သောကြာနေ့တွင် ကျင်းပမည့် ဝန်ကြီးချုပ်သစ် ရွေးကောက်ခံခြင်းအတွက် ဖြူထိုင်းပါတီ ကိုယ်စားလှယ်လောင်းတစ်ဦးကို ရွေးချယ်သွားမည်
648
ALynn (NP News) - သြဂုတ် ၁၅
ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်ဆာရတ်သာတာဗီဆင် ရာထူးမှ ထုတ်ပယ်ခံရခြင်းနှင့်အတူ ၎င်းနေရာကို ဆက်ခံဖို့အတွက် ကိုယ်စားလှယ်လောင်း ရွေးချယ်ရန်အတွက် ကြာသပတေးနေ့ (သြဂုတ်လ ၁၅ ရက်)တွင် ဖွေထိုင်းပါတီဝင်များ တွေ့ဆုံကြမည်ဖြစ်သည်။
ပြီးခဲ့သည့်နှစ်က ဝန်ကြီးချုပ်ဆာရတ်သာတာဗီဆင် အာဏာရလာပြီးနောက် ၎င်း၏ ဖြူထိုင်းပါတီသည် စီးပွားရေးတိုးတက်မှုများ နှောင့်နှေးနေသည့်ကြားက ရပ်တန့်ထားရသော လူကြိုက်များသည့်အစီအစဉ်များကို အကောင်အထည်ဖော်ဖို့ ကြိုးပမ်းခဲ့ကြသည်။ ဆရတ်သာကို ဗုဒ္ဓဟူးနေ့ (ဩဂုတ်လ ၁၄ ရက်) တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးက ထုတ်ပယ်လိုက်ခြင်းသည် ဖြူထိုင်းပါတီအတွက် နောက်ဆုံးနိုင်ငံရေးထိုးနှက်ချက်ဖြစ်လာသည်။
ဖြူထိုင်းပါတီသည် ၎င်းတို့လျာထားသည့် အရည်အချင်းပြည့်မီသော ကိုယ်စားလှယ်လောင်းနှစ်ဦးဖြစ်သည့် ရှေ့နေချုပ် နှင့် တရားရေးဝန်ကြီးဟောင်းဖြစ်သော Chaikasem Nitisiri နှင့် ၎င်း၏ နိုင်ငံရေးအတွေ့အကြုံနည်းပါးသေးသော ခေါင်းဆောင် Paetongtarn Shinawatra တို့ထဲမှ တစ်ဦးကို ရွေးချယ်ရမည်ဖြစ်သည်။
ဆရတ်သာသည် တရားရုံးစီရင်ချက်ဖြင့် ဖယ်ရှားခံရသော စတုတ္ထမြောက် ၀န်ကြီးချုပ်ဖြစ်ပြီး ၎င်း၏ ကျဆုံးမှုသည် သက်ဆင်နှင့် ၎င်း၏ ရန်သူများဖြစ်သည့် ကွန်ဆာဗေးတစ်အထက်တန်းစားနှင့် စစ်တပ်တို့အကြား မကျေနပ်ချက် များက ကျေလည်ဖို့ခဲယဉ်းဆဲဖြစ်ကြောင်း ညွှန်ပြ နေသည်။ ယခုအဖြစ်အပျက်များကြောင့် ဖြူထိုင်းသည် ၎င်း၏ အာဏာအသာစီးရရှိနေမှုကို ဆက်လက်ထိန်းသိမ်းနိုင်ရန် ဗုဒ္ဓဟူးနေ့နှောင်းပိုင်းတွင် ၎င်း၏ ညွန့်ပေါင်း လုပ်ဖော်ကိုင်ဖက် များက ဖွေထိုင်းပါတီတည်ထောင်သူ အသက် ၇၅ နှစ်ရှိ သက်ဆင်၏ နေအိမ်သို့ အလည်အပတ် ရောက်ရှိနေသည့်ပုံများကို မီဒီယာများထံ တိုက်ရိုက်ထုတ်လွှင့်ခဲ့ခြင်းဖြင့် အခြေအနေအားလုံး တည်ငြိမ်မှုရှိကြောင်း ပြသခဲ့သည်။
၁၁ ပါတီဖြင့် မဟာမိတ်ဖွဲ့ထားသော ဖွေထိုင်းဦးဆောင်သော နိုင်ငံရေးအစုအဖွဲ့သည် အောက်လွှတ်တော်၌ ၃၁၄ နေရာ ရရှိထားပြီး သောကြာနေ့ (ဩဂုတ်လ ၁၆ ရက်) တွင် ကျင်းပမည့် ၀န်ကြီးချုပ်ရွေးချယ်ပွဲ၌ အခက်အခဲမရှိ မူလအတိုင်း အာဏာရလာမည်ဟု ယုံကြည်နေကြသည်။ ဝန်ကြီးချုပ်ဖြစ်လာရန် လက်ရှိအောက်လွှတ်တော်ကိုယ်စားလှယ် ၄၉၃ ဦး၏ ထက်ဝက်ကျော် ထောက်ခံချက် ရရှိဖို့လိုအပ်သည်။
ဖြူထိုင်းပါတီသည် ပါတီအတွက် အားကိုးအားထားပြုရသော Chaikasem ကို ရွေးချယ်မလား၊ သို့မဟုတ် နိုင်ငံရေး မျိုးဆက်ကြီးမားသော သက်ဆင်၏ သမီးဖြစ်သူ Paetongtarn ကို ရွေးချယ် မလားဆိုတာကို အသေအချာဆုံးဖြတ်ရမည်ဖြစ်သည်။
Zawgyi Version;
ေသာၾကာေန႔တြင္ က်င္းပမည့္ ဝန္ႀကီးခ်ဳပ္သစ္ ေ႐ြးေကာက္ခံျခင္းအတြက္ ျဖဴထိုင္းပါတီ ကိုယ္စားလွယ္ေလာင္းတစ္ဦးကို ေ႐ြးခ်ယ္သြားမည္
ALynn (NP News) - ၾသဂုတ္ ၁၅
ထိုင္းႏိုင္ငံ၏ ဝန္ႀကီးခ်ဳပ္ဆာရတ္သာတာဗီဆင္ ရာထူးမွ ထုတ္ပယ္ခံရျခင္းႏွင့္အတူ ၎ေနရာကို ဆက္ခံဖို႔အတြက္ ကိုယ္စားလွယ္ေလာင္း ေ႐ြးခ်ယ္ရန္အတြက္ ၾကာသပေတးေန႔ (ၾသဂုတ္လ ၁၅ ရက္)တြင္ ေဖြထိုင္းပါတီဝင္မ်ား ေတြ႕ဆုံၾကမည္ျဖစ္သည္။
ၿပီးခဲ့သည့္ႏွစ္က ဝန္ႀကီးခ်ဳပ္ဆာရတ္သာတာဗီဆင္ အာဏာရလာၿပီးေနာက္ ၎၏ ျဖဴထိုင္းပါတီသည္ စီးပြားေရးတိုးတက္မႈမ်ား ေႏွာင့္ေႏွးေနသည့္ၾကားက ရပ္တန႔္ထားရေသာ လူႀကိဳက္မ်ားသည့္အစီအစဥ္မ်ားကို အေကာင္အထည္ေဖာ္ဖို႔ ႀကိဳးပမ္းခဲ့ၾကသည္။ ဆရတ္သာကို ဗုဒၶဟူးေန႔ (ဩဂုတ္လ ၁၄ ရက္) တြင္ ဖြဲ႕စည္းပုံအေျခခံဥပေဒ ခုံ႐ုံးက ထုတ္ပယ္လိုက္ျခင္းသည္ ျဖဴထိုင္းပါတီအတြက္ ေနာက္ဆုံးႏိုင္ငံေရးထိုးႏွက္ခ်က္ျဖစ္လာသည္။
ျဖဴထိုင္းပါတီသည္ ၎တို႔လ်ာထားသည့္ အရည္အခ်င္းျပည့္မီေသာ ကိုယ္စားလွယ္ေလာင္းႏွစ္ဦးျဖစ္သည့္ ေရွ႕ေနခ်ဳပ္ ႏွင့္ တရားေရးဝန္ႀကီးေဟာင္းျဖစ္ေသာ Chaikasem Nitisiri ႏွင့္ ၎၏ ႏိုင္ငံေရးအေတြ႕အႀကဳံနည္းပါးေသးေသာ ေခါင္းေဆာင္ Paetongtarn Shinawatra တို႔ထဲမွ တစ္ဦးကို ေ႐ြးခ်ယ္ရမည္ျဖစ္သည္။
ဆရတ္သာသည္ တရား႐ုံးစီရင္ခ်က္ျဖင့္ ဖယ္ရွားခံရေသာ စတုတၳေျမာက္ ၀န္ႀကီးခ်ဳပ္ျဖစ္ၿပီး ၎၏ က်ဆုံးမႈသည္ သက္ဆင္ႏွင့္ ၎၏ ရန္သူမ်ားျဖစ္သည့္ ကြန္ဆာေဗးတစ္အထက္တန္းစားႏွင့္ စစ္တပ္တို႔အၾကား မေက်နပ္ခ်က္ မ်ားက ေက်လည္ဖို႔ခဲယဥ္းဆဲျဖစ္ေၾကာင္း ၫႊန္ျပ ေနသည္။ ယခုအျဖစ္အပ်က္မ်ားေၾကာင့္ ျဖဴထိုင္းသည္ ၎၏ အာဏာအသာစီးရရွိေနမႈကို ဆက္လက္ထိန္းသိမ္းႏိုင္ရန္ ဗုဒၶဟူးေန႔ေႏွာင္းပိုင္းတြင္ ၎၏ ၫြန႔္ေပါင္း လုပ္ေဖာ္ကိုင္ဖက္ မ်ားက ေဖြထိုင္းပါတီတည္ေထာင္သူ အသက္ ၇၅ ႏွစ္ရွိ သက္ဆင္၏ ေနအိမ္သို႔ အလည္အပတ္ ေရာက္ရွိေနသည့္ပုံမ်ားကို မီဒီယာမ်ားထံ တိုက္႐ိုက္ထုတ္လႊင့္ခဲ့ျခင္းျဖင့္ အေျခအေနအားလုံး တည္ၿငိမ္မႈရွိေၾကာင္း ျပသခဲ့သည္။
၁၁ ပါတီျဖင့္ မဟာမိတ္ဖြဲ႕ထားေသာ ေဖြထိုင္းဦးေဆာင္ေသာ ႏိုင္ငံေရးအစုအဖြဲ႕သည္ ေအာက္လႊတ္ေတာ္၌ ၃၁၄ ေနရာ ရရွိထားၿပီး ေသာၾကာေန႔ (ဩဂုတ္လ ၁၆ ရက္) တြင္ က်င္းပမည့္ ၀န္ႀကီးခ်ဳပ္ေ႐ြးခ်ယ္ပြဲ၌ အခက္အခဲမရွိ မူလအတိုင္း အာဏာရလာမည္ဟု ယုံၾကည္ေနၾကသည္။ ဝန္ႀကီးခ်ဳပ္ျဖစ္လာရန္ လက္ရွိေအာက္လႊတ္ေတာ္ကိုယ္စားလွယ္ ၄၉၃ ဦး၏ ထက္ဝက္ေက်ာ္ ေထာက္ခံခ်က္ ရရွိဖို႔လိုအပ္သည္။
ျဖဴထိုင္းပါတီသည္ ပါတီအတြက္ အားကိုးအားထားျပဳရေသာ Chaikasem ကို ေ႐ြးခ်ယ္မလား၊ သို႔မဟုတ္ ႏိုင္ငံေရး မ်ိဳးဆက္ႀကီးမားေသာ သက္ဆင္၏ သမီးျဖစ္သူ Paetongtarn ကို ေ႐ြးခ်ယ္ မလားဆိုတာကို အေသအခ်ာဆုံးျဖတ္ရမည္ျဖစ္သည္။