ရန်ကုန်လိုင်းကားအချို့ သက်တမ်းနှစ်(၂၀)နီးပါးရှိလာပြီး အသစ်လဲရန် အစိုးရပံ့ပိုးမှု လိုအပ်

 499

ပုံစာ - ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ကားများကို တွေ့ရစဥ်

စော (NP News) - ဩဂုတ် ၁၅

ရန်ကုန်မြို့တွင်းပြေးဆွဲနေသော လိုင်းကားအချို့၏သက်တမ်းမှာ အနှစ်(၂၀) နီးပါးကြာမြင့်လာပြီဖြစ်၍ အသစ်လဲရန် အစိုးရ၏ပံ့ပိုးမှုလိုအပ်ကြောင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင်တစ်ဦးက NP News မှတစ်ဆင့် ပြောကြား သည်။

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော လိုင်းကားအစီး ရေ (၃၀ဝဝ)ဝန်းကျင်သည် Used (အသုံးပြု)ကား များဖြစ် သောကြောင့် ထုတ်လုပ်ထားသည့်ခုနှစ်နှင့် တွက်ဆပါက အနှစ်နှစ်ဆယ်နီးပါးကြာမြင့်လာပြီဖြစ်၍ ဟောင်းနွမ်းလာကာ ကားများကိုလဲလှယ်ရန် အချိန်ကျနေပြီဖြစ်ကြောင်း ၎င်းကဆိုသည်။

‘‘လက်ရှိ policy က EV ကိုပဲ အားပေးနေတဲ့ အခါကျတော့ EV Bus ကိုပဲ သွင်းလို့ရမှာပေါ့။ ငွေကြေးရင်း နှီးမြှုပ်နှံမှုကိစ္စပါလာမယ်။ လက်ရှိသည် EV Bus တစ်ခုတစ်စီးကို ဒေါ်လာတစ်သိန်းနဲ့အထက်ရှိတယ်။ အဲဒီတော့ ကျပ် ငွေနဲ့တွက်ရင် ဘတ်စ ကားတစ်စီးရဲ့တန်ဖိုးက သိန်း (၄၀ဝဝ)၊ (၅၀ဝဝ) လောက်ဖြစ်သွားမယ်။ အဲဒါဆို တန်ဖိုးတအားကြီး သွားတယ်ဆိုရင် သူရဲ့အရင်းကျေကာလက တအားကြာမယ်။ (၁၀)နှစ်နဲ့တောင် သူက အရင်းမကျေနိုင် ဘူး။ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးကြီးတဲ့အခါကျတော့ ဒါတွေ တင်သွင်းဖို့ နည်းနည်းခက်မယ်။ သို့သော် တခြားတိုင်း ပြည်တွေလို အစိုးရက ပံ့ပိုးပေးမယ်။ ဥပမာ အတိုးမဲ့ ချေးငွေတွေ ထုတ်ပေးမယ်။ အဲဒါမျိုး မူဝါဒပိုင်းကနေ၊ ငွေရေးကြေးရေးပိုင်းကနေ အစိုးရကူညီမယ်ဆိုရင်တော့ ဖြစ်နိုင်မယ်’’ဟု ၎င်းကပြောသည်။

ယာဉ်လိုင်းကုမ္ပဏီအများစုသည် ကားဟောင်းများကိုလဲလှယ်ရန်အစီအစဉ်ရှိသော်လည်း အစိုးရ၏ ငွေကြေး ထောက်ပံ့မှုလိုအပ်နေ၍ အဆိုပါထောက်ပံ့ မှုရရှိပါက ကားအသစ်များကို မြန်မြန်လဲလှယ်နိုင် မည်ဖြစ်ကြောင်း သိရ သည်။

‘အစိုးရအကူအညီမပါဘဲနဲ့ ပုဂ္ဂလိကအနေနဲ့ပဲ ရင်းနှီးမြှုပ်နှံရမယ်ဆိုရင် သူက (၁၀)နှစ်လောက်မှ အရင်းကျေမယ့်လုပ်ငန်းတစ်ခုဆိုတော့ ပုဂ္ဂလိက အနေနဲ့ ရင်းနှီးမြှုပ်နှံမှုခက်တယ်။ ပုဂ္ဂလိကဘဏ် တွေကလည်း အဲဒီပုံစံမျိုးဆို ချေးမှာမဟုတ်ဘူး။ အဲဒီအတွက်ကြောင့်မို့လို့ အစိုးရဘဏ်သို့မဟုတ် အစိုးရဘက်ကနေ အတိုးမဲ့ချေးငွေ တွေ ပေးမယ်ဆိုရင်တော့ ကားတွေလဲလို့ရနိုင်တယ်။ နောက်ပြီး ပြေးဆွဲခွင့်လိုင်စင်ပေါ့။ ရန်ကုန်ကို ကားတွေကသွင်းလို့ ရတယ်။ ငွေကြေးရင်းနှီးမြှုပ်နှံမှုတတ်နိုင်ရင် သွင်းလို့ရတယ်။ စောစောပြေးဆွဲခွင့်လိုင်စင်ကျတော့ ပို့ဆောင်ဆက်သွယ် ရေးဝန် ကြီးဌာနက ချပေးတာပေါ့။ အဲဒါ တွေလည်းခွင့်ပြုပေးရမယ်။ အဲဒီအကြောင်း တရား (၃)ခုညီညွတ်ရင်တော့ ကားဟောင်း တွေကို အသစ်နဲ့ လဲလို့ရတယ်’ဟု ၎င်းက ဆက်လက်ပြောသည်။

လက်ရှိတွင် ဈေးကွက်၌ ယာဉ်ပိုင်းဆိုင်ရာ အပိုပစ္စည်းများပြတ်လပ်နေကာ ဝယ်ယူရန် အခက်အခဲ များရှိနေပြီး အပိုပစ္စည်းများဝယ်ယူရာတွင် မရသောကြောင့် ရပ်ထားရသည့်ကားများလည်းရှိကြောင်း သိရသည်။

zawgyi version
ရန္ကုန္လိုင္းကားအခ်ိဳ႕ သက္တမ္းႏွစ္(၂၀)နီးပါးရွိလာၿပီး အသစ္လဲရန္ အစိုးရပံ့ပိုးမႈ လိုအပ္
ေစာ (NP News) - ဩဂုတ္ ၁၅

ရန္ကုန္ၿမိဳ႕တြင္းေျပးဆြဲေနေသာ လိုင္းကားအခ်ိဳ႕၏သက္တမ္းမွာ အႏွစ္(၂၀) နီးပါးၾကာျမင့္လာၿပီျဖစ္၍ အသစ္လဲရန္ အစိုးရ၏ပံ့ပိုးမႈလိုအပ္ေၾကာင္း သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းရွင္တစ္ဦးက NP News မွတစ္ဆင့္ ေျပာၾကား သည္။

ရန္ကုန္ၿမိဳ႕တြင္း ေျပးဆြဲေနေသာ လိုင္းကားအစီး ေရ (၃၀ဝဝ)ဝန္းက်င္သည္ Used (အသုံးျပဳ)ကား မ်ားျဖစ္ ေသာေၾကာင့္ ထုတ္လုပ္ထားသည့္ခုႏွစ္ႏွင့္ တြက္ဆပါက အႏွစ္ႏွစ္ဆယ္နီးပါးၾကာျမင့္လာၿပီျဖစ္၍ ေဟာင္းႏြမ္းလာကာ ကားမ်ားကိုလဲလွယ္ရန္ အခ်ိန္က်ေနၿပီျဖစ္ေၾကာင္း ၎ကဆိုသည္။

‘‘လက္ရွိ policy က EV ကိုပဲ အားေပးေနတဲ့ အခါက်ေတာ့ EV Bus ကိုပဲ သြင္းလို႔ရမွာေပါ့။ ေငြေၾကးရင္း ႏွီးျမႇဳပ္ႏွံမႈကိစၥပါလာမယ္။ လက္ရွိသည္ EV Bus တစ္ခုတစ္စီးကို ေဒၚလာတစ္သိန္းနဲ႔အထက္ရွိတယ္။ အဲဒီေတာ့ က်ပ္ ေငြနဲ႔တြက္ရင္ ဘတ္စ ကားတစ္စီးရဲ႕တန္ဖိုးက သိန္း (၄၀ဝဝ)၊ (၅၀ဝဝ) ေလာက္ျဖစ္သြားမယ္။ အဲဒါဆို တန္ဖိုးတအားႀကီး သြားတယ္ဆိုရင္ သူရဲ႕အရင္းေက်ကာလက တအားၾကာမယ္။ (၁၀)ႏွစ္နဲ႔ေတာင္ သူက အရင္းမေက်ႏိုင္ ဘူး။ ရင္းႏွီးျမႇဳပ္ႏွံမႈတန္ဖိုးႀကီးတဲ့အခါက်ေတာ့ ဒါေတြ တင္သြင္းဖို႔ နည္းနည္းခက္မယ္။ သို႔ေသာ္ တျခားတိုင္း ျပည္ေတြလို အစိုးရက ပံ့ပိုးေပးမယ္။ ဥပမာ အတိုးမဲ့ ေခ်းေငြေတြ ထုတ္ေပးမယ္။ အဲဒါမ်ိဳး မူဝါဒပိုင္းကေန၊ ေငြေရးေၾကးေရးပိုင္းကေန အစိုးရကူညီမယ္ဆိုရင္ေတာ့ ျဖစ္ႏိုင္မယ္’’ဟု ၎ကေျပာသည္။

ယာဥ္လိုင္းကုမၸဏီအမ်ားစုသည္ ကားေဟာင္းမ်ားကိုလဲလွယ္ရန္အစီအစဥ္ရွိေသာ္လည္း အစိုးရ၏ ေငြေၾကး ေထာက္ပံ့မႈလိုအပ္ေန၍ အဆိုပါေထာက္ပံ့ မႈရရွိပါက ကားအသစ္မ်ားကို ျမန္ျမန္လဲလွယ္ႏိုင္ မည္ျဖစ္ေၾကာင္း သိရ သည္။

‘အစိုးရအကူအညီမပါဘဲနဲ႔ ပုဂၢလိကအေနနဲ႔ပဲ ရင္းႏွီးျမႇဳပ္ႏွံရမယ္ဆိုရင္ သူက (၁၀)ႏွစ္ေလာက္မွ အရင္းေက်မယ့္လုပ္ငန္းတစ္ခုဆိုေတာ့ ပုဂၢလိက အေနနဲ႔ ရင္းႏွီးျမႇဳပ္ႏွံမႈခက္တယ္။ ပုဂၢလိကဘဏ္ ေတြကလည္း အဲဒီပုံစံမ်ိဳးဆို ေခ်းမွာမဟုတ္ဘူး။ အဲဒီအတြက္ေၾကာင့္မို႔လို႔ အစိုးရဘဏ္သို႔မဟုတ္ အစိုးရဘက္ကေန အတိုးမဲ့ေခ်းေငြ ေတြ ေပးမယ္ဆိုရင္ေတာ့ ကားေတြလဲလို႔ရႏိုင္တယ္။ ေနာက္ၿပီး ေျပးဆြဲခြင့္လိုင္စင္ေပါ့။ ရန္ကုန္ကို ကားေတြကသြင္းလို႔ ရတယ္။ ေငြေၾကးရင္းႏွီးျမႇဳပ္ႏွံမႈတတ္ႏိုင္ရင္ သြင္းလို႔ရတယ္။ ေစာေစာေျပးဆြဲခြင့္လိုင္စင္က်ေတာ့ ပို႔ေဆာင္ဆက္သြယ္ ေရးဝန္ ႀကီးဌာနက ခ်ေပးတာေပါ့။ အဲဒါ ေတြလည္းခြင့္ျပဳေပးရမယ္။ အဲဒီအေၾကာင္း တရား (၃)ခုညီၫြတ္ရင္ေတာ့ ကားေဟာင္း ေတြကို အသစ္နဲ႔ လဲလို႔ရတယ္’ဟု ၎က ဆက္လက္ေျပာသည္။

လက္ရွိတြင္ ေဈးကြက္၌ ယာဥ္ပိုင္းဆိုင္ရာ အပိုပစၥည္းမ်ားျပတ္လပ္ေနကာ ဝယ္ယူရန္ အခက္အခဲ မ်ားရွိေနၿပီး အပိုပစၥည္းမ်ားဝယ္ယူရာတြင္ မရေသာေၾကာင့္ ရပ္ထားရသည့္ကားမ်ားလည္းရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.