယူကရိန္းပဋိပကၡအၿပီး တြင္ စြမ္းအင္ႏွင့္ စားနပ္ရိကၡာေစ်းႏႈန္းမ်ား လႈပ္ခတ္မႈကဲ့သို႔ေသာ အခက္အခဲကာလမ်ားတြင္ အိမ္နီး ခ်င္းႏိုင္ငံမ်ားအတြက္အကူအညီမ်ား ေပးစြမ္းခဲ့သည္။ မၾကာေသးမီက ထင္ရွားေသာဥပမာမ်ားတြင္ အာဖဂန္နစၥတန္အား အေရးေပၚလူသားခ်င္းစာနာေထာက္ထားမႈအကူအညီမ်ား ပံ့ပိုးေပးျခင္း၊ သီရိလကၤာမွစီးပြားေရးအာမခံခ်က္၊ ဘဂၤလားေဒ့ရွ္ႏိုင္ငံအတြက္ ကာကြယ္ေဆးမ်ားႏွင့္ မရွိမျဖစ္ လိုအပ္ေသာ ကုန္ပစၥည္းမ်ားေထာက္ပံ့ျခင္းႏွင့္ ကပ္ေရာဂါျဖစ္ပြားၿပီးေနာက္ ေမာ္လ္ဒိုက္အား ဘတ္ဂ်က္ေထာက္ပံ့မႈမ်ား ပါဝင္သည္။ ထို႔ေၾကာင့္ အိႏၵိယသည္ ပထမဆုံးအကူအညီေပးသူသာမက ၎၏အိမ္နီးခ်င္းမ်ားအတြက္ ေဘးကင္းေရးကြန္ယက္တစ္ခုလည္းျဖစ္သည္။
ဤမူဝါဒသည္ ခ်ဥ္းကပ္မႈအားလုံးႏွင့္ ကိုက္ညီေသာ အ႐ြယ္အစားတစ္ခုတည္းပုံစံမဟုတ္ဘဲ ႏိုင္ငံအလိုက္ သတ္မွတ္ထားေသာ တိက်ေသာရည္မွန္းခ်က္အား ၾကားဝင္ေဆာင္႐ြက္မႈမ်ား ျပဳလုပ္သည့္ဝိေသသ လကၡဏာရပ္ျဖစ္သည္။ မူဝါဒ၏ဗဟိုခ်က္တြင္ ႏွစ္ဖက္အက်ိဳးရွိေသာ ႏွစ္ႏိုင္ငံမိတ္ဖက္ ဆက္ဆံေရးမ်ားတည္ေဆာက္ျခင္းအေပၚအာ႐ုံစိုက္ထားပါသည္။လိုအပ္ပါက ေဒသခြဲပူးေပါင္းေဆာင္ ႐ြက္မႈမ်ား ျမႇင့္တင္ရန္ ယႏၲရားမ်ား ခ်မွတ္ေဆာင္႐ြက္ခဲ့ပါသည္။ အိႏၵိယပိုင္နက္ကိုျဖတ္၍ နီေပါ၊ ဘူတန္ႏွင့္ ဘဂၤလားေဒ့ရွ္တို႔ၾကားတြင္ ေဒသခြဲ မဟာဓာတ္အားလိုင္းတစ္ခု အသြင္သဏၭာန္ ေဖာ္ေဆာင္လ်က္ရွိသည္။
ၿငိမ္းခ်မ္းေရးႏွင့္ လုံၿခဳံေရးသည္ တိုးတက္မႈအတြက္မရွိမျဖစ္လိုအပ္ေသာ အေျခအေနျဖစ္ ေၾကာင္းအသိအမွတ္ျပဳပါသည္။ဤမူဝါဒသည္တစ္ဦးႏွင့္တစ္ဦး၏ အခ်ဳပ္အျခာအာဏာႏွင့္ လုံၿခဳံေရး ဆိုင္ရာ ကိစၥရပ္မ်ားကို အေလးဂ႐ုျပဳရန္ႏွင့္ေလးစားလိုက္နာရန္ ရည္႐ြယ္ပါသည္။အေတြးအေခၚ ဒႆနေဗဒအရ လုံၿခဳံေရးသည္ အျပန္အလွန္အားျဖင့္ အၾကမ္းဖက္မႈ သို႔မဟုတ္ ရာသီဥတုေျပာင္းလဲ မႈႏွင့္သက္ဆိုင္မႈ ရွိသည္ျဖစ္ေစ၊ မရွိသည္ျဖစ္ေစ သုညအေျဖထြက္ဂိမ္းမဟုတ္ပါ။ စြမ္းရည္ျမႇင့္တင္ ျခင္းသည္ အားလုံးအတြက္ လုံၿခဳံေရးရရွိရန္ အဓိကနည္းလမ္းျဖစ္သည္။ မၾကာေသးမီႏွစ္မ်ားအတြင္း၊ အိမ္နီးခ်င္းႏိုင္ငံပထမမူဝါဒ၏ရည္မွန္းခ်က္သည္ တိုက္ငယ္ အျပင္ဘက္ရွိ ေဒသမ်ားသို႔ က်ယ္ျပန႔္လာခဲ့ၿပီး ၎တို႔တြင္ အိႏၵိယသမုဒၵရာေဒသ၊ အေနာက္အာရွႏွင့္ ပင္လယ္ေကြ႕ႏိုင္ငံမ်ား၊ အာရွအလယ္ပိုင္းႏွင့္ အေရွ႕အာရွတို႔ ပါဝင္သည္။ ကိုလိုနီေခတ္မတိုင္မီက ရွိခဲ့ေသာ ခ်ိတ္ဆက္မႈမ်ားကို ျပန္လည္တည္ေဆာက္ရန္ႏွင့္ အသစ္မ်ားကိုပုံေဖာ္ရန္အတြက္ အရင္း အျမစ္မ်ားခြဲေဝျခင္းႏွင့္ အာ႐ုံစိုက္ျခင္းတြင္ အဆိုပါေဒသမ်ားကို ဦးစားေပးထားသည္။ ဤက်ယ္ျပန႔္ေသာ ပထဝီဝင္အေနအထားတြင္ အိႏၵိယ၏ ၾသဇာလႊမ္းမိုးမႈႏွင့္ ပုံေဖာ္မႈသည္ လ်င္ျမန္စြာ ႀကီးထြားလာသည္။
၎၏ ကိုယ္ပိုင္ဖန္တီးမႈ အေၾကာင္းျပခ်က္ေၾကာင့္ ပါကစၥတန္သည္ တိုက္ငယ္၏ ေပါင္းစည္းေရး လုပ္ငန္းစဥ္တြင္ကင္းကြာေနခဲ့သည္။ အိႏၵိယႏွင့္ ရွည္လ်ားေသာ နယ္နိမိတ္ခ်င္း ထိစပ္ေနေသာ တ႐ုတ္ႏိုင္ငံသည္ တိုးတက္လာေသာ အိႏၵိယႏွင့္ လိုက္ေလ်ာညီေထြရွိရန္လိုအပ္ၿပီး ၎၏ အိမ္နီးနား ခ်င္းႏိုင္ငံ အိႏၵိယကို ထိမ္းခ်ဳပ္ႏိုင္ရန္ ႀကိဳးပမ္းသည့္ မူဝါဒကို စြန႔္လႊတ္ရန္ လိုအပ္သည္။
အိႏၵိယ၏ အိမ္နီးခ်င္းႏိုင္ငံပထမမူဝါဒသည္ ရည္မွန္းခ်က္ႀကီးၿပီး ရဲရင့္သည္။ တယူသန္ သေဘာလည္းမဟုတ္သလိုအယူဝါဒလည္း မဟုတ္ပါ။ ေခတ္၏လိုအပ္ခ်က္မ်ားအား နည္းဗ်ဴဟာ ေျမာက္တုံ႔ျပန္ေဆာင္႐ြက္ျခင္းျဖစ္ေသာေၾကာင့္ ေအာင္ျမင္ျခင္းျဖစ္ပါသည္။