ပြင်သစ်တိုက်လေယာဉ်နှစ်စင်း လေ့ကျင့်ပျံသန်းမှုအတွင်း လေထဲမှာတိုက်မိကာ ပျက်ကျ

 2549

Pika (NP News) - သြဂုတ် ၁၅

ပြင်သစ်တိုက်လေယာဉ်နှစ်စင်းဟာ နိုင်ငံအရှေ့မြောက်ပိုင်းမှာ လေ့ကျင့်ပျံသန်းမှုတွေလုပ်ဆောင်နေစဉ်အချိန် အတွင်း လေထဲမှာတိုက်မိခဲ့ပြီး ပျက်ကျခဲ့တယ်လို့ သိရပါတယ်။ Meurthe-et-Moselle ဌာနရဲ့ Rafale တိုက်လေယာဉ်နှစ်စင်းဟာ ဩဂုတ်လ(၁၄)ရက် နေ့လည်လောက်မှာ လေ့ကျင့်ပျံသန်းမှုတွေလုပ်ဆောင်နေချိန် အတွင်း ယခုလိုတိုက်မိပြီး ပျက်ကျခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ အဲဒီတိုက်လေယာဉ်နှစ်စင်းစလုံးဟာ Saint-Dizier-Robinson လေတပ်အခြေစိုက်စခန်းမှာ တပ်စွဲထားတဲ့ တပ်ခွဲက ပိုင်ဆိုင်တာဖြစ်တယ်လို့ ပြင်သစ်စစ်တပ်က ပြောကြားခဲ့ပါတယ်။

ဒါ့ပြင် တိုက်လေယာဉ်နှစ်စင်းလုံးမှာပါတဲ့ အရာရှိသုံးဦးစလုံးဟာ ပြင်သစ်နိုင်ငံသားတွေဖြစ်တယ်လို့လည်း စစ်တပ် က ပြောကြားထားပါတယ်။ လေထဲမှာ တိုက်မိမှုဖြစ်ပွားပြီးနောက် တိုက်လေယာဉ်တစ်စင်းရဲ့ လေယာဉ်မှူး တစ်ဦးဟာ ထိုင်ခုံနဲ့အတူ ကန်ထွက်နိုင်ခဲ့ပြီး အသက်ရှင်လွတ်မြောက်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒါပေမယ့် အခြားတိုက်လေယာဉ်မှာ လိုက်ပါလာတဲ့လူနှစ်ဦးကတော့ ပျက်ကျမှုနဲ့အတူ သေဆုံးသွားခဲ့တယ်လို့ ပြင်သစ်သမ္မတ မက်ခရွန်က ပြောကြားခဲ့ပါတယ်။

အဲဒီဖြစ်ရပ်အတွင်း သေဆုံးသွားခဲ့သူနှစ်ဦးမှာ တစ်ဦးကနည်းပြဆရာဖြစ်ပြီး တစ်ဦးက သင်တန်းသားဖြစ်တယ်လို့လည်း သိရပါတယ်။ မက်ခရွန်က “Rafale လေ့ကျင့်ရေးမစ်ရှင်အတွင်း နည်းပြဆရာတစ်ဦးနဲ့ သင်တန်းသားတစ်ဦးတို့ သေဆုံးခဲ့တဲ့အတွက် ကျွန်တော်တို့ တကယ်ကို စိတ်မကောင်းဖြစ်မိပါတယ်” လို့ ပြောခဲ့ပါတယ်။

ဒါပေမယ့်လည်း တိုက်လေယာဉ်နှစ်စင်း ဘာကြောင့်တိုက်မိခဲ့လဲဆိုတဲ့အချက်ကိုတော့ ယခုအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရှိရသေးဘူးလို့ ပြင်သစ်အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ပြင်သစ်စစ်တပ်က စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

Zawgyi Version;
ျပင္သစ္တိုက္ေလယာဥ္ႏွစ္စင္း ေလ့က်င့္ပ်ံသန္းမႈအတြင္း ေလထဲမွာတိုက္မိကာ ပ်က္က်
Pika (NP News) - ၾသဂုတ္ ၁၅

ျပင္သစ္တိုက္ေလယာဥ္ႏွစ္စင္းဟာ ႏိုင္ငံအေရွ႕ေျမာက္ပိုင္းမွာ ေလ့က်င့္ပ်ံသန္းမႈေတြလုပ္ေဆာင္ေနစဥ္အခ်ိန္ အတြင္း ေလထဲမွာတိုက္မိခဲ့ၿပီး ပ်က္က်ခဲ့တယ္လို႔ သိရပါတယ္။ Meurthe-et-Moselle ဌာနရဲ႕ Rafale တိုက္ေလယာဥ္ႏွစ္စင္းဟာ ဩဂုတ္လ(၁၄)ရက္ ေန႔လည္ေလာက္မွာ ေလ့က်င့္ပ်ံသန္းမႈေတြလုပ္ေဆာင္ေနခ်ိန္ အတြင္း ယခုလိုတိုက္မိၿပီး ပ်က္က်ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ အဲဒီတိုက္ေလယာဥ္ႏွစ္စင္းစလုံးဟာ Saint-Dizier-Robinson ေလတပ္အေျခစိုက္စခန္းမွာ တပ္စြဲထားတဲ့ တပ္ခြဲက ပိုင္ဆိုင္တာျဖစ္တယ္လို႔ ျပင္သစ္စစ္တပ္က ေျပာၾကားခဲ့ပါတယ္။

ဒါ့ျပင္ တိုက္ေလယာဥ္ႏွစ္စင္းလုံးမွာပါတဲ့ အရာရွိသုံးဦးစလုံးဟာ ျပင္သစ္ႏိုင္ငံသားေတြျဖစ္တယ္လို႔လည္း စစ္တပ္ က ေျပာၾကားထားပါတယ္။ ေလထဲမွာ တိုက္မိမႈျဖစ္ပြားၿပီးေနာက္ တိုက္ေလယာဥ္တစ္စင္းရဲ႕ ေလယာဥ္မႉး တစ္ဦးဟာ ထိုင္ခုံနဲ႔အတူ ကန္ထြက္ႏိုင္ခဲ့ၿပီး အသက္ရွင္လြတ္ေျမာက္ခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါေပမယ့္ အျခားတိုက္ေလယာဥ္မွာ လိုက္ပါလာတဲ့လူႏွစ္ဦးကေတာ့ ပ်က္က်မႈနဲ႔အတူ ေသဆုံးသြားခဲ့တယ္လို႔ ျပင္သစ္သမၼတ မက္ခ႐ြန္က ေျပာၾကားခဲ့ပါတယ္။

အဲဒီျဖစ္ရပ္အတြင္း ေသဆုံးသြားခဲ့သူႏွစ္ဦးမွာ တစ္ဦးကနည္းျပဆရာျဖစ္ၿပီး တစ္ဦးက သင္တန္းသားျဖစ္တယ္လို႔လည္း သိရပါတယ္။ မက္ခ႐ြန္က “Rafale ေလ့က်င့္ေရးမစ္ရွင္အတြင္း နည္းျပဆရာတစ္ဦးနဲ႔ သင္တန္းသားတစ္ဦးတို႔ ေသဆုံးခဲ့တဲ့အတြက္ ကြၽန္ေတာ္တို႔ တကယ္ကို စိတ္မေကာင္းျဖစ္မိပါတယ္” လို႔ ေျပာခဲ့ပါတယ္။

ဒါေပမယ့္လည္း တိုက္ေလယာဥ္ႏွစ္စင္း ဘာေၾကာင့္တိုက္မိခဲ့လဲဆိုတဲ့အခ်က္ကိုေတာ့ ယခုအခ်ိန္အထိ ရွင္းရွင္းလင္းလင္း မသိရွိရေသးဘူးလို႔ ျပင္သစ္အာဏာပိုင္ေတြက ေျပာၾကားခဲ့ပါတယ္။ အဲဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး ျပင္သစ္စစ္တပ္က စုံစမ္းစစ္ေဆးမႈေတြကို ဆက္လက္လုပ္ေဆာင္ေနတယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.