ဒေါ်နယ်ထရမ့်နဲ့ ကာမာလာဟားရစ်တို့ရဲ့ကမ်းပိန်းတွေကို အီရန်ဟက်ကာတွေက ပစ်မှတ်ထားနေတယ်လို့ Google ဖော်ပြ
454
Pika (NP News) - သြဂုတ် ၁၅
အီရန်ကျောထောက်နောက်ခံပြုဟက်ကာတွေဟာ ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်နဲ့ ရီပတ်ဘလစ်ကန်သမ္မတလောင်းဒေါ်နယ်ထရမ့်တို့ရဲ့ကမ်းပိန်းတွေကို ပစ်မှတ်ထားနေတယ်လို့ Google က ဩဂုတ်လ (၁၃)ရက်မှာ အတည်ပြုခဲ့ပါတယ်။
အီရန်နဲ့ဆက်နွယ်မှုရှိတဲ့ "APT42" လို့ လူသိများတဲ့ဟက်ကာအဖွဲ့ဟာ အစ္စရေးနဲ့ အမေရိကန်မှာရှိတဲ့ အစိုးရအရာရှိတွေနဲ့နိုင်ငံရေးကမ်းပိန်းတွေ အပါအဝင် ထိပ်တန်းပုဂ္ဂိုလ်တွေနဲ့အဖွဲ့အစည်းတွေကို ပစ်မှတ်ထားနေတာဖြစ်တယ်လို့ Google က ထုတ်ပြန်တဲ့ခြိမ်းခြောက်မှုအစီရင်ခံစာအရ သိရပါတယ်။ ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်ရဲ့ကမ်ပိန်းက ၎င်းတို့ဟာ နိုင်ငံခြားဟက်ကာတွေရဲ့ပစ်မှတ်ထားတာကိုခံခဲ့ရတယ်လို့ ဩဂုတ်လ(၁၃)ရက် မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်ရဲ့ကမ်းပိန်းက ၎င်းတို့ဟာ အီရန်ဟက်ကာတွေရဲ့ပစ်မှတ်ထားတာကို ခံခဲ့ရတယ်လို့ ပြောဆိုခဲ့ပြီး နောက် ရက်ပိုင်းအကြာမှာပဲ ကာမာလာဟားရစ်ရဲ့ကမ်ပိန်းက ယခုလိုထုတ်ဖော်ပြောဆိုလာခဲ့တာဖြစ်ပါတယ်။ ကာမာလာဟားရစ်ရဲ့ကမ်ပိန်းအရာရှိတစ်ဦးက “ကျွန်တော်တို့ရဲ့ကမ်းပိန်းကို နိုင်ငံခြားဟက်ကာတွေက ပစ်မှတ်ထားခဲ့တယ်လို့ ကမ်းပိန်းဥပဒေနဲ့လုံခြုံရေးအဖွဲ့တွေကို အက်ဖ်ဘီအိုင်က ပြီးခဲ့တဲ့ဇူလိုင်လမှာ အကြောင်းကြားခဲ့ပါ တယ်။ ဒီလိုပစ်မှတ်ထားခံနေရပေမယ့်လည်း ကျွန်တော်တို့မှာ အလွန်ကောင်းမွန်တဲ့ ဆိုက်ဘာလုံခြုံရေးအစီအစဉ်တွေရှိနေတာမလို့ စနစ်တွေကို လုံခြုံရေးချိုးဖောက်ဝင်ရောက်ခံခဲ့ရတာမျိုးတော့ မရှိခဲ့ပါဘူး” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် APT42 ဟက်ကာအဖွဲ့ဟာ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်၊ ဒုသမ္မတကာမာလာဟားရစ်၊ ဒေါ်နယ်ထရမ့်တို့နဲ့ဆက်နွယ်နေတဲ့လူပုဂ္ဂိုလ်တွေရဲ့ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို အပေးအယူလုပ်ဖို့ မအောင်မြင်တဲ့ကြိုးပမ်းမှုတွေကို ဆက်လက်တွေ့မြင်နေရတယ်လို့ Google ရဲ့ ခြိမ်းခြောက်မှုခွဲခြမ်းစိတ်ဖြာရေးအဖွဲ့ရဲ့အစီရင်ခံစာအရ သိရပါတယ်။
Zawgyi Version;
ေဒၚနယ္ထရမ့္နဲ႔ ကာမာလာဟားရစ္တို႔ရဲ႕ကမ္းပိန္းေတြကို အီရန္ဟက္ကာေတြက ပစ္မွတ္ထားေနတယ္လို႔ Google ေဖာ္ျပ
Pika (NP News) - ၾသဂုတ္ ၁၅
အီရန္ေက်ာေထာက္ေနာက္ခံျပဳဟက္ကာေတြဟာ ဒီမိုကရက္တစ္သမၼတေလာင္း ကာမာလာဟားရစ္နဲ႔ ရီပတ္ဘလစ္ကန္သမၼတေလာင္းေဒၚနယ္ထရမ့္တို႔ရဲ႕ကမ္းပိန္းေတြကို ပစ္မွတ္ထားေနတယ္လို႔ Google က ဩဂုတ္လ (၁၃)ရက္မွာ အတည္ျပဳခဲ့ပါတယ္။
အီရန္နဲ႔ဆက္ႏြယ္မႈရွိတဲ့ "APT42" လို႔ လူသိမ်ားတဲ့ဟက္ကာအဖြဲ႕ဟာ အစၥေရးနဲ႔ အေမရိကန္မွာရွိတဲ့ အစိုးရအရာရွိေတြနဲ႔ႏိုင္ငံေရးကမ္းပိန္းေတြ အပါအဝင္ ထိပ္တန္းပုဂၢိဳလ္ေတြနဲ႔အဖြဲ႕အစည္းေတြကို ပစ္မွတ္ထားေနတာျဖစ္တယ္လို႔ Google က ထုတ္ျပန္တဲ့ၿခိမ္းေျခာက္မႈအစီရင္ခံစာအရ သိရပါတယ္။ ဒီမိုကရက္တစ္သမၼတေလာင္း ကာမာလာဟားရစ္ရဲ႕ကမ္ပိန္းက ၎တို႔ဟာ ႏိုင္ငံျခားဟက္ကာေတြရဲ႕ပစ္မွတ္ထားတာကိုခံခဲ့ရတယ္လို႔ ဩဂုတ္လ(၁၃)ရက္ မွာ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ေဒၚနယ္ထရမ့္ရဲ႕ကမ္းပိန္းက ၎တို႔ဟာ အီရန္ဟက္ကာေတြရဲ႕ပစ္မွတ္ထားတာကို ခံခဲ့ရတယ္လို႔ ေျပာဆိုခဲ့ၿပီး ေနာက္ ရက္ပိုင္းအၾကာမွာပဲ ကာမာလာဟားရစ္ရဲ႕ကမ္ပိန္းက ယခုလိုထုတ္ေဖာ္ေျပာဆိုလာခဲ့တာျဖစ္ပါတယ္။ ကာမာလာဟားရစ္ရဲ႕ကမ္ပိန္းအရာရွိတစ္ဦးက “ကြၽန္ေတာ္တို႔ရဲ႕ကမ္းပိန္းကို ႏိုင္ငံျခားဟက္ကာေတြက ပစ္မွတ္ထားခဲ့တယ္လို႔ ကမ္းပိန္းဥပေဒနဲ႔လုံၿခဳံေရးအဖြဲ႕ေတြကို အက္ဖ္ဘီအိုင္က ၿပီးခဲ့တဲ့ဇူလိုင္လမွာ အေၾကာင္းၾကားခဲ့ပါ တယ္။ ဒီလိုပစ္မွတ္ထားခံေနရေပမယ့္လည္း ကြၽန္ေတာ္တို႔မွာ အလြန္ေကာင္းမြန္တဲ့ ဆိုက္ဘာလုံၿခဳံေရးအစီအစဥ္ေတြရွိေနတာမလို႔ စနစ္ေတြကို လုံၿခဳံေရးခ်ိဳးေဖာက္ဝင္ေရာက္ခံခဲ့ရတာမ်ိဳးေတာ့ မရွိခဲ့ပါဘူး” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ APT42 ဟက္ကာအဖြဲ႕ဟာ အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္၊ ဒုသမၼတကာမာလာဟားရစ္၊ ေဒၚနယ္ထရမ့္တို႔နဲ႔ဆက္ႏြယ္ေနတဲ့လူပုဂၢိဳလ္ေတြရဲ႕ကိုယ္ေရးကိုယ္တာအခ်က္အလက္ေတြကို အေပးအယူလုပ္ဖို႔ မေအာင္ျမင္တဲ့ႀကိဳးပမ္းမႈေတြကို ဆက္လက္ေတြ႕ျမင္ေနရတယ္လို႔ Google ရဲ႕ ၿခိမ္းေျခာက္မႈခြဲျခမ္းစိတ္ျဖာေရးအဖြဲ႕ရဲ႕အစီရင္ခံစာအရ သိရပါတယ္။