ခြံအမှတ် (၅၄)နေအိမ်ကို စျေးနှုန်းသစ် ပြင်ဆင်သတ်မှတ်ကာ ဒုတိယအကြိမ် လေလံတင်ရောင်းသော်လည်း ဝယ်သူမရှိပဲ ပြီးဆုံး
714
NP News - သြဂုတ် ၁၅
ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့ရာ ခြံအမှတ် (၅၄)နေအိမ်ကို စျေးနှုန်းသစ်ပြင်ဆင်သတ်မှတ်ကာ ယနေ့ (သြဂုတ်လ ၁၅ ရက်) တွင် ဒုတိယအကြိမ် လေလံတင် ရောင်းသော်လည်း ဝယ်သူမရှိပဲပြီးဆုံးသွားခဲ့သည်။
ဒေါ်ခင်ကြည် အမည်ပေါက် ပိုင်ဆိုင်သည့် မြေကွက် နှင့် မြေပေါ်ရှိ အဆောက်အအုံများအပါအဝင် အကျိုးခံစားခွင့် အရပ်ရပ်အား လေလံတင် ရောင်းချခြင်းကို ခြံရှေ့တွင်ပင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး "ဝယ်ယူမယ့်သူ ရှိပါသလား"ဟု လေလံစည်းကမ်းအရ သုံးကြိမ်တိုင်တိုင် မေးခဲ့သော်လည်း ဝယ်သူမရှိခဲ့ပေ။
ပထမ အကြိမ်အဖြစ် မတ်လ ၂၀ ရက်က ကျပ် ၃၁၅ ဘီလျံဖြင့် လေလံတင် ရောင်းချခဲ့သော်လည်း လေလံဆွဲဝယ်ယူမည့်သူ မရှိပဲ ပြီးဆုံးသွားခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ဦးအောင်ဆန်းဦးဘက်က ငွေကျပ် ၂၈၅ ဘီလျံ အဖြစ် ပြင်ဆင်သတ်မှတ်ပေးရန်တင်ပြခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများ ဘက်က ကန့်ကွက်ခဲ့ကာ ကမာရွတ်ခရိုင် တရားရုံးက ကျပ် ၃၀၀ ဘီလျံ ဖြင့်လေလံတင် ရောင်းချရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
zawgyi version
ၿခံအမွတ္ (၅၄)ေနအိမ္ကို ေစ်းႏႈန္းသစ္ ျပင္ဆင္သတ္မွတ္ကာ ဒုတိယအႀကိမ္ ေလလံတင္ေရာင္းေသာ္လည္း ဝယ္သူမရွိပဲ ၿပီးဆုံး
NP News - ၾသဂုတ္ ၁၅
ေဒၚေအာင္ဆန္းစုၾကည္ ေနထိုင္ခဲ့ရာ ၿခံအမွတ္ (၅၄)ေနအိမ္ကို ေစ်းႏႈန္းသစ္ျပင္ဆင္သတ္မွတ္ကာ ယေန႔ (ၾသဂုတ္လ ၁၅ ရက္) တြင္ ဒုတိယအႀကိမ္ ေလလံတင္ ေရာင္းေသာ္လည္း ဝယ္သူမရွိပဲၿပီးဆုံးသြားခဲ့သည္။
ေဒၚခင္ၾကည္ အမည္ေပါက္ ပိုင္ဆိုင္သည့္ ေျမကြက္ ႏွင့္ ေျမေပၚရွိ အေဆာက္အအုံမ်ားအပါအဝင္ အက်ိဳးခံစားခြင့္ အရပ္ရပ္အား ေလလံတင္ ေရာင္းခ်ျခင္းကို ၿခံေရွ႕တြင္ပင္ ျပဳလုပ္ခဲ့ျခင္းျဖစ္ၿပီး "ဝယ္ယူမယ့္သူ ရွိပါသလား"ဟု ေလလံစည္းကမ္းအရ သုံးႀကိမ္တိုင္တိုင္ ေမးခဲ့ေသာ္လည္း ဝယ္သူမရွိခဲ့ေပ။
ပထမ အႀကိမ္အျဖစ္ မတ္လ ၂၀ ရက္က က်ပ္ ၃၁၅ ဘီလ်ံျဖင့္ ေလလံတင္ ေရာင္းခ်ခဲ့ေသာ္လည္း ေလလံဆြဲဝယ္ယူမည့္သူ မရွိပဲ ၿပီးဆုံးသြားခဲ့ျခင္း ျဖစ္သည္။ ထို႔ေနာက္ ဦးေအာင္ဆန္းဦးဘက္က ေငြက်ပ္ ၂၈၅ ဘီလ်ံ အျဖစ္ ျပင္ဆင္သတ္မွတ္ေပးရန္တင္ျပခဲ့ၿပီး ေဒၚေအာင္ဆန္းစုၾကည္၏ ေရွ႕ေနမ်ား ဘက္က ကန႔္ကြက္ခဲ့ကာ ကမာ႐ြတ္ခ႐ိုင္ တရား႐ုံးက က်ပ္ ၃၀၀ ဘီလ်ံ ျဖင့္ေလလံတင္ ေရာင္းခ်ရန္ ဆုံးျဖတ္ခဲ့ျခင္း ျဖစ္သည္။