အာဖဂန်နစ္စတန်နိုင်ငံမှာ အမေရိကန်တပ်ဖွဲ့တွေ ပြန်ရုတ်သိမ်းတဲ့ သုံးနှစ်ပြည့် အခမ်းအနားတွေ ကျင်းပ

 619

ဂျန်ဇက် (NP News) - ဩဂုတ် ၁၅

တာလီဘန်အဖွဲ့တွေဟာ အာဖဂန်နစ္စတန်နိုင်ငံအတွင်းက အမေရိကန်တပ်ဖွဲ့တွေ ပြန်ရုတ်သိမ်းသွားတဲ့ သုံးနှစ်ပြည့်အခမ်းအနားကို ဘာဂရမ် လေဆိပ်မှာကျင်းပခဲ့တယ်လို့ သိရပါတယ်။

အမေရိကန်တပ်ဖွဲ့တွေဟာ အာဖဂန်နစ္စတန်နိုင်ငံမှာ နှစ်ပေါင်း(၂၀)ကျော်ကြာတပ်စွဲခဲ့ပြီး တာလီဘန်အုပ်စုတွေက အမေရိကန်တပ်ဖွဲ့တွေကို တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။ တာလီဘန်အဖွဲ့ဟာ ၂၀၂၁ ခုနှစ်၊ သြဂုတ် ၁၅ ရက်နေ့မှာ ကဘူးလ်မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရပါတယ်။ တာလီဘန်အဖွဲ့ဟာ လက်ရှိအချိန်မှာ အာဖဂန်နစ္စတန်နိုင်ငံကို ပြန်လည်အုပ်ချုပ်နိုင်ခဲ့ပြီး “Afghan Jihad” Victory Day, နေ့အဖြစ် သြဂုတ် ၁၅ ရက်နေ့ကို သတ်မှတ်ခဲ့ကြောင်း သိရပါတယ်။

အမေရိကန်တပ်ဖွဲ့တွေ အာဖဂန်နစ္စတန်နိုင်ငံအတွင်းကနေ အမေရိကန်တပ်ဖွဲ့တွေ နောက်ဆုံးထွက်ခဲ့တဲ့ သြဂုတ် ၃၁ ရက်နေ့မှာလည်း အောင်ပွဲခံအခမ်းအနားတွေ ဆက်လက်ကျင်းပသွားဖွယ်ရှိနေပါတယ်။ အဆိုပါ လေတပ်အခြေစိုက်စခန်းမှာပြုလုပ်တဲ့ စစ်ရေးပြအခမ်းအနားအောင်ပွဲနေ့မှာ တာလီဘန်အဖွဲ့တွေဟာ အမေရိကန်ထုတ် လက်နက်တွေ၊ ဆိုဗီယက်ထုတ်လက်နက်တွေကို ပြသခဲ့ကြောင်း သိရပါတယ်။ အမေရိကန်နိုင်ငံတပ်ဖွဲ့တွေ အာဖဂန်နစ္စတန်နိုင်ငံအတွင်းကနေ ဆုတ်ခွာခဲ့တဲ့အထိမ်းမှတ်နေ့အဖြစ်သတ်မှတ်ထားတဲ့ သြဂုတ် ၁၅ ရက်နေ့မှာပြုလုပ်တဲ့ စစ်ရေးပြအခမ်းအနားကို တာလီဘန်အဖွဲ့ခေါင်းဆောင်တွေအပြင် နိုင်ငံတကာသံတမန်တွေလည်းတက်ရောက်ခဲ့ပါတယ်။

အမေရိကန်ဟာ 9/11 တိုက်ခိုက်ခံရမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အာဖဂန်နစ္စတန်နိုင်ငံကို ၂၀၀၁ ခုနှစ်မှာ အမေရိကန်စစ်သားတွေကို အာဖဂန်နစ္စတန်
နိုင်ငံကိုစေလွှတ်ခဲ့ပြီး အယ်ကိုင်ဒါနဲ့ အခြားဂျီဟတ်စစ်သွေးကြွတွေကိုတိုက်ခိုက်ဖို့ ကြိုးပမ်းခဲ့ပါတယ်။

zawgyi version
အာဖဂန္နစၥတန္ႏိုင္ငံမွာ အေမရိကန္တပ္ဖြဲ႕ေတြ ျပန္႐ုတ္သိမ္းတဲ့ သုံးႏွစ္ျပည့္အခမ္းအနားေတြ က်င္းပ
ဂ်န္ဇက္ (NP News) - ဩဂုတ္ ၁၅

တာလီဘန္အဖြဲ႕ေတြဟာ အာဖဂန္နစၥတန္ႏိုင္ငံအတြင္းက အေမရိကန္တပ္ဖြဲ႕ေတြ ျပန္႐ုတ္သိမ္းသြားတဲ့ သုံးႏွစ္ျပည့္အခမ္းအနားကို ဘာဂရမ္ ေလဆိပ္မွာက်င္းပခဲ့တယ္လို႔ သိရပါတယ္။

အေမရိကန္တပ္ဖြဲ႕ေတြဟာ အာဖဂန္နစၥတန္ႏိုင္ငံမွာ ႏွစ္ေပါင္း(၂၀)ေက်ာ္ၾကာတပ္စြဲခဲ့ၿပီး တာလီဘန္အုပ္စုေတြက အေမရိကန္တပ္ဖြဲ႕ေတြကို တိုက္ခိုက္တာေတြ လုပ္ေဆာင္ခဲ့ေၾကာင္း သိရပါတယ္။ တာလီဘန္အဖြဲ႕ဟာ ၂၀၂၁ ခုႏွစ္၊ ၾသဂုတ္ ၁၅ ရက္ေန႔မွာ ကဘူးလ္ၿမိဳ႕ကို ျပန္လည္သိမ္းပိုက္ႏိုင္ခဲ့ေၾကာင္းသိရပါတယ္။ တာလီဘန္အဖြဲ႕ဟာ လက္ရွိအခ်ိန္မွာ အာဖဂန္နစၥတန္ႏိုင္ငံကို ျပန္လည္အုပ္ခ်ဳပ္ႏိုင္ခဲ့ၿပီး “Afghan Jihad” Victory Day, ေန႔အျဖစ္ ၾသဂုတ္ ၁၅ ရက္ေန႔ကို သတ္မွတ္ခဲ့ေၾကာင္း သိရပါတယ္။

အေမရိကန္တပ္ဖြဲ႕ေတြ အာဖဂန္နစၥတန္ႏိုင္ငံအတြင္းကေန အေမရိကန္တပ္ဖြဲ႕ေတြ ေနာက္ဆုံးထြက္ခဲ့တဲ့ ၾသဂုတ္ ၃၁ ရက္ေန႔မွာလည္း ေအာင္ပြဲခံအခမ္းအနားေတြ ဆက္လက္က်င္းပသြားဖြယ္ရွိေနပါတယ္။ အဆိုပါ ေလတပ္အေျခစိုက္စခန္းမွာျပဳလုပ္တဲ့ စစ္ေရးျပအခမ္းအနားေအာင္ပြဲေန႔မွာ တာလီဘန္အဖြဲ႕ေတြဟာ အေမရိကန္ထုတ္ လက္နက္ေတြ၊ ဆိုဗီယက္ထုတ္လက္နက္ေတြကို ျပသခဲ့ေၾကာင္း သိရပါတယ္။ အေမရိကန္ႏိုင္ငံတပ္ဖြဲ႕ေတြ အာဖဂန္နစၥတန္ႏိုင္ငံအတြင္းကေန ဆုတ္ခြာခဲ့တဲ့အထိမ္းမွတ္ေန႔အျဖစ္သတ္မွတ္ထားတဲ့ ၾသဂုတ္ ၁၅ ရက္ေန႔မွာျပဳလုပ္တဲ့ စစ္ေရးျပအခမ္းအနားကို တာလီဘန္အဖြဲ႕ေခါင္းေဆာင္ေတြအျပင္ ႏိုင္ငံတကာသံတမန္ေတြလည္းတက္ေရာက္ခဲ့ပါတယ္။

အေမရိကန္ဟာ 9/11 တိုက္ခိုက္ခံရမႈျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း အာဖဂန္နစၥတန္ႏိုင္ငံကို ၂၀၀၁ ခုႏွစ္မွာ အေမရိကန္စစ္သားေတြကို အာဖဂန္နစၥတန္
ႏိုင္ငံကိုေစလႊတ္ခဲ့ၿပီး အယ္ကိုင္ဒါနဲ႔ အျခားဂ်ီဟတ္စစ္ေသြးႂကြေတြကိုတိုက္ခိုက္ဖို႔ ႀကိဳးပမ္းခဲ့ပါတယ္။

Related news

© 2021. All rights reserved.