အိန္ဒိယနိုင်ငံ ပိုင်းခြားခြင်းအတွက် ဝမ်းနည်းထိတ်လန့်မှုများ အောက်မေ့ဖွယ်ရာနေ့ကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးတွင် ကျင်းပခဲ့
3439
စော (NP News) - ဩဂုတ် ၁၅
အိန္ဒိယနိုင်ငံ ပိုင်းခြားခြင်းအတွက် ဝမ်းနည်းထိတ်လန့်မှုများ အောက်မေ့ဖွယ်ရာနေ့(Partition Horrors Remembrance Day)ကို ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ကုန်သည်လမ်းရှိ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးတွင် ယမန်နေ့(ဩဂုတ်လ ၁၄ ရက်)က ကျင်းပခဲ့ခြင်းဖြစ်သည်။
အဆိုပါအခမ်းအနားတွင် အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakurက ပိုင်းခြားခြင်းအတွက် ဝမ်းနည်းထိတ်လန့်မှုများ အောက်မေ့ဖွယ်ရာနေ့တွင် အိန္ဒိယနိုင်ငံ၏ ပိုင်းခြားမှုအတွင်း ကြီးမားသောအိုးမဲ့အိမ်မဲ့ဖြစ်မှုနှင့် အခက်အခဲများကို ကြုံတွေ့ခဲ့ရသော လူမှုအသိုက်အဝန်းများနှင့် လူပုဂ္ဂိုလ်များကို အမှတ်ရကြပြီး အခက်အခဲများကြားတွင် ထူးထူးခြားခြား ခံနိုင်ရည်ရှိသူများကိုလည်း ဂုဏ်ပြုကြောင်း ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင် အားလုံးပါဝင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ချဉ်းကပ်ပုံအား အိန္ဒိယဝန်ကြီးချုပ်၏ ပြောကြားချက်ဖြစ်သော “အားလုံးနှင့်အတူတူ၊ အားလုံးအတွက် ဖွံ့ဖြိုးတိုးတက်ရေး၊ အားလုံးကို ယုံကြည်မှုနှင့် အားလုံးရဲ့ ကြိုးစားအားထုတ်မှု" ဆိုသည့်စကားရပ်ဖြင့် ဖော်ပြနိုင်ကြောင်း အိန္ဒိယနိုင်ငံသံအမတ်ကြီးက ပြောဆိုခဲ့သည်။
ထို့ကြောင့် အိန္ဒိယ၏ ပိုင်းခြားမှုအတွေ့အကြုံ ကွဲပြားမှုများကို လိုက်လျော ညီထွေဖြစ်စေရန်နှင့် အဆိုပါအထိမ်းအမှတ်အခမ်းအနားသည် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးနှင့် သဟဇာတဖြစ်မှုကို မြှင့်တင်ရန်အတွက် အိန္ဒိယနိုင်ငံ၏ အတွေ့အကြုံများကို မျှဝေခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုခဲ့သည်။
အိန္ဒိယနိုင်ငံသည် ဟိန္ဒူဘာသာဝင်လူမျိုး (၁ ဒသမ ၁) ဘီလျံ၊ မွတ်ဆလင်လူမျိုး သန်း (၂၀၀)၊ ခရစ်ယာန်လူမျိုး သန်း (၃၀)၊ ဆစ်ခ်လူမျိုး သန်း (၂၀)၊ ဗုဒ္ဓဘာသာဝင်လူမျိုး (၁၀) သန်းနှင့် ဂျိန်းဘာသာဝင်လူမျိုး (၅) သန်းတို့ နေထိုင်ကြကြောင်း သိရသည်။
ထို့ပြင် အိန္နိယနိုင်ငံတွင် မတူညီသောတရားဝင်ဘာသာ စကား (၂၂)မျိုးရှိပြီး အိန္ဒိယပြည်နယ် သို့မဟုတ် ပြည်ထောင်စုနယ်မြေတိုင်းသည် ၎င်းတို့၏မိခင်ဘာသာစကားဖြင့် တရားဝင်စီးပွားရေးလုပ်ငန်းကို လုပ်ဆောင်နိုင်ကြောင်း သိရသည်။
zawgyi version
အိႏၵိယႏိုင္ငံ ပိုင္းျခားျခင္းအတြက္ ဝမ္းနည္းထိတ္လန႔္မႈမ်ား ေအာက္ေမ့ဖြယ္ရာေန႔ကို ျမန္မာႏိုင္ငံဆိုင္ရာ အိႏၵိယသံ႐ုံးတြင္ က်င္းပခဲ့
ေစာ (NP News) - ဩဂုတ္ ၁၅
အိႏၵိယႏိုင္ငံ ပိုင္းျခားျခင္းအတြက္ ဝမ္းနည္းထိတ္လန႔္မႈမ်ား ေအာက္ေမ့ဖြယ္ရာေန႔(Partition Horrors Remembrance Day)ကို ရန္ကုန္ၿမိဳ႕၊ ေက်ာက္တံတားၿမိဳ႕နယ္၊ ကုန္သည္လမ္းရွိ ျမန္မာႏိုင္ငံဆိုင္ရာ အိႏၵိယသံ႐ုံးတြင္ ယမန္ေန႔(ဩဂုတ္လ ၁၄ ရက္)က က်င္းပခဲ့ျခင္းျဖစ္သည္။
အဆိုပါအခမ္းအနားတြင္ အိႏၵိယႏိုင္ငံသံအမတ္ႀကီး H.E. Mr. Abhay Thakurက ပိုင္းျခားျခင္းအတြက္ ဝမ္းနည္းထိတ္လန႔္မႈမ်ား ေအာက္ေမ့ဖြယ္ရာေန႔တြင္ အိႏၵိယႏိုင္ငံ၏ ပိုင္းျခားမႈအတြင္း ႀကီးမားေသာအိုးမဲ့အိမ္မဲ့ျဖစ္မႈႏွင့္ အခက္အခဲမ်ားကို ႀကဳံေတြ႕ခဲ့ရေသာ လူမႈအသိုက္အဝန္းမ်ားႏွင့္ လူပုဂၢိဳလ္မ်ားကို အမွတ္ရၾကၿပီး အခက္အခဲမ်ားၾကားတြင္ ထူးထူးျခားျခား ခံႏိုင္ရည္ရွိသူမ်ားကိုလည္း ဂုဏ္ျပဳေၾကာင္း ေျပာၾကားခဲ့သည္။
အိႏၵိယႏိုင္ငံ၏ လူမႈစီးပြားဖြံ႕ၿဖိဳးတိုးတက္ေရးတြင္ အားလုံးပါဝင္ေရးႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈဆိုင္ရာ ခ်ဥ္းကပ္ပုံအား အိႏၵိယဝန္ႀကီးခ်ဳပ္၏ ေျပာၾကားခ်က္ျဖစ္ေသာ “အားလုံးႏွင့္အတူတူ၊ အားလုံးအတြက္ ဖြံ႕ၿဖိဳးတိုးတက္ေရး၊ အားလုံးကို ယုံၾကည္မႈႏွင့္ အားလုံးရဲ႕ ႀကိဳးစားအားထုတ္မႈ" ဆိုသည့္စကားရပ္ျဖင့္ ေဖာ္ျပႏိုင္ေၾကာင္း အိႏၵိယႏိုင္ငံသံအမတ္ႀကီးက ေျပာဆိုခဲ့သည္။
ထို႔ေၾကာင့္ အိႏၵိယ၏ ပိုင္းျခားမႈအေတြ႕အႀကဳံ ကြဲျပားမႈမ်ားကို လိုက္ေလ်ာ ညီေထြျဖစ္ေစရန္ႏွင့္ အဆိုပါအထိမ္းအမွတ္အခမ္းအနားသည္ ကမာၻလုံးဆိုင္ရာ ၿငိမ္းခ်မ္းေရးႏွင့္ သဟဇာတျဖစ္မႈကို ျမႇင့္တင္ရန္အတြက္ အိႏၵိယႏိုင္ငံ၏ အေတြ႕အႀကဳံမ်ားကို မွ်ေဝျခင္းျဖစ္ေၾကာင္း ၎ကဆက္လက္ေျပာဆိုခဲ့သည္။
အိႏၵိယႏိုင္ငံသည္ ဟိႏၵဴဘာသာဝင္လူမ်ိဳး (၁ ဒသမ ၁) ဘီလ်ံ၊ မြတ္ဆလင္လူမ်ိဳး သန္း (၂၀၀)၊ ခရစ္ယာန္လူမ်ိဳး သန္း (၃၀)၊ ဆစ္ခ္လူမ်ိဳး သန္း (၂၀)၊ ဗုဒၶဘာသာဝင္လူမ်ိဳး (၁၀) သန္းႏွင့္ ဂ်ိန္းဘာသာဝင္လူမ်ိဳး (၅) သန္းတို႔ ေနထိုင္ၾကေၾကာင္း သိရသည္။
ထို႔ျပင္ အိႏၷိယႏိုင္ငံတြင္ မတူညီေသာတရားဝင္ဘာသာ စကား (၂၂)မ်ိဳးရွိၿပီး အိႏၵိယျပည္နယ္ သို႔မဟုတ္ ျပည္ေထာင္စုနယ္ေျမတိုင္းသည္ ၎တို႔၏မိခင္ဘာသာစကားျဖင့္ တရားဝင္စီးပြားေရးလုပ္ငန္းကို လုပ္ေဆာင္ႏိုင္ေၾကာင္း သိရသည္။