ကျောက်ကပ်လှူဒါန်းသူနှင့် အစားထိုးကုသမှုခံယူသူကြား သွေးသားတော် စပ်မှုမရှိပါက တရားရုံးကျမ်းကျိန်လွှာ ပူးတွဲတင်ပြရန် ညွှန်ကြားချက်ထုတ်

 3874

စော(NP News) - ဩဂုတ် ၁၆

ကျောက်ကပ်လှူဒါန်းသူနှင့် အစားထိုးကုသမှု ခံယူသူကြား သွေးသားတော်စပ်မှုမရှိပါက တရားရုံး ကျမ်းကျိန်လွှာ ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

ကိုယ်အင်္ဂါအစိတ်အပိုင်းလှူဒါန်းခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၃၀၊ ပုဒ်မခွဲ (ခ)အရ ကျောက်ကပ်လှူဒါန်းခြင်းနှင့် ကျောက်ကပ်အစားထိုးကုသခြင်းနှင့် စပ်လျဉ်း၍ ဝန်ကြီးဌာနက အထက်ပါညွှန်ကြားချက်ကို ထုတ်ပြန်ထားခြင်းဖြစ်သည်။

အဆိုပါညွှန်ကြားချက်တွင် ပြည်သူဆေးရုံများအနေဖြင့် ကျောက်ကပ်လှူဒါန်းသူနှင့် ကျောက်ကပ် အစားထိုးကုသမှုခံယူသူတို့သည် သွေးသားရင်းအုပ်စု သို့မဟုတ် သွေးချင်းစပ်အုပ်စု သို့မဟုတ် သွေးမစပ် အုပ်စုဖြစ်ပါက သက်ဆိုင်ရာဆေးရုံကျင့်ဝတ်ဆိုင်ရာ လုပ်ငန်းအဖွဲ့၏ သဘောထားမှတ်ချက်ရယူပြီး ကော်မတီ၏ အတည်ပြုဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်ရမည်ဖြစ် ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ကျောက်ကပ်လှူဒါန်းသူနှင့် ကျောက်ကပ်အစားထိုးကုသမှုခံယူသူတို့သည် သွေးမစပ် အုပ်စုဖြစ်ပါက သက်ဆိုင်ရာမြို့နယ်တရားသူကြီး ရှေ့မှောက်တွင် ကျမ်းကျိန်ထားသော လှူဒါန်းသူ၏ ကျမ်းကျိန်လွှာနှင့် အစားထိုးခွဲစိတ်ကုသမှုခံယူသူ၏ ကျမ်းကျိန်လွှာများ ပူးတွဲပါရှိရမည်ဖြစ်ကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။

"အရင်က ကျောက်ကပ်လှူတဲ့လူနဲ့ အလှူခံ တဲ့လူရဲ့ သဘောတူပါတယ်ဆိုတဲ့ consent လေးပဲ ကျန်းမာရေးဝန်ကြီးဌာနအောက်က ခွင့်ပြုထားတဲ့ ဆေးရုံတွေမှာ လုပ်ကြတယ်။ ပြီးတော့ သက်ဆိုင်ရာ ကော်မတီအဆင့်ဆင့်ကို တင်ပြတယ်။ အဲဒီလိုအဆင့်ဆင့်လုပ်ရာကနေ ကျွန်တော်ထင်တာတော့ အငြင်းပွားမှုတွေ ရှိလာပုံရတယ်။ သွေးမတော်သား မစပ်လူတွေက လှူတဲ့အလှူတွေမှာ သဘောတူတယ်။ မတူဘူး။ ငွေရေးကြေးရေးကိစ္စတွေ ပါလာပုံရတယ်လို့ ကျွန်တော်မြင်တယ်။ အဲဒါကြောင့်မို့ သူက ကျမ်းကျိန် ရမယ်ဆိုပြီး ပါလာတာဖြစ်မယ်။ ကျွန်တော်မြင်တာက တော့ တရားပိုဝင်သွားတဲ့ဟာဖြစ်သွားတာပေါ့။ procedureတော့ နည်းနည်းရှုပ်သွားပေမယ့် နောက် ပိုင်းဒီဟာက တရားရုံးကို ကျမ်းကျိန်ထားတာ ဖြစ်တဲ့ အတွက် official ဖြစ်မှု၊legal ဖြစ်မှုက ပိုသာသွား တာပေါ့"ဟု ကာကွယ်ရေးနှင့် အပူပိုင်းဆေးပညာမှ အထူးကုသမားတော် ဒေါက်တာပြည့်ထူးက NP News ဂျာနယ်ကိုပြောသည်။

အလားတူ ကျောက်ကပ်အစားထိုး ကုသခြင်းပြု ရန် ကျန်းမာရေးဝန်ကြီး ဌာနကခွင့်ပြုထားသည့်ပုဂ္ဂလိကဆေးရုံများအနေဖြင့်လည်း ကျောက်ကပ်လှူ ဒါန်းသူနှင့် ကျောက်ကပ်အစားထိုး ကုသမှုခံယူသူတို့ သည် သွေးသားရင်းအုပ်စု သို့မဟုတ် သွေးချင်းစပ် အုပ်စု သို့မဟုတ် သွေးမစပ်အုပ်စုဖြစ်ပါက သက် ဆိုင်ရာ ပုဂ္ဂလိကဆေးရုံကျင့်ဝတ်ဆိုင်ရာလုပ်ငန်းအဖွဲ့၏သဘောထားမှတ်ချက်ဖြင့် ကိုယ်အင်္ဂါအစိတ်အပိုင်း အရည်အသွေးစစ်ဆေးရေးအဖွဲ့မှတစ်ဆင့် ကော်မတီသို့တင်ပြ၍ ကော်မတီ၏အတည်ပြု ဆုံး ဖြတ်ချက် ဖြင့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ အစားထိုးခံယူရာတွင် သွေးမစပ်အုပ်စုဖြစ်ပါက သက်ဆိုင်ရာမြို့နယ်တရားသူကြီးရှေ့ မှောက်တွင် ကျမ်းကျိန်ထားသော လှူဒါန်းသူ၏ ကျမ်းကျိန်လွှာနှင့် အစားထိုးခွဲစိတ်ကုသမှုခံယူသူ၏ ကျမ်းကျိန်လွှာများ ပူးတွဲပါရှိရမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။

zawgyi version
ေက်ာက္ကပ္လႉဒါန္းသူႏွင့္ အစားထိုးကုသမႈခံယူသူၾကား ေသြးသားေတာ္ စပ္မႈမရွိပါက တရား႐ုံးက်မ္းက်ိန္လႊာ ပူးတြဲတင္ျပရန္ ၫႊန္ၾကားခ်က္ထုတ္
ေစာ(NP News) - ဩဂုတ္ ၁၆

ေက်ာက္ကပ္လႉဒါန္းသူႏွင့္ အစားထိုးကုသမႈ ခံယူသူၾကား ေသြးသားေတာ္စပ္မႈမရွိပါက တရား႐ုံး က်မ္းက်ိန္လႊာ ပူးတြဲတင္ျပရမည္ျဖစ္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။

ကိုယ္အဂၤါအစိတ္အပိုင္းလႉဒါန္းျခင္းဆိုင္ရာ ဥပေဒပုဒ္မ ၃၀၊ ပုဒ္မခြဲ (ခ)အရ ေက်ာက္ကပ္လႉဒါန္းျခင္းႏွင့္ ေက်ာက္ကပ္အစားထိုးကုသျခင္းႏွင့္ စပ္လ်ဥ္း၍ ဝန္ႀကီးဌာနက အထက္ပါၫႊန္ၾကားခ်က္ကို ထုတ္ျပန္ထားျခင္းျဖစ္သည္။

အဆိုပါၫႊန္ၾကားခ်က္တြင္ ျပည္သူေဆး႐ုံမ်ားအေနျဖင့္ ေက်ာက္ကပ္လႉဒါန္းသူႏွင့္ ေက်ာက္ကပ္ အစားထိုးကုသမႈခံယူသူတို႔သည္ ေသြးသားရင္းအုပ္စု သို႔မဟုတ္ ေသြးခ်င္းစပ္အုပ္စု သို႔မဟုတ္ ေသြးမစပ္ အုပ္စုျဖစ္ပါက သက္ဆိုင္ရာေဆး႐ုံက်င့္ဝတ္ဆိုင္ရာ လုပ္ငန္းအဖြဲ႕၏ သေဘာထားမွတ္ခ်က္ရယူၿပီး ေကာ္မတီ၏ အတည္ျပဳဆုံးျဖတ္ခ်က္ျဖင့္ ေဆာင္႐ြက္ရမည္ျဖစ္ ေၾကာင္း ေဖာ္ျပထားသည္။

ထို႔ျပင္ ေက်ာက္ကပ္လႉဒါန္းသူႏွင့္ ေက်ာက္ကပ္အစားထိုးကုသမႈခံယူသူတို႔သည္ ေသြးမစပ္ အုပ္စုျဖစ္ပါက သက္ဆိုင္ရာၿမိဳ႕နယ္တရားသူႀကီး ေရွ႕ေမွာက္တြင္ က်မ္းက်ိန္ထားေသာ လႉဒါန္းသူ၏ က်မ္းက်ိန္လႊာႏွင့္ အစားထိုးခြဲစိတ္ကုသမႈခံယူသူ၏ က်မ္းက်ိန္လႊာမ်ား ပူးတြဲပါရွိရမည္ျဖစ္ေၾကာင္းလည္း က်န္းမာေရးဝန္ႀကီးဌာနက ဆိုသည္။

"အရင္က ေက်ာက္ကပ္လႉတဲ့လူနဲ႔ အလႉခံ တဲ့လူရဲ႕ သေဘာတူပါတယ္ဆိုတဲ့ consent ေလးပဲ က်န္းမာေရးဝန္ႀကီးဌာနေအာက္က ခြင့္ျပဳထားတဲ့ ေဆး႐ုံေတြမွာ လုပ္ၾကတယ္။ ၿပီးေတာ့ သက္ဆိုင္ရာ ေကာ္မတီအဆင့္ဆင့္ကို တင္ျပတယ္။ အဲဒီလိုအဆင့္ဆင့္လုပ္ရာကေန ကြၽန္ေတာ္ထင္တာေတာ့ အျငင္းပြားမႈေတြ ရွိလာပုံရတယ္။ ေသြးမေတာ္သား မစပ္လူေတြက လႉတဲ့အလႉေတြမွာ သေဘာတူတယ္။ မတူဘူး။ ေငြေရးေၾကးေရးကိစၥေတြ ပါလာပုံရတယ္လို႔ ကြၽန္ေတာ္ျမင္တယ္။ အဲဒါေၾကာင့္မို႔ သူက က်မ္းက်ိန္ ရမယ္ဆိုၿပီး ပါလာတာျဖစ္မယ္။ ကြၽန္ေတာ္ျမင္တာက ေတာ့ တရားပိုဝင္သြားတဲ့ဟာျဖစ္သြားတာေပါ့။ procedureေတာ့ နည္းနည္းရႈပ္သြားေပမယ့္ ေနာက္ ပိုင္းဒီဟာက တရား႐ုံးကို က်မ္းက်ိန္ထားတာ ျဖစ္တဲ့ အတြက္ official ျဖစ္မႈ၊legal ျဖစ္မႈက ပိုသာသြား တာေပါ့"ဟု ကာကြယ္ေရးႏွင့္ အပူပိုင္းေဆးပညာမွ အထူးကုသမားေတာ္ ေဒါက္တာျပည့္ထူးက NP News ဂ်ာနယ္ကိုေျပာသည္။

အလားတူ ေက်ာက္ကပ္အစားထိုး ကုသျခင္းျပဳ ရန္ က်န္းမာေရးဝန္ႀကီး ဌာနကခြင့္ျပဳထားသည့္ပုဂၢလိကေဆး႐ုံမ်ားအေနျဖင့္လည္း ေက်ာက္ကပ္လႉ ဒါန္းသူႏွင့္ ေက်ာက္ကပ္အစားထိုး ကုသမႈခံယူသူတို႔ သည္ ေသြးသားရင္းအုပ္စု သို႔မဟုတ္ ေသြးခ်င္းစပ္ အုပ္စု သို႔မဟုတ္ ေသြးမစပ္အုပ္စုျဖစ္ပါက သက္ ဆိုင္ရာ ပုဂၢလိကေဆး႐ုံက်င့္ဝတ္ဆိုင္ရာလုပ္ငန္းအဖြဲ႕၏သေဘာထားမွတ္ခ်က္ျဖင့္ ကိုယ္အဂၤါအစိတ္အပိုင္း အရည္အေသြးစစ္ေဆးေရးအဖြဲ႕မွတစ္ဆင့္ ေကာ္မတီသို႔တင္ျပ၍ ေကာ္မတီ၏အတည္ျပဳ ဆုံး ျဖတ္ခ်က္ ျဖင့္ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ အစားထိုးခံယူရာတြင္ ေသြးမစပ္အုပ္စုျဖစ္ပါက သက္ဆိုင္ရာၿမိဳ႕နယ္တရားသူႀကီးေရွ႕ ေမွာက္တြင္ က်မ္းက်ိန္ထားေသာ လႉဒါန္းသူ၏ က်မ္းက်ိန္လႊာႏွင့္ အစားထိုးခြဲစိတ္ကုသမႈခံယူသူ၏ က်မ္းက်ိန္လႊာမ်ား ပူးတြဲပါရွိရမည္ျဖစ္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထား သည္။

Related news

© 2021. All rights reserved.