ပြည်ပသို့အလုပ်သွားရောက်လုပ်ကိုင်ပါက (PJ)အမျိုးအစားမှတ်ပုံတင်ကို ကိုင်ဆောင်ကြရန် အလုပ်သမားဝန်ကြီးဌာန တိုက်တွန်း

 2561

ယွန်း (NP News) - သြဂုတ် ၁၅

ပြည်ပသို့အလုပ်သွားရောက်လုပ်ကိုင်ပါက (PJ)အမျိုးအစားမှတ်ပုံတင်ကို ကိုင်ဆောင်ကြရန် အလုပ်သမား ဝန်ကြီးဌာန၏ သြဂုတ်(၁၄)ရက် ထုတ်ပြန်ချက်တွင် ထည့်သွင်းထုတ်ပြန်ထားသည်။

ပြည်ပသို့အလုပ်လုပ်ကိုင်ရန်အတွက် သွားရောက်မည့်သူများသည် နိုင်ငံကူးလက်မှတ်အမျိုးအစားကို အလုပ်အကိုင်အတွက်ထုတ်ပေးသည့်(PJ) အမျိုးအစား လျှောက်ထားရန် လိုအပ်ခြင်းကြောင့် ဝန်ကြီးဌာနတွင် မဖြစ်မနေမှတ်ပုံတင်၍ ပြည်ပသို့သွားရောက်လုပ်ကိုင်ရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော် ယခုအခါ ပြည်ပနိုင်ငံများသို့ အလည်ဗီဇာဖြင့် သွားရောက်လည်ပတ်နိုင်ရန်ထုတ်ပေးသည့်(PV) အမျိုးအစားကိုင်ဆောင်သူများသည် အလည်အတွက်မဟုတ်ဘဲ အလုပ်အကိုင်ဗီဇာများ လျှောက်ထားရယူပြီး ပြည်ပသို့ သွားရောက်လုပ်ကိုင်မှုများလည်း ရှိနေသည်။
ထိုသို့သွားရောက်မှုများကြောင့် ပြည်ပတွင် အခက်အခဲပြဿနာတစ်စုံတစ်ရာပေါ်ပေါက်ပါက ကူညီဖြေရှင်း ဆောင်ရွက်ပေးရန် အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း အလုပ်သမားဝန်ကြီးဌာနက ဆိုထားသည်။

ထို့ကြောင့် နိုင်ငံကူးလက်မှတ်(PV) အမျိုးအစားကိုင်ဆောင်၍ အလုပ်အကိုင်ဗီဇာများ လျှောက်ထားရယူပြီး ပြည်ပသို့ထွက်ခွာရာတွင် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ နယ်စပ်ဂိတ်များမှ စိစစ်တားမြစ်ခြင်းများခံရပါက မလိုလားအပ်သည့် ဆုံးရှုံးမှုများမဖြစ်စေရန်အတွက် ပြည်ပသို့သွားရောက်ရန် ရည်ရွယ်ထားပါက နိုင်ငံကူး လက်မှတ်စတင်လျှောက်ထားရာတွင် PJ အမျိုးအစားကို လျှောက်ထားရယူရန် အလုပ်သမားဝန်ကြီးဌာနတွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်ပအလုပ်သမားအဖြစ် မှတ်ပုံတင်ပြီး OWIC လျှောက်ထားရယူကာ တရားဝင်သွားရောက်လုပ်ကိုင်ရန် ဝန်ကြီးဌာနက အသိပေးထားသည်။

ပြည်ပနိုင်ငံများသို့ အကြောင်းအမျိုးမျိုးဖြင့် သွားရောက်နိုင်ရန်အတွက် လျှောက်ထားရမည့် နိုင်ငံကူးလက်မှတ် အမျိုးအစားများမှာ အလည် (PV)၊ အလုပ် (PJ)၊ ပညာသင် (PE)၊ စီးပွားရေး (PB)၊ ဘာသာရေး (PR)၊ မှီခို (PT) နှင့် သင်္ဘောသား(PS) ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ထည့်သွင်းထုတ်ပြန်ထားသည်။

Zawgyi Version;
ျပည္ပသို႔အလုပ္သြားေရာက္လုပ္ကိုင္ပါက (PJ)အမ်ိဳးအစားမွတ္ပုံတင္ကို ကိုင္ေဆာင္ၾကရန္ အလုပ္သမားဝန္ႀကီး ဌာန တိုက္တြန္း
ယြန္း (NP News) - ၾသဂုတ္ ၁၅

ျပည္ပသို႔အလုပ္သြားေရာက္လုပ္ကိုင္ပါက (PJ)အမ်ိဳးအစားမွတ္ပုံတင္ကို ကိုင္ေဆာင္ၾကရန္ အလုပ္သမား ဝန္ႀကီးဌာန၏ ၾသဂုတ္(၁၄)ရက္ ထုတ္ျပန္ခ်က္တြင္ ထည့္သြင္းထုတ္ျပန္ထားသည္။

ျပည္ပသို႔အလုပ္လုပ္ကိုင္ရန္အတြက္ သြားေရာက္မည့္သူမ်ားသည္ ႏိုင္ငံကူးလက္မွတ္အမ်ိဳးအစားကို အလုပ္အကိုင္အတြက္ထုတ္ေပးသည့္(PJ) အမ်ိဳးအစား ေလွ်ာက္ထားရန္ လိုအပ္ျခင္းေၾကာင့္ ဝန္ႀကီးဌာနတြင္ မျဖစ္မေနမွတ္ပုံတင္၍ ျပည္ပသို႔သြားေရာက္လုပ္ကိုင္ရန္ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

သို႔ေသာ္ ယခုအခါ ျပည္ပႏိုင္ငံမ်ားသို႔ အလည္ဗီဇာျဖင့္ သြားေရာက္လည္ပတ္ႏိုင္ရန္ထုတ္ေပးသည့္(PV) အမ်ိဳးအစားကိုင္ေဆာင္သူမ်ားသည္ အလည္အတြက္မဟုတ္ဘဲ အလုပ္အကိုင္ဗီဇာမ်ား ေလွ်ာက္ထားရယူၿပီး ျပည္ပသို႔ သြားေရာက္လုပ္ကိုင္မႈမ်ားလည္း ရွိေနသည္။
ထိုသို႔သြားေရာက္မႈမ်ားေၾကာင့္ ျပည္ပတြင္ အခက္အခဲျပႆနာတစ္စုံတစ္ရာေပၚေပါက္ပါက ကူညီေျဖရွင္း ေဆာင္႐ြက္ေပးရန္ အခက္အခဲမ်ားႏွင့္ ႀကဳံေတြ႕ေနရေၾကာင္း အလုပ္သမားဝန္ႀကီးဌာနက ဆိုထားသည္။

ထို႔ေၾကာင့္ ႏိုင္ငံကူးလက္မွတ္(PV) အမ်ိဳးအစားကိုင္ေဆာင္၍ အလုပ္အကိုင္ဗီဇာမ်ား ေလွ်ာက္ထားရယူၿပီး ျပည္ပသို႔ထြက္ခြာရာတြင္ အျပည္ျပည္ဆိုင္ရာ ေလဆိပ္၊ နယ္စပ္ဂိတ္မ်ားမွ စိစစ္တားျမစ္ျခင္းမ်ားခံရပါက မလိုလားအပ္သည့္ ဆုံးရႈံးမႈမ်ားမျဖစ္ေစရန္အတြက္ ျပည္ပသို႔သြားေရာက္ရန္ ရည္႐ြယ္ထားပါက ႏိုင္ငံကူး လက္မွတ္စတင္ေလွ်ာက္ထားရာတြင္ PJ အမ်ိဳးအစားကို ေလွ်ာက္ထားရယူရန္ အလုပ္သမားဝန္ႀကီးဌာနတြင္ လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ ျပည္ပအလုပ္သမားအျဖစ္ မွတ္ပုံတင္ၿပီး OWIC ေလွ်ာက္ထားရယူကာ တရားဝင္သြားေရာက္လုပ္ကိုင္ရန္ ဝန္ႀကီးဌာနက အသိေပးထားသည္။

ျပည္ပႏိုင္ငံမ်ားသို႔ အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ သြားေရာက္ႏိုင္ရန္အတြက္ ေလွ်ာက္ထားရမည့္ ႏိုင္ငံကူးလက္မွတ္ အမ်ိဳးအစားမ်ားမွာ အလည္ (PV)၊ အလုပ္ (PJ)၊ ပညာသင္ (PE)၊ စီးပြားေရး (PB)၊ ဘာသာေရး (PR)၊ မွီခို (PT) ႏွင့္ သေဘၤာသား(PS) ျဖစ္ေၾကာင္း အလုပ္သမားဝန္ႀကီးဌာနက ထည့္သြင္းထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.