ဇနီးသည်ရဲ့ပုံတူရုပ်တုကို ပန်းခြံထဲ ထုလုပ်ပေးထားတဲ့ Meta CEO မက်ခ်ဇူကာဘတ်

 3967

ရောင်နီ (NP News) - သြဂုတ် ၁၆

Meta အမှုဆောင်အရာရှိချုပ် မက်ခ်ဇူကာဘတ်ဟာ သူ့ရဲ့ချစ်လှစွာသော ဇနီးဖြစ်သူ ပရီစ်စီလာချန်းရဲ့ ပုံတူရုပ်ထုကို အိမ်ရဲ့ပန်းခြံထဲမှာ ထုလုပ်ပေးထားပါတယ်။ အဲဒီရုပ်တုကို အင်စတာဂရမ်မှာ ဩဂုတ်လ ၁၄ ရက်က ပိုစ့်တင်ခဲ့ပြီးနောက် လူတွေရဲ့ချီးကျူးမှု၊ စိတ်ဝင်စားမှုအများအပြား ရရှိခဲ့ပါတယ်။

အင်စတာဂရမ် ပုံထဲမှာ ငွေရောင်၊ အပြာရောင် ရောနှောပြီး အမြင့် ၂.၁ မီတာရှိတဲ့ ရုပ်တုနဲ့ ဘေးမှာ ကော်ဖီ သောက်နေတဲ့ မစ္စပရီစ်စီလာချန်းကို တွေ့ရပါတယ်။ အဆိုပါရုပ်တုဟာ အမေရိကန် ခေတ်ပြိုင် အနုပညာရှင် ဒယ်နီ ရယ်လ် အာရှန်ရဲ့လက်ရာဖြစ်ပြီး ရိုမန်ရိုးရာဓလေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ထုလုပ်ထားခြင်းဖြစ်တယ်လို့ သူ့ရဲ့ အင်စတာဂရမ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

ရိုမန်ဓလေ့မှာ ကွယ်လွန်သူတွေကို ဂုဏ်ပြုဖို့ (သို့မဟုတ်) ထင်ရှားတဲ့ဆွေမျိုးတွေကို ရည်ညွှန်းတဲ့ ရုပ်တုတွေကို အိမ်ခြံဝန်းထဲမှာ ထုလုပ်ကြလေ့ရှိပါတယ်။ မက်ခ်ဇူကာဘတ်နဲ့ မစ္စချန်းတို့ဟာ ၂၀၁၂ ခုနှစ်က လက်ထပ်ခဲ့တာဖြစ်ပြီး ဒီနေ့ထိအတွင်း သားသမီး ရတနာ ၃ ဦး ထွန်းကားခဲ့ပြီဖြစ်ပါတယ်။

Zawgyi Version;
ဇနီးသည္ရဲ႕ပုံတူ႐ုပ္တုကို ပန္းၿခံထဲ ထုလုပ္ေပးထားတဲ့ Meta CEO မက္ခ္ဇူကာဘတ္
ေရာင္နီ (NP News) - ၾသဂုတ္ ၁၆

Meta အမႈေဆာင္အရာရွိခ်ဳပ္ မက္ခ္ဇူကာဘတ္ဟာ သူ႔ရဲ႕ခ်စ္လွစြာေသာ ဇနီးျဖစ္သူ ပရီစ္စီလာခ်န္းရဲ႕ ပုံတူ႐ုပ္ထုကို အိမ္ရဲ႕ပန္းၿခံထဲမွာ ထုလုပ္ေပးထားပါတယ္။ အဲဒီ႐ုပ္တုကို အင္စတာဂရမ္မွာ ဩဂုတ္လ ၁၄ ရက္က ပိုစ့္တင္ခဲ့ၿပီးေနာက္ လူေတြရဲ႕ခ်ီးက်ဴးမႈ၊ စိတ္ဝင္စားမႈအမ်ားအျပား ရရွိခဲ့ပါတယ္။

အင္စတာဂရမ္ ပုံထဲမွာ ေငြေရာင္၊ အျပာေရာင္ ေရာေႏွာၿပီး အျမင့္ ၂.၁ မီတာရွိတဲ့ ႐ုပ္တုနဲ႔ ေဘးမွာ ေကာ္ဖီ ေသာက္ေနတဲ့ မစၥပရီစ္စီလာခ်န္းကို ေတြ႕ရပါတယ္။ အဆိုပါ႐ုပ္တုဟာ အေမရိကန္ ေခတ္ၿပိဳင္ အႏုပညာရွင္ ဒယ္နီ ရယ္လ္ အာရွန္ရဲ႕လက္ရာျဖစ္ၿပီး ႐ိုမန္႐ိုးရာဓေလ့ကို ဂုဏ္ျပဳတဲ့အေနနဲ႔ ထုလုပ္ထားျခင္းျဖစ္တယ္လို႔ သူ႔ရဲ႕ အင္စတာဂရမ္မွာ ေရးသားေဖာ္ျပခဲ့ပါတယ္။

႐ိုမန္ဓေလ့မွာ ကြယ္လြန္သူေတြကို ဂုဏ္ျပဳဖို႔ (သို႔မဟုတ္) ထင္ရွားတဲ့ေဆြမ်ိဳးေတြကို ရည္ၫႊန္းတဲ့ ႐ုပ္တုေတြကို အိမ္ၿခံဝန္းထဲမွာ ထုလုပ္ၾကေလ့ရွိပါတယ္။ မက္ခ္ဇူကာဘတ္နဲ႔ မစၥခ်န္းတို႔ဟာ ၂၀၁၂ ခုႏွစ္က လက္ထပ္ခဲ့တာျဖစ္ၿပီး ဒီေန႔ထိအတြင္း သားသမီး ရတနာ ၃ ဦး ထြန္းကားခဲ့ၿပီျဖစ္ပါတယ္။

Related news

© 2021. All rights reserved.