မြန်မာနိုင်ငံတွင် တစ်လကြာဖမ်းဆီးခံရသော ဂျပန်နိုင်ငံသား မိခင်နိုင်ငံသို့ ပြန်

 2414

ဂျန်ဇက် (NP News) - သြဂုတ် ၁၅

Aeon Co ၏ တာဝန်ရှိသူတစ်ဦးဖြစ်သော ဟီယိုရှီ ကာဆာမတ်ဆုသည် မြန်မာနိုင်ငံတွင် တစ်လကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် သြဂုတ် ၁၃ ရက်တွင် မိခင်နိုင်ငံသို ပြန်သွားခဲ့ကြောင်း ဂျပန် Aeon Co ကုမ္ပဏီက သတင်းထုတ်ပြန်ထားသည် အသက် ၅၃ နှစ်အရွယ်ရှိ ကာဆာမတ်ဆုကို ပြန်လည်လွတ်မြောက်ရန် ကူညီထောက်ပံ့ပေးသော ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အခြားအဖွဲ့အစည်းများကို ကျေးဇူးတင်ကြောင်း Aeon Co ကုမ္ပဏီက ဖော်ပြထားသည်။

ကာဆာမတ်ဆုသည် မြန်မာ နှင့် ဂျပန် Aeon Co ကုမ္ပဏီတို ပူးပေါင်းဖွင့်လှစ်ထားသော Aeon Orange Co ကုမ္ပဏီထုတ်လုပ်ရေးဌာနအကြီးအကဲဖြစ်ပြီး သတ်မှတ်ထားသည့် ဆန်ဈေးနှုန်းထက် ကျော်လွန်ရောင်းချခဲ့ခြင်း ကြောင့် ပြီးခဲ့သောဇွန်လနောက်ပိုင်းတွင် ဖမ်းဆီးထိန်းသိမ်းခံရကြောင်း သိရသည်။ ၎င်းသည် သြဂုတ် ၁၂ ရက်တွင် တရားရုံးက ထောင်ဒဏ် ၁ နှစ် အမိန့်ချမှတ်ခံရပြီးနောက် ပြန်လည်လွတ်မြောက်ခဲ့ကာသြဂုတ် ၁၃ ရက်နေ့တွင် မိခင်နိုင်ငံသို့ ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာအစိုးရသည် ဇွန်လ ၂၄ ရက်တွင် ဆန်ဈေးနှုန်းသတ်မှတ်ခဲ့ပြီး Aeon Orange နှင့်အခြား ပြည်တွင်း လက်လီရောင်းချသူများသည် အဆိုပါ အစိုးရ၏ ဆန်ဈေးနှုန်းသတ်မှတ်ချက်ကို သတိမထားမိဘဲ သတ်မှတ် ဈေးထက် ကျော်လွန်ရောင်းချခဲ့ကြောင်း Aeon Co ကုမ္ပဏီက သတင်းထုတ်ပြန်ထားသည်။ Aeon Co ကုမ္ပဏီက အစိုးရသတ်မှတ်ထားသည့် ဆန်ဈေးနှုန်းအတိုင်း မရောင်းချမိသည့်အတွက် စိတ်မကောင်းဖြစ်ရကြောင်း ပြန်လည် တောင်းပန်ထားသည်။

အဆိုပါ ဂျပန်နိုင်ငံသား ဖမ်းဆီးခံရပြီးနောက် ဂျပန်အစိုးရအဖွဲ့သည် မြန်မာအစိုးရကို ပြန်လွှတ်ပေးရန် တိုက်တွန်းတောင်းဆိုခဲ့ကြောင်း သိရသည်။

Zawgyi Version;
ျမန္မာႏိုင္ငံတြင္ တစ္လၾကာဖမ္းဆီးခံရေသာ ဂ်ပန္ႏိုင္ငံသား မိခင္ႏိုင္ငံသို႔ ျပန္
ဂ်န္ဇက္ (NP News) - ၾသဂုတ္ ၁၅

Aeon Co ၏ တာဝန္ရွိသူတစ္ဦးျဖစ္ေသာ ဟီယိုရွီ ကာဆာမတ္ဆုသည္ ျမန္မာႏိုင္ငံတြင္ တစ္လေက်ာ္ၾကာ ဖမ္းဆီးထိန္းသိမ္းခံရၿပီးေနာက္ ၾသဂုတ္ ၁၃ ရက္တြင္ မိခင္ႏိုင္ငံသို ျပန္သြားခဲ့ေၾကာင္း ဂ်ပန္ Aeon Co ကုမၸဏီက သတင္းထုတ္ျပန္ထားသည္ အသက္ ၅၃ ႏွစ္အ႐ြယ္ရွိ ကာဆာမတ္ဆုကို ျပန္လည္လြတ္ေျမာက္ရန္ ကူညီေထာက္ပံ့ေပးေသာ ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနႏွင့္ အျခားအဖြဲ႕အစည္းမ်ားကို ေက်းဇူးတင္ေၾကာင္း Aeon Co ကုမၸဏီက ေဖာ္ျပထားသည္။

ကာဆာမတ္ဆုသည္ ျမန္မာ ႏွင့္ ဂ်ပန္ Aeon Co ကုမၸဏီတို ပူးေပါင္းဖြင့္လွစ္ထားေသာ Aeon Orange Co ကုမၸဏီထုတ္လုပ္ေရးဌာနအႀကီးအကဲျဖစ္ၿပီး သတ္မွတ္ထားသည့္ ဆန္ေဈးႏႈန္းထက္ ေက်ာ္လြန္ေရာင္းခ်ခဲ့ျခင္း ေၾကာင့္ ၿပီးခဲ့ေသာဇြန္လေနာက္ပိုင္းတြင္ ဖမ္းဆီးထိန္းသိမ္းခံရေၾကာင္း သိရသည္။ ၎သည္ ၾသဂုတ္ ၁၂ ရက္တြင္ တရား႐ုံးက ေထာင္ဒဏ္ ၁ ႏွစ္ အမိန႔္ခ်မွတ္ခံရၿပီးေနာက္ ျပန္လည္လြတ္ေျမာက္ခဲ့ကာၾသဂုတ္ ၁၃ ရက္ေန႔တြင္ မိခင္ႏိုင္ငံသို႔ ျပန္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ျမန္မာအစိုးရသည္ ဇြန္လ ၂၄ ရက္တြင္ ဆန္ေဈးႏႈန္းသတ္မွတ္ခဲ့ၿပီး Aeon Orange ႏွင့္အျခား ျပည္တြင္း လက္လီေရာင္းခ်သူမ်ားသည္ အဆိုပါ အစိုးရ၏ ဆန္ေဈးႏႈန္းသတ္မွတ္ခ်က္ကို သတိမထားမိဘဲ သတ္မွတ္ ေဈးထက္ ေက်ာ္လြန္ေရာင္းခ်ခဲ့ေၾကာင္း Aeon Co ကုမၸဏီက သတင္းထုတ္ျပန္ထားသည္။ Aeon Co ကုမၸဏီက အစိုးရသတ္မွတ္ထားသည့္ ဆန္ေဈးႏႈန္းအတိုင္း မေရာင္းခ်မိသည့္အတြက္ စိတ္မေကာင္းျဖစ္ရေၾကာင္း ျပန္လည္ ေတာင္းပန္ထားသည္။

အဆိုပါ ဂ်ပန္ႏိုင္ငံသား ဖမ္းဆီးခံရၿပီးေနာက္ ဂ်ပန္အစိုးရအဖြဲ႕သည္ ျမန္မာအစိုးရကို ျပန္လႊတ္ေပးရန္ တိုက္တြန္းေတာင္းဆိုခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.