မြောက်ကိုရီးယားနဲ့ အလုပ်အဆင့်ဆွေးနွေးပွဲတွေလုပ်ဆောင်ဖို့ တောင်ကိုရီးယားသမ္မတကမ်းလှမ်း
744
Pika (NP News) - သြဂုတ် ၁၅
တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားနိုင်ငံကြား တင်းမာမှုတွေ လျှော့ချဖို့နဲ့ စီးပွာရေးပူးပေါင်းဆောင်ရွက်မှုတွေ ပြန်လည်စတင်ဖို့ နည်းလမ်းတွေကို ဆွေးနွေးဖို့အတွက် မြောက်ကိုရီးယားနဲ့အတူ အလုပ်အဆင့်အတိုင်ပင်ခံအဖွဲ့ကိုထူထောင်ဖို့ တောင်ကိုရီးယားသမ္မတယွန်ဆက်ယိုလ်က ဩဂုတ်လ(၁၄)ရက်မှာ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။
ဒုတိယကမ္ဘာစစ်အပြီး ဂျပန်ကိုလိုနီအုပ်ချုပ်မှုလက်အောက်ကနေ လွတ်လပ်ရေးရခဲ့တဲ့ (၇၉)နှစ်မြောက် အခမ်းအနားမှာ ယွန်ဆက်ယိုလ်က ယခုလိုပြောကြားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် မြောက်ကိုရီးယားကသာ နျူကလီးယားကင်းစင်ရေး ခြေလှမ်းတစ်လှမ်းလောက်ပဲ လှမ်းခဲ့မယ်ဆိုရင် နိုင်ငံရေးနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေ စတင်ဖို့ တောင်ကိုရီးယားဖက်က အဆင်သင့်ရှိနေတယ်လို့ ယွန်ဆက်ယိုလ် က ပြောကြားခဲ့ပါတယ်။
ကိုရီးယားအချင်းချင်းအလုပ်အဖွဲ့ကို ထူထောင်ခြင်းဟာ တင်းမာမှုတွေကို လျော့ကျစေပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေကနေ လူအချင်းချင်းဖလှယ်မှုတွေအပြင် ၁၉၅၀-၁၉၅၃ ခုနှစ် ကိုရီးယားစစ်ပွဲအတွင်း ကွဲကွာခဲ့တဲ့ မိသားစုတွေ ပြန်လည်ပေါင်းစည်းခြင်းအထိ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မယ်လို့ ယွန်ဆက်ယိုလ်က ပြောကြားခဲ့ပါတယ်။
ယွန်ဆက်ယိုလ် က “မြောက်ကိုရီးယားက နျူကလီးယားကင်းစင်ရေး ခြေလှမ်းတစ်လှမ်းလောက်ပဲ လှမ်းလိုက်တဲ့အချိန်မှာပဲ နိုင်ငံရေးနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ကျွန်တော်တို့ စတင်သွားမှာပါ။ ဆွေးနွေးပွဲနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေဟာ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားကြားဆက်ဆံရေးမှာ သိသိသာသာတိုးတက်မှုတွေကို ဆောင်ကြဉ်းပေးနိုင်ပါတယ်” လို့ ပြောခဲ့ပါတယ်။
Zawgyi Version;
ေျမာက္ကိုရီးယားနဲ႔ အလုပ္အဆင့္ေဆြးေႏြးပြဲေတြလုပ္ေဆာင္ဖို႔ ေတာင္ကိုရီးယားသမၼတကမ္းလွမ္း
Pika (NP News) - ၾသဂုတ္ ၁၅
ေတာင္ကိုရီးယားနဲ႔ ေျမာက္ကိုရီးယားႏိုင္ငံၾကား တင္းမာမႈေတြ ေလွ်ာ့ခ်ဖို႔နဲ႔ စီးပြာေရးပူးေပါင္းေဆာင္႐ြက္မႈေတြ ျပန္လည္စတင္ဖို႔ နည္းလမ္းေတြကို ေဆြးေႏြးဖို႔အတြက္ ေျမာက္ကိုရီးယားနဲ႔အတူ အလုပ္အဆင့္အတိုင္ပင္ခံအဖြဲ႕ကိုထူေထာင္ဖို႔ ေတာင္ကိုရီးယားသမၼတယြန္ဆက္ယိုလ္က ဩဂုတ္လ(၁၄)ရက္မွာ ကမ္းလွမ္းခဲ့တယ္လို႔ သိရပါတယ္။
ဒုတိယကမာၻစစ္အၿပီး ဂ်ပန္ကိုလိုနီအုပ္ခ်ဳပ္မႈလက္ေအာက္ကေန လြတ္လပ္ေရးရခဲ့တဲ့ (၇၉)ႏွစ္ေျမာက္ အခမ္းအနားမွာ ယြန္ဆက္ယိုလ္က ယခုလိုေျပာၾကားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ေျမာက္ကိုရီးယားကသာ န်ဴကလီးယားကင္းစင္ေရး ေျခလွမ္းတစ္လွမ္းေလာက္ပဲ လွမ္းခဲ့မယ္ဆိုရင္ ႏိုင္ငံေရးနဲ႔ စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈေတြ စတင္ဖို႔ ေတာင္ကိုရီးယားဖက္က အဆင္သင့္ရွိေနတယ္လို႔ ယြန္ဆက္ယိုလ္ က ေျပာၾကားခဲ့ပါတယ္။
ကိုရီးယားအခ်င္းခ်င္းအလုပ္အဖြဲ႕ကို ထူေထာင္ျခင္းဟာ တင္းမာမႈေတြကို ေလ်ာ့က်ေစၿပီး စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈေတြကေန လူအခ်င္းခ်င္းဖလွယ္မႈေတြအျပင္ ၁၉၅၀-၁၉၅၃ ခုႏွစ္ ကိုရီးယားစစ္ပြဲအတြင္း ကြဲကြာခဲ့တဲ့ မိသားစုေတြ ျပန္လည္ေပါင္းစည္းျခင္းအထိ ျပႆနာေတြကို ကိုင္တြယ္ေျဖရွင္းႏိုင္လိမ့္မယ္လို႔ ယြန္ဆက္ယိုလ္က ေျပာၾကားခဲ့ပါတယ္။
ယြန္ဆက္ယိုလ္ က “ေျမာက္ကိုရီးယားက န်ဴကလီးယားကင္းစင္ေရး ေျခလွမ္းတစ္လွမ္းေလာက္ပဲ လွမ္းလိုက္တဲ့အခ်ိန္မွာပဲ ႏိုင္ငံေရးနဲ႔ စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈကို ကြၽန္ေတာ္တို႔ စတင္သြားမွာပါ။ ေဆြးေႏြးပြဲနဲ႔ ပူးေပါင္းေဆာင္႐ြက္မႈေတြဟာ ေတာင္ကိုရီးယားနဲ႔ ေျမာက္ကိုရီးယားၾကားဆက္ဆံေရးမွာ သိသိသာသာတိုးတက္မႈေတြကို ေဆာင္ၾကဥ္းေပးႏိုင္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။