ဂျပန်ဝန်ကြီးချုပ်ဖူမီယိုကီရှီဒါ ပါတီခေါင်းဆောင်ဥက္ကဋ္ဌနေရာကို မယှဉ်ပြိုင်တဲ့အတွက် ဝန်ကြီးချုပ်နေရာအပြောင်းအလဲဖြစ်လာဖွယ်ရှိနေ
474
ဂျန်ဇက် (NP News) - သြဂုတ် ၁၅
ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါဟာ ရာထူးက နုတ်ထွက်မယ်လို့ ကြေညာခဲ့ပြီးနောက်ပိုင်း ထောက်ခံမှုနှုန်းတွေ ကျဆင်းလာခဲ့တယ်လို့ သိရပါတယ်။ အသက် ၆၇ နှစ်အရွယ်ရှိ ကီရှီဒါဟာ ဝန်ကြီးချုပ်အဖြစ် သုံးနှစ်နီးပါးကြာ တာဝန်ယူခဲ့ပြီးနောက်ပိုင်း ဝန်ကြီးချုပ်အဖြစ် သက်တမ်းကုန်ဆုံးချိန်မှာ အနားယူမယ်လို့ ကြေညာခဲ့ပါတယ်။
ကီရှီဒါဟာ လာမယ့်လမှာ ကျင်းပမယ့် အာဏာရပါတီဖြစ်တဲ့ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ရွေးချယ်ပွဲကို ပါဝင်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် ဂျပန်အာဏာရပါတီဟာ လာမယ့် စက်တင်ဘာလအတွင်း ပါတီခေါင်းဆောင်အသစ်ကို ရွေးချယ်သွားမှာဖြစ်ပါတယ်။ ကီရှီဒါက ၎င်းရဲ့ပါတီဥက္ကဋ္ဌနေရာ ပါဝင်မယှဉ်ပြိုင်ခြင်း ဟာ ပါတီအတွင်း ကြီးမားတဲ့ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ လူသိရှင်ကြား ထုတ်ဖော်ပြသလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
၎င်းက "လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ အပြောင်းအလဲ လုပ်ဆောင်ဖို့ ပထမဆုံးခြေလှမ်းဟာ ပါတီဥက္ကဋ္ဌ ရွေးချယ်ပွဲမှာ ကျွန်တော် ပါဝင်မယှဉ်ပြိုင်ဖို့ ဖြစ်တယ်။ နိုင်ငံရေးဟာ အများပြည်သူယုံကြည်မှု မရှိဘူးဆိုရင် အဆုံးသတ်မှာပါ" လို့ ပြောပါတယ်။
လစ်ဘယ်ရယ်ဒီမိုကရက်တစ်ပါတီဟာ ဂျပန်နိုင်ငံရေးလောကမှာ နှစ်ပေါင်းများစွာကြာ စိုးမိုးထားတဲ့ ပါတီဖြစ်ရာ ကီရှီဒါက ပါတီဥက္ကဋ္ဌရွေးကောက်ပွဲကို ပါဝင်မယှဉ်ပြိုင်ခြင်းကြောင့် ဝန်ကြီးချုပ်အသစ်လည်း မကြာမီထွက်ပေါ်လာ ဖွယ် ရှိနေပါတယ်။
ကီရှီဒါ ဂျပန်ဝန်ကြီးချုပ်အဖြစ်တာဝန်ယူချိန်အတွင်း တောင်ကိုရီးယားနိုင်ငံနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်နိုင်ပေမယ့် ပါတီအတွင်းမှာတော့ငွေကြေးရန်ပုံငွေနဲ့ပတ်သက်ပြီး စီမံခန့်ခွဲမှုအမှားတွေ ရှိတယ်လို့ ဝေဖန်ပြစ်တင်ခံနေရပါတယ်။
Zawgyi Version;
ဂ်ပန္ဝန္ႀကီးခ်ဳပ္ဖူမီယိုကီရွီဒါ ပါတီေခါင္းေဆာင္ဥကၠ႒ေနရာကို မယွဥ္ၿပိဳင္တဲ့အတြက္ ဝန္ႀကီးခ်ဳပ္ေနရာအေျပာင္းအလဲျဖစ္လာဖြယ္ရွိေန
ဂ်န္ဇက္ (NP News) - ၾသဂုတ္ ၁၅
ဂ်ပန္ဝန္ႀကီးခ်ဳပ္ ဖူမီယိုကီရွီဒါဟာ ရာထူးက ႏုတ္ထြက္မယ္လို႔ ေၾကညာခဲ့ၿပီးေနာက္ပိုင္း ေထာက္ခံမႈႏႈန္းေတြ က်ဆင္းလာခဲ့တယ္လို႔ သိရပါတယ္။ အသက္ ၆၇ ႏွစ္အ႐ြယ္ရွိ ကီရွီဒါဟာ ဝန္ႀကီးခ်ဳပ္အျဖစ္ သုံးႏွစ္နီးပါးၾကာ တာဝန္ယူခဲ့ၿပီးေနာက္ပိုင္း ဝန္ႀကီးခ်ဳပ္အျဖစ္ သက္တမ္းကုန္ဆုံးခ်ိန္မွာ အနားယူမယ္လို႔ ေၾကညာခဲ့ပါတယ္။
ကီရွီဒါဟာ လာမယ့္လမွာ က်င္းပမယ့္ အာဏာရပါတီျဖစ္တဲ့ လစ္ဘရယ္ဒီမိုကရက္တစ္ပါတီဥကၠ႒ ေ႐ြးခ်ယ္ပြဲကို ပါဝင္ယွဥ္ၿပိဳင္မွာ မဟုတ္ဘူးလို႔ ဆိုပါတယ္။ ဒါေၾကာင့္ ဂ်ပန္အာဏာရပါတီဟာ လာမယ့္ စက္တင္ဘာလအတြင္း ပါတီေခါင္းေဆာင္အသစ္ကို ေ႐ြးခ်ယ္သြားမွာျဖစ္ပါတယ္။ ကီရွီဒါက ၎ရဲ႕ပါတီဥကၠ႒ေနရာ ပါဝင္မယွဥ္ၿပိဳင္ျခင္း ဟာ ပါတီအတြင္း ႀကီးမားတဲ့ျပဳျပင္ေျပာင္းလဲမႈေတြလုပ္ဖို႔ လူသိရွင္ၾကား ထုတ္ေဖာ္ျပသလိုက္တာျဖစ္တယ္လို႔ ဆိုပါတယ္။
၎က "လစ္ဘရယ္ဒီမိုကရက္တစ္ပါတီ အေျပာင္းအလဲ လုပ္ေဆာင္ဖို႔ ပထမဆုံးေျခလွမ္းဟာ ပါတီဥကၠ႒ ေ႐ြးခ်ယ္ပြဲမွာ ကြၽန္ေတာ္ ပါဝင္မယွဥ္ၿပိဳင္ဖို႔ ျဖစ္တယ္။ ႏိုင္ငံေရးဟာ အမ်ားျပည္သူယုံၾကည္မႈ မရွိဘူးဆိုရင္ အဆုံးသတ္မွာပါ" လို႔ ေျပာပါတယ္။
လစ္ဘယ္ရယ္ဒီမိုကရက္တစ္ပါတီဟာ ဂ်ပန္ႏိုင္ငံေရးေလာကမွာ ႏွစ္ေပါင္းမ်ားစြာၾကာ စိုးမိုးထားတဲ့ ပါတီျဖစ္ရာ ကီရွီဒါက ပါတီဥကၠ႒ေ႐ြးေကာက္ပြဲကို ပါဝင္မယွဥ္ၿပိဳင္ျခင္းေၾကာင့္ ဝန္ႀကီးခ်ဳပ္အသစ္လည္း မၾကာမီထြက္ေပၚလာ ဖြယ္ ရွိေနပါတယ္။
ကီရွီဒါ ဂ်ပန္ဝန္ႀကီးခ်ဳပ္အျဖစ္တာဝန္ယူခ်ိန္အတြင္း ေတာင္ကိုရီးယားႏိုင္ငံနဲ႔ ေကာင္းမြန္တဲ့ဆက္ဆံေရးတည္ေဆာက္ႏိုင္ေပမယ့္ ပါတီအတြင္းမွာေတာ့ေငြေၾကးရန္ပုံေငြနဲ႔ပတ္သက္ၿပီး စီမံခန႔္ခြဲမႈအမွားေတြ ရွိတယ္လို႔ ေဝဖန္ျပစ္တင္ခံေနရပါတယ္။