အဝေးပြေးအတွက် EV ဘတ်စကားအသစ်များ ထပ်မံတင်သွင်းခွင့်ပြု
676
ပြည့်ဖြိုး (NP News) - ဩဂုတ် ၁၅
မြန်မာပြည်တွင် EV ဘတ်စကားခရီးစဉ် စတင်စမ်းသပ်ပြေးဆွဲနေပြီး မကြာမှီ နောက်ထပ်ကား သစ်များ တင်သွင်းပြေးဆွဲရန် ကုမ္ပဏီအချို့က စက်မှုဝန်ကြီးဌာနကို တင်ပြထားကြောင်း သိရသည်။
လျှပ်စစ်သုံး ခရီးသည်တင် မော်တော်ယာဉ် (EV Bus)များပြေးဆွဲခြင်းလုပ်ငန်းဆောင်ရွက်မည့် ပြည်တွင်းကုမ္ပဏီများမှာ Mandalar Min Express Trading and Transportation Co.,Ltd နှင့် Yar Zar Min Industry Co.,Ltd တို့ဖြစ်ပြီး EV Charging station တည်ဆောက်ရေးအတွက် Yangon Aerodrome Co., Ltd နှင့် Pioneer Aerodrome Co.,Ltd များက တာဝန်ယူဆောင်ရွက်လျက်ရှိနေသည်။
“လက်ရှိ နေပြည်တော်-ရန်ကုန် ခရီးစဉ် ပြေးဆွဲနေပြီးတော့ လူတစ်ဦးကိုနှစ်သောင်းခွဲနဲ့ ပြေး ဆွဲနေတာပါ။ နောက်ပိုင်းအားသွင်းရုံတွေ တည်ဆောက်ပြီးရင် ရန်ကုန်-မန္တလေး ခရီးစဉ်တွေပါပြေး ဆွဲဖို့ရည်ရွယ်ထားပါတယ်”ဟု မန္တလာမင်းယာဉ်လိုင်းမှ တာဝန်ခံတစ်ဦးကပြောသည်။
EV Express ကားများသည် အပူချိန်မြင့်တက်မှု၊ လေထုညစ်ညမ်းမှုနှင့် လောင်စာဆီသုံးစွဲမှုများကို လျှော့ချပေးပြီး သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်သည့်အတွက် ဆူညံသံကင်းပြီး ခရီးသည်များ ဇိမ်ကျကျ ခရီးသွားနိုင် စေရန် ပြေးဆွဲနိုင်အောင်စီစဉ်ထားကြောင်းသိရသည်။
“လျှပ်စစ် ဘတ်စကားတွေကို တင်သွင်းခွင့်ပြုထားတယ်။ ခွင့်ပြုထားတဲ့ကုမ္ပဏီတွေက အခု တင်သွင်းနေကြ တယ်။ မန္တလာမင်းဆိုစပြီး ပြေးဆွဲနေပြီ။ တင်သွင်းခွင့်အတွက်လည်း အခွန်ကင်းလွတ် ခွင့်ပေးထားသလို ဆောက်လုပ် ရေးဝန်ကြီး ဌာနက တာဝန်ယူဆောက်လုပ်ထားတဲ့ လမ်းတံတားဖြတ်သန်း ခွင့်ကိုလည်း ကင်းလွတ်ခွင့်ပေးထားတယ်’’ဟု စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကနဦးစီမံကိန်းကာလအတွင်း Charging Station များကို နေပြည်တော်တွင် လေးနေရာ၊ ရန်ကုန်မြို့တွင် ငါးနေရာ၊ မန္တလေးမြို့တွင် ငါးနေရာနှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ငါးနေရာ၊ စုစု ပေါင်း ၁၉ နေရာကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။ လက်ရှိတွင် လျှပ်စစ်သုံး ယာဉ် များကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက်မှစ၍ လမ်းအသုံးပြုခ ကင်းလွတ်ခွင့်ပြုပေးထားပြီး အဓိကလမ်း ကွန်ရက်များဖြစ်သည့် ရန်ကုန်-မန္တလေးအမြန်လမ်း မကြီး၊ ရန်ကုန်-တောင်ငူ-မိတ္ထီလာ-မန္တလေး ပြည် ထောင်စုလမ်းမကြီး၊ ရန်ကုန်-ပြည်လမ်း၊ ရန်ကုန်-ပုသိမ်လမ်းတို့တွင် ပြေးဆွဲနိုင်ရေး ဆောင်ရွက်နေကြောင်းလည်း သိရသည်။
zawgyi version
အေဝးေျပးအတြက္ EV ဘတ္စကားအသစ္မ်ား ထပ္မံတင္သြင္းခြင့္ျပဳ
ျပည့္ၿဖိဳး (NP News) - ဩဂုတ္ ၁၅
ျမန္မာျပည္တြင္ EV ဘတ္စကားခရီးစဥ္ စတင္စမ္းသပ္ေျပးဆြဲေနၿပီး မၾကာမွီ ေနာက္ထပ္ကား သစ္မ်ား တင္သြင္းေျပးဆြဲရန္ ကုမၸဏီအခ်ိဳ႕က စက္မႈဝန္ႀကီးဌာနကို တင္ျပထားေၾကာင္း သိရသည္။
လွ်ပ္စစ္သုံး ခရီးသည္တင္ ေမာ္ေတာ္ယာဥ္ (EV Bus)မ်ားေျပးဆြဲျခင္းလုပ္ငန္းေဆာင္႐ြက္မည့္ ျပည္တြင္းကုမၸဏီမ်ားမွာ Mandalar Min Express Trading and Transportation Co.,Ltd ႏွင့္ Yar Zar Min Industry Co.,Ltd တို႔ျဖစ္ၿပီး EV Charging station တည္ေဆာက္ေရးအတြက္ Yangon Aerodrome Co., Ltd ႏွင့္ Pioneer Aerodrome Co.,Ltd မ်ားက တာဝန္ယူေဆာင္႐ြက္လ်က္ရွိေနသည္။
“လက္ရွိ ေနျပည္ေတာ္-ရန္ကုန္ ခရီးစဥ္ ေျပးဆြဲေနၿပီးေတာ့ လူတစ္ဦးကိုႏွစ္ေသာင္းခြဲနဲ႔ ေျပး ဆြဲေနတာပါ။ ေနာက္ပိုင္းအားသြင္း႐ုံေတြ တည္ေဆာက္ၿပီးရင္ ရန္ကုန္-မႏၲေလး ခရီးစဥ္ေတြပါေျပး ဆြဲဖို႔ရည္႐ြယ္ထားပါတယ္”ဟု မႏၲလာမင္းယာဥ္လိုင္းမွ တာဝန္ခံတစ္ဦးကေျပာသည္။
EV Express ကားမ်ားသည္ အပူခ်ိန္ျမင့္တက္မႈ၊ ေလထုညစ္ညမ္းမႈႏွင့္ ေလာင္စာဆီသုံးစြဲမႈမ်ားကို ေလွ်ာ့ခ်ေပးၿပီး သဘာဝပတ္ဝန္းက်င္ကို ထိန္းသိမ္းႏိုင္သည့္အတြက္ ဆူညံသံကင္းၿပီး ခရီးသည္မ်ား ဇိမ္က်က် ခရီးသြားႏိုင္ ေစရန္ ေျပးဆြဲႏိုင္ေအာင္စီစဥ္ထားေၾကာင္းသိရသည္။
“လွ်ပ္စစ္ ဘတ္စကားေတြကို တင္သြင္းခြင့္ျပဳထားတယ္။ ခြင့္ျပဳထားတဲ့ကုမၸဏီေတြက အခု တင္သြင္းေနၾက တယ္။ မႏၲလာမင္းဆိုစၿပီး ေျပးဆြဲေနၿပီ။ တင္သြင္းခြင့္အတြက္လည္း အခြန္ကင္းလြတ္ ခြင့္ေပးထားသလို ေဆာက္လုပ္ ေရးဝန္ႀကီး ဌာနက တာဝန္ယူေဆာက္လုပ္ထားတဲ့ လမ္းတံတားျဖတ္သန္း ခြင့္ကိုလည္း ကင္းလြတ္ခြင့္ေပးထားတယ္’’ဟု စက္မႈဝန္ႀကီးဌာနမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
ကနဦးစီမံကိန္းကာလအတြင္း Charging Station မ်ားကို ေနျပည္ေတာ္တြင္ ေလးေနရာ၊ ရန္ကုန္ၿမိဳ႕တြင္ ငါးေနရာ၊ မႏၲေလးၿမိဳ႕တြင္ ငါးေနရာႏွင့္ ရန္ကုန္-မႏၲေလး အျမန္လမ္းမႀကီးေပၚတြင္ ငါးေနရာ၊ စုစု ေပါင္း ၁၉ ေနရာကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္ခဲ့ၿပီးျဖစ္သည္။ လက္ရွိတြင္ လွ်ပ္စစ္သုံး ယာဥ္ မ်ားကို ၂၀၂၃ ခုႏွစ္၊ ဧၿပီလ ၁ ရက္မွစ၍ လမ္းအသုံးျပဳခ ကင္းလြတ္ခြင့္ျပဳေပးထားၿပီး အဓိကလမ္း ကြန္ရက္မ်ားျဖစ္သည့္ ရန္ကုန္-မႏၲေလးအျမန္လမ္း မႀကီး၊ ရန္ကုန္-ေတာင္ငူ-မိတၳီလာ-မႏၲေလး ျပည္ ေထာင္စုလမ္းမႀကီး၊ ရန္ကုန္-ျပည္လမ္း၊ ရန္ကုန္-ပုသိမ္လမ္းတို႔တြင္ ေျပးဆြဲႏိုင္ေရး ေဆာင္႐ြက္ေနေၾကာင္းလည္း သိရသည္။